Connect with us

Africa & Middle East

နိုင်ဂျီးရီးယား၌ စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသူ ၇၆ ဦးထိ ရှိလာ

မေလ ၂၇ ရက်၌ လူများ နိုင်ဂျီးရီးယားနိုင်ငံ Kebbi တွင် စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသူများအား သယ်ယူနေစဉ် (ဓာတ်ပုံ-Xinhua/Reuters)

အဘူဂျာ ၊ မေ ၃၀ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယား နိုင်ငံအစိုးရ၏ မေလ ၂၉ ရက်ထုတ်ပြန်ကြေညာချက်အရ နိုင်ငံအနောက်မြောက်ပိုင်းတွင် မေ ၂၆ ရက်က ဖြစ်ပွားခဲ့သော စက်လှေတိမ်းမှောက်မှုအတွင်း သေဆုံးသူအရေအတွက်သည် ၇၆ ဦးထိ ရောက်ရှိလာပြီး လူပေါင်း ၂၀ ကျော်ကို ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Kebbi ပြည်နယ်အစိုးရ၏ မေ ၂၉ ရက်ထုတ်ပြန်ကြေညာချက်အရ Niger ပြည်နယ်မှ Kebbi ပြည်နယ်သို့ မောင်းနှင်လာသော စက်လှေတစ်စင်းသည် မေ ၂၆ ရက်က နိုင်ဂျာမြစ်အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ၊ လက်ရှိအချိန်အထိ လူပေါင်း ၂၀ ကျော်ကို ကယ်တင်ပေးနိုင်ခဲ့ပြီး သေဆုံးသူပေါင်း ၇၆ ဦး၏ ရုပ်လောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆိုသည်။ Kebbi ပြည်နယ်အပ်ချုပ်ရေးမှူး က ပြည်သူများ အနေဖြင့် စက်လှေဖြင့် ခရီးသွားလာရာတွင် ရေပေါ်လိုက်နာရမည့် လုံခြုံရေးစည်းမျဉ်းများကို လိုက်နာသွားရန် နှင့် အသက်နှင့်ပိုင်ဆိုင်မှုဆုံးရှုံးစေနိုင်သော အန္တရာယ်များသည့် ဆောင်ရွက်မှုများကို ရှောင်ရှားရန် တိုက်တွန်းခဲ့သည်။ သတင်းအချက်အလက်များအရ အခင်းဖြစ်ပွားသည့် စက်လှေပေါ်တွင် လူပေါင်း ၁၅၀ ဦး တင်ဆောင်ခဲ့ကြောင်း ၊ လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

နိုင်ဂျီးရီးယားနိုင်ငံ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ယခုအကြိမ် စက်လှေ မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအရင်းမှာ ဝန်ပိုတင်ဆောင်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ဝန်ပိုတင်ဆောင်ခြင်း ၊ ရာသီဥတုဆိုးရွားခြင်း နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ချက် မပြည့်စုံခြင်းကြောင့် နိုင်ဂျီးရီးယားနိုင်ငံတွင် စက်လှေတိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားခဲ့ရသည်။ မေလ၈ ရက်ကလည်း Niger ပြည်နယ်၌ ဖြစ်ပွားသည့် စက်လှေတိမ်းမှောက်မှုကြောင့် လူပေါင်း အနည်းဆုံး ၂၈ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(社会)尼日利亚沉船事故死亡人数升至76人
2021-05-29 23:44:06 分类: 社会
新华社阿布贾5月29日电(记者郭骏)尼日利亚当地政府29日说,尼西北部26日发生的沉船事故致死人数已升至76人,另有20多人获救。
尼日利亚西北部凯比州政府当天发布声明说,一艘从尼日尔州驶往凯比州的渡船26日在尼日尔河上失事沉没,目前,救援人员已救出20多人,打捞出76具遇难者遗体。该州州长巴古杜呼吁民众乘船出行时遵守水上交通安全规范,避免可能导致生命财产损失的危险行为。据悉,该船搭载150人,目前救援工作仍在继续。
尼日利亚媒体此前援引当地官员的话报道说,此次事故是船只超载所致。
由于超载、恶劣天气及安全措施不到位等原因,尼日利亚时常发生沉船事故。5月8日,该国尼日尔州发生一起沉船事故,造成至少28人死亡。(完)

Photo
5月27日,人们在尼日利亚凯比搬运沉船事故遇难者的遗体。 新华社/路透