Connect with us

Africa & Middle East

နယ်စပ်ဒုက္ခသည်အရေး သုံးသပ်ရန် ဥရောပကော်မရှင် ပညာရှင်အဖွဲ့ ဘီလာရုဇ်နိုင်ငံသို့ ရောက်ရှိ

ဘီလာရုဇ်-ပိုလန် နယ်စပ် ဘီလာရုဇ်နိုင်ငံဘက်အခြမ်းတွင် စားသောက်စရာများ ယူရန်စောင့်ဆိုင်းနေသည့် ဒုက္ခသည်များအား နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မင့်စ်ခ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဘီလာရုဇ်နှင့် ဥရောပသမဂ္ဂ တွေ့ဆုံသည့်သဘောတူညီချက်အရ ဥရောပကော်မရှင်အဖွဲ့ သည် နိုဝင်ဘာ ၂၂ ရက်တွင် ဘီလာရုဇ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဘီလာရုဇ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများအတူ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဘီလာရုဇ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Anatoly Glazက ယင်းနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါပညာရှင်အဖွဲ့သည် နယ်စပ်ဒုက္ခသည်အခြေအနေကို သုံးသပ်သွားမည် ဖြစ်ကြောင်း ဆိုသည်။

ဒုက္ခသည်အရေးပြဿနာများအား ဖြေရှင်းရေးအတွက် လုပ်ဆောင်ချက်များကို ဘီလာရုဇ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဥရောပသမဂ္ဂသို့ မိတ်ဆက်ပြောကြားခဲ့ရာ ဒုက္ခသည်များအား ယာယီခိုလုံရေးစခန်းသို့ ရွှေ့ပြောင်းရေး၊ လိုအပ်သည့် ဆေးဝါးကုသမှုအကူအညီပေး‌ရေး၊ ကုသမဂ္ဂစသည့်နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရေး စသည့်တို့ ပါဝင်ကြောင်း သိရသည်။

နယ်စပ် ဒုက္ခသည်အရေး နှင့်ပတ်သက်၍ ဘီလာရုဇ်အား ပြစ်တင်ခြင်းက အဓိပ္ပါယ်မဲ့ကြောင်း ဘီလာရုဇ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပြပြောကြားခဲ့သည်။

အချို့အိမ်နီချင်းနိုင်ငံများက ဒုက္ခသည်များအပေါ်ဆက်ဆံသည့်နည်းလမ်းသည် နိုင်ငံတကာဥပဒေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒကို ချိုးဖောက်သလို ဥရောပသမဂ္ဂသို့ ဒုက္ခသည်များမဝင်ရောက်လာစေရန် တားဆီးရာတွင် ပို၍ ကြမ်းတမ်းသည့်နည်းလမ်းများကို သုံးခဲ့ကြောင်း၊ ဒုက္ခသည်များ ဥရောပတိုက်သို့ သွားရောက်နေမှုကို ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေကြရန် လိုအပ်ကြောင်း ဘီလာရုဇ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်အကြား ဒုက္ခသည်အရေးကိစ္စအား ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနေ့တွင်ပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဒေသရုံး ညွှန်ကြားရေးမှူးHans Kluge က ဘီလာရုဇ်နယ်စပ် ဒုက္ခသည်နေရာချထားသည့်ဧရိယာသို့ ရောက်ရှိပြီး အကဲဖြတ်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ Hans Kluge က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ‌ ဒုက္ခသည်များအတွက်ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆေးကုသမှုအထောက်အပံ့ပစ္စည်းများ နိုဝင်ဘာ ၂၅ ရက်တွင် ဘီလာရုဇ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ဆိုသည်။

ဘီလာရုဇ်သမ္မတ လူကာရှင်ကိုက ၎င်းနှင့်ဂျာမနီအိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် သဘောတူညီမှု ရရှိထားပြီဖြစ်ရာ ဥရောပသမဂ္ဂအနေဖြင့် ဒုက္ခသည်အရေး ဖြေရှင်းရန်စဉ်စားနေကြောင်း ၊ သို့သော်လည်း ဒုက္ခသည်အရေး သည် ဘီလာရုဇ်နှင့်ညှိနှိုင်းဖြေရှင်းရန် ဥရောပသမဂ္ဂဘက်မှ တာဝန်ခံဆက်သွယ်သူ မပေါ်လာသေးကြောင်း ယင်းနေ့တွင် ပြောကြားခဲ့သည်။ ဥရောပမဂ္ဂအနေဖြင့် ဒုက္ခသည်အရေးကို ဖြေရှင်းဖို့ မျှော်လင့်ရာတွင် ဒုက္ခသည်များအား ဂျာမနီသို့ အမြန်ဆုံး သွားရောက်စေနိုင်ဖို့ဖြစ်ပြီး ဘီလာရုဇ်ဆောင်ရွက်နိုင်သည့် ဒုက္ခသည်စားဝတ်နေရေးနှင့်ဆေးကုသမှုအကူအညီကို ဖြေရှင်းပေးရန်အတွက် မဟုတ်ကြောင်း ဆိုသည်။

ယခုကာလများတွင် ထောင်နှင့်ချီသော ဒုက္ခသည်များ ဘီလာရုဇ်မှတစ်ဆင့် ပိုလန်၊ လစ်သူယေးနီးယားစသည့် ဥရောပသမဂ္ဂနိုင်ငံများမှတစ်ဆင့် အနောက်ဥရောပသို့ သွားရောက်ရန် ကြိုးပမ်းလျက်ရှိရာ ၎င်းတို့အနက် အများစုမှာ အရှေ့အလယ်ပိုင်းဒေသမှလာခြင်းဖြစ်ကြောင်း သိရသည်။ ပိုလန်စသည့် နိုင်ငံများက နယ်စပ် ထိန်းချုပ်မှုများအား မောင်းတင်ဆောင်ရွက်လျက်ရှိပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများအား တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ခြင်းများကြောင့် ဒုက္ခသည်အစုလိုက်အပြုံလိုက် နယ်စပ်တွင် သောင်တင်နေကြောင်း သိရသည်။ ယခုအကျပ်အတည်းကို ဘီလာရုဇ်က စီမံခြင်းဖြစ်ပြီး ဥရောပသမဂ္ဂက ထိုမတိုင်မီက ဘီလာရုဇ်အပေါ် ပိတ်ဆို့သည့် လုပ်ဆောင်ချက်ကို လက်တုန့်ပြန်ရန်အတွက် ထိုသို့ ဆောင်ရွက်ခြင်းကြောင်း ပိုလန်စသည့်နိုင်ငံများက အပြစ်တင်ပြောကြားခဲ့သည်။ ထိုပိတ်ဆို့မှုများကြောင့် ဒုက္ခသည်ပြုံဆင်းလာမှုကို ထိန်းချုပ်၍မရခြင်းဖြစ်ကြောင်း ဘီလာရုဇ်က တုန့်ပြန်ပြောကြားခဲ့သည်။ (Xinhua)

………………………………………….
(Chinese Version)
(国际)欧盟委员会专家组抵达白俄罗斯评估边境难民情况
2021-11-23 10:27:46
新华社明斯克11月22日电(记者鲁金博)白俄罗斯外交部发言人格拉兹22日说,根据白俄罗斯与欧盟接触达成的协议,欧盟委员会专家组当天抵达白俄罗斯,并与白外交部和相关国际组织举行会谈。专家组将评估边境难民情况。
白俄罗斯外交部向欧盟方面介绍了白方为缓解边境难民问题所做的工作,包括将难民转移至临时收容所、提供必要医疗救助、与联合国等国际组织合作等。白外交部指出,对于白俄罗斯制造边境难民问题的指责是荒谬的。
白外交部表示,某些邻国对待难民的方式违反国际法和人道主义原则,甚至使用暴力手段阻止难民进入欧盟,必须寻找难民前往欧洲的解决方法。
会谈后,双方表示将继续就边境难民问题保持沟通。
当天,世界卫生组织欧洲区域办事处主任汉斯•克鲁格抵达白俄罗斯边境难民安置区,评估难民情况。克鲁格表示,世卫组织为难民提供的人道主义医疗物资将于25日运抵白俄罗斯。
白俄罗斯总统卢卡申科同日表示,他与德国看守政府总理默克尔达成的共识,是考虑在欧盟层面解决难民问题,但欧盟方面负责与白俄罗斯协调解决难民问题的联系人却迟迟不露面。他表示,希望欧盟解决难民问题,让难民尽快赶往德国,而不是来解决白俄罗斯能处理的难民温饱以及医疗救助问题。
近期,数以千计难民试图从白俄罗斯进入波兰、立陶宛等欧盟国家,最终前往西欧,其中多数人来自中东。波兰等国强化边境管控,严防非法入境,导致大量移民滞留边境。波兰等国指责白俄罗斯策划这场危机,以此报复欧盟先前对白施加的制裁。白方则表示,制裁使白俄罗斯无法控制移民流入。(完)
图说1:11月19日,难民在白俄罗斯与波兰边境白方一侧等待领取食物。 新华社/白通社