Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဗလီတစ်ခု တိုက်ခိုက်ခံရမှုအတွင်း လူ ၁၁ ဦး သေဆုံး

အဘူဂျာ ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Katsina ပြည်နယ် Batsali မြို့နယ်ရှိ ဗလီတစ်ခုအား အမည်မသိ စစ်သွေးကြွလက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၁၁ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၀ ရက်တွင် အတည်ပြုခဲ့သည်။Katsina ပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Gambo Issa က စစ်သွေးကြွလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့သည် နို၀င်ဘာ ၉ ရက် ညနေပိုင်းကKatsina ပြည်နယ် Batsali မြို့နယ်ရှိ ဗလီတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဝတ်ပြုနေသော လူအုပ်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လူအများအပြား သေဆုံးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး စစ်သွေးကြွများကို ရှာဖွေလျက်ရှိကြောင်း သိရသည်။ မကြာသေးမီလများအတွင်း နိုင်ဂျီးရီးယားနိုင်ငံတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူအသေအပျောက်အများအပြားရှိခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————-
(Chinese Version)

(国际)尼日利亚西北部一清真寺遭袭11人死亡
新华社阿布贾11月10日电(记者郭骏)尼日利亚警方10日证实,尼西北部卡齐纳州一个小镇的清真寺9日遭到不明身份的武装分子袭击,造成11人死亡、8人受伤。   卡齐纳州警方发言人甘博•伊萨在新闻发布会上说,一伙武装分子9日傍晚闯入卡齐纳州巴察里镇一个清真寺,朝正在做祷告的人群开枪,造成多人伤亡。 警方已就袭击事件展开调查,并启动对武装分子的追捕行动。   近几个月来,尼日利亚连续发生武装袭击事件,造成大量人员伤亡。 (完)