Connect with us

COVID-19 UPDATES

နိုင်ငံ အများအပြားတွင် ကပ်ရောဂါ အဖန်တလဲလဲဖြစ်ပွားနေခြင်းကြောင့် စီးပွားရေး ပြန်လည်ရှင်သန်ရန်အတွက် မသေချာမရေရာမှုများ ထပ်မံတိုးပွားလာ

ကနေဒါနိုင်ငံ အွန်တေးရီးယိုးပြည်နယ်Toronto Pearsonအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နှားခေါင်းစည်းတပ်ဆင်ထားသော ပြည်ဝင်ခွင့်ရခရီးသွားများက ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရေးဂိတ်သို့ သွားရောက်နေသည်ကို နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီကရွန်း(omicron)ပေါ်ထွက်လာမှုက ဘက်ပေါင်းစုံ ရုတ်ရုတ်သဲသဲဖြစ်စေရာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်ရှင်သန်းရေးအတွက် မသေချာမရေရာမှုအသစ်များ ထပ်တိုးစေခဲ့သည်။

ကိုဗစ်ကပ်ရောဂါ စသည့် အကြောင်းရင်း အထပ်ထပ်၏သက်ရောက်မှုများကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက ဘဏ္ဍာရေးဈေးကွက် လှုပ်လှုပ်သဲသဲဖြစ်ခဲ့ကြောင်း သိရသည်။ ဥရောပတိုက် စတော့ဈေးကွက် တစ်လျှောက်လုံး ထိုးကျသွားခဲ့သလို စီးပွားရေးတိုးတက်မှုအပေါ် ဖိအားများနှင့် လောင်စာဆီလိုအပ်ချက်လျော့နည်းခြင်း၏ စိုးရိမ်မှုများကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပေးပို့မည့် လန်ဒန် Brent ရေနံစိမ်းဈေးနှုန်းနှင့် New York Mercantile Exchange၏ အပေါ့စားရေနံစိမ်း ဈေးနှုန်း များစွာ ကျဆင်းသွားပြီး ကြေးနီ၊ ချည်၊ ကော်ဖီနှင့်ပြောင်းဖူးအပါအဝင် ကုန်ပစ္စည်းအမျိုးအစားများစွာ ဈေးနှုန်းနှုန်းကျခဲ့သည်။

တောင်ဘက် အာဖရိကနိုင်ငံများ၏ လေကြောင်းနှင့်ခရီးသွားဝင်ရောက်မှုအပေါ် ဦးတည်သည့် ကန့်သတ်မှု နည်းလမ်းများကို နိုင်ငံနှင့်ဒေသအများအပြားက ဆက်တိုက်ထုတ်ပြန်ခြင်း သို့မဟုတ် ထုတ်ပြန်ရန် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သည် ၁၂ ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို မူလက နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၃ ရက်တွင် ကျင်းပမည့် အစီအစဉ်အား နောက်သို့ရွှေ့ဆိုင်းရန် ပြီးခဲ့သည့်ရက်ပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။

လက်ရှိ သန္ဓပြောင်းဗိုင်းရပ်စ်အသစ်၏ ကပ်ရောဂါအခြေအနေတစ်ရပ်လုံးအပေါ်သက်ရောက်မှုက ရှင်းရှင်းလင်းလင်းမသိရသေးပေ။ သုံးသပ်သူအချို့က အကယ်၍ အိုမီကရွန်း(omicron) လျင်မြန်စွာ ပြန့်နှံ့ခဲ့ပါက ထောက်ပို့ရေးကွင်းဆက် အကျပ်အတည်းကို ပို၍ ဆိုးဝါးစေနိုင်ရာ ကပ်ရောဂါလှိုင်းသစ်တွင် ဘေးကျပ်နံကျပ်ဖြစ်နေသည့် ဥရောပစီးပွားရေးအတွက် ပြန်လည်ရှင်သန်ရန်အလားအလာ ပို၍ အချိုးအကွေ့အခက်အခဲများနိုင်ကြောင်း ယူဆကြသည်။

ကပ်ရောဂါ အဖန်တလဲလဲ ဖြစ်ပွားခြင်းသည် ဗြိတိန်၏ငွေကြေးမူဝါဒအလားအလာကို အရိပ်မည်းကျစေနိုင်ကြောင်း ဗြိတိန် ပညာရှင်အဖွဲ့ အောက်စဖို့ဒ် စီးပွားရေးသုတေသနဌာနက ဆိုသည်။

သန္ဓေပြောင်းကိုရိုနာဗိုင်းရပ်စ်သစ်ပြန့်ပွားမှုကြောင့် လက်ရှိ လုပ်သားအင်အားလိုအပ်မှုအခြေအနေ ပို၍ ဆိုးဝါးလာနိုင်မှုအပေါ် စိုးရိမ်ကြောင်း Capital Economics၏ စီးပွားရေးပညာရှင် Neil Shearingက ဆိုသည်။ ရေနံဈေးနှုန်းမြင့်မား ကျဆင်းမှုမရှိခြင်းကြောင့် အမေရိကန်နိုင်ငံသည် နိုင်ငံအများအပြားနှင့်ပူးတွဲ၍ သိုလှောင်ထားသည့် ရေနံစိမ်းများလွှတ်ပေးမည်ဟု ကြေညာခဲ့သော်လည်း ဈေးကွက်အခြေအနေ ပြောင်းလဲမှုမရှိသေး၊ ရေနံတင်ပို့သော နိုင်ငံများ အသင်း(OPEC)က အနာဂတ်တွင် လစဉ်ထုတ်လုပ်မှုအစီအစဉ်အား တိုးမြှင့်ဆောင်ရွက်ရန်ရှိမရှိနှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ အခြေအနေအပြောင်းအလဲများက ဈေးကွက်လူပုဂ္ဂိုလ်များအတွက် အကျပ်အတည်းဖြစ်စေသလို ရေနံတင်ပို့သော နိုင်ငံများ အသင်း(OPEC)၏ မူဝါဒဆုံးဖြတ်မှုအတွက် စမ်းသပ်မှုအသစ်ဖြစ်စေသည်။

သန္ဓေပြောင်း အိုမီကရွန်း(omicron)ဗိုင်းရပ်စ် ဖြစ်နိုင်ခြေရှိသည့် ခြိမ်းခြောက်မှုများက နိုင်ငံအများအပြားရှိ ဗဟိုဘဏ်များ၏ အတိုးနှုန်းထပ်တိုးအစီအစဉ်ကို အခြေအနေများ ပို၍ရှင်းရှင်းလင်းလင်းဖြစ်လာသည်အထိ ရွှေ့ဆိုင်းရန် စဉ်းစားမှုဖြစ်စေနိုင်သည်ဟု သုံးသပ်သူအချို့က စိုးရိမ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chines Version)
(经济)多国疫情反复 经济复苏再添不确定性
2021-11-29 11:16:01
新华社北京11月29日电《经济参考报》29日刊登周武英的文章《多国疫情反复经济复苏再添不确定性》。文章摘要如下:
新冠变异病毒奥密克戎毒株的出现搅动各方神经,给全球经济复苏增添新的不确定性。
受新冠疫情等多重因素影响,金融市场日前发生震荡。欧洲三大股市全线大跌;出于对经济增长承压和燃料需求缩减的担忧,2022年1月交货的伦敦布伦特原油期货价格与纽约商品交易所轻质原油期货价格大幅下跌;包括铜、棉花、咖啡和玉米在内的大宗商品出现大跌。
多个国家或地区陆续发布或准备出台针对南部非洲国家航班和旅客的入境限制措施。世贸组织日前决定推迟原定于11月30日至12月3日举行的第12届部长级会议。
目前,关于新毒株对整体疫情的影响仍不明朗。分析人士认为,如果奥密克戎毒株扩散较快,将进一步加剧供应链紧张,对正受新一波疫情困扰的欧洲经济来说,复苏前景将更加曲折。
英国智库牛津经济研究院称,疫情反复可能给英国货币政策前景蒙上阴影。凯投国际宏观经济咨询公司经济学家尼尔•希林担心,新毒株加速传播可能导致当前劳动力短缺状况更加严峻。
由于油价居高不下导致通胀处于高位,美国联合多国宣布释放原油储备,但市场仍不为所动,欧佩克等产油国即将召开会议讨论未来是否提高每月增产计划。局势的变化让市场人士措手不及,也给欧佩克决策带来新的考量因素。
一些分析人士担心,奥密克戎毒株可能带来的威胁会使多国央行推迟考虑加息计划,直到情况更为明朗。(完)

图说1:11月28日,在加拿大安大略省多伦多皮尔逊国际机场,戴口罩的入境旅客前往新冠病毒检测站。新华社发(邹峥摄)