Connect with us

China

နှင်းဒဏ်လေဒဏ်များကြားတွင် အဆင့်မြင့် ရထားလမ်းဆီးနှင်းဖယ်ရှားရေးယာဉ် လုပ်ငန်းစတင်

လုပ်ငန်းလုပ်ဆောင်သူများက အဆင့်မြင့် ရထားလမ်း ဆီးနှင်းဖယ်ရှားရေးယာဉ်ကို စစ်ဆေးနေသည် ကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှင်းကျန်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဆောင်းရာသီကာလတွင် တရုတ်နိုင်ငံ၊ ရှင်းကျန်းဒေသရှိ Keta ရထားလမ်း (Karamay-Tacheng မြို့) ၊ Tiechanggou ဘူတာမှ Horjit ဘူတာများကြားတွင် နှင်းဒဏ်လေဒဏ်ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိရာ ရထာလမ်းပေါ်တွင် ဆီးနှင်းများ ဖုံးအုပ်ကာ နှင်းခဲများဖြစ်ပေါ်လေ့ရှိပြီး ရထားသွားလာမှုကို ထိခိုက်စေကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်မှစတင်၍ China Railway Urumqi Bureau Group Co., Ltd. ၏ Altay အခြေခံအဆောက်အဦဆိုင်ရာ Tiechanggou ပြုပြင်ထိန်းသိမ်းရေးအဖွဲ့သည် နောက်ဆုံးပေါ် အဆင့်မြှင့်ထားသည့် အလွန်အေးခဲသောရထားလမ်းကြောင်း ဆီးနှင်းဖယ်ရှားရေးယာဉ်ကို အသုံးပြုပြီး ဆီးနှင်းဖယ်ရှားခြင်းလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆင့်မြင့် ရထားလမ်း ဆီးနှင်းဖယ်ရှားရေးယာဉ်က ရထားလမ်းပေါ်ရှိ ဆီးနှင်းများကို ဖယ်ရှားနေသည်ကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လုပ်ငန်းလုပ်ဆောင်သူများက ဆီးနှင်းဖယ်ရှားခြင်းလုပ်ငန်းကို ပြီးမြောက်ပြီးနောက် ဘူတာရုံသို့ ပြန်ရန် ပြင်ဆင်နေသည်ကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လုပ်ငန်းခွင်အပိုင်းတွင် ဆီးနှင်းများကိုရှင်းလင်းနေသော အဆင့်မြင့် ရထားလမ်း ဆီးနှင်းဖယ်ရှားရေးယာဉ်ကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဤဆီးနှင်းဖယ်ရှားရေးယာဉ်သည် အပူချိန် အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်တွင် အလုပ်လုပ်နိုင်ပြီး မြန်နှုန်းမြင့် ဆီးနှင်းဖယ်ရှားခြင်း၊ ဆီးနှင်းခဲများခွဲခြင်း၊ နှင်းများ လှည်းကျင်းခြင်း၊ ဆီးနှင်းမှုတ်ထုတ်ခြင်းနှင့် ရထားလမ်းဆွဲအား စသည်တို့ပေါင်းစပ်ထားသောယာဉ်ဖြစ်ကြောင်း၊ ထူထပ်ရှုပ်ထွေးသောဆီးနှင်းဖုံးအုပ်မှု အခြေအနေများကို ရှင်းလင်းရာတွင် ပိုမိုလွယ်ကူ ထိရောက်မှုရှိပြီး Keta ရထားလမ်း အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် အာမခံကြောင်း သိရသည်။(Xinhua)

………………………………
(Chinese Version)
风雪中,升级版极寒轨道除雪车出动了!

新华社照片,塔城(新疆),2021年12月16日
进入冬季,位于新疆克塔铁路(克拉玛依市—塔城市)铁厂沟站至霍尔吉特站区间经常出现风吹雪现象,容易导致铁路线积雪板结,影响列车运行。12月10日以来,中国铁路乌鲁木齐局集团有限公司阿勒泰基础设施段铁厂沟维修工队运用刚配发的升级版极寒轨道除雪车,持续在这一区间进行清雪作业。这种除雪车能在零下40摄氏度工作,集高速扫雪、碎板结、抛雪、推铲雪、吹雪和轨道牵引功能于一体,清扫复杂积雪效率大大提高,有效保障克塔铁路畅通。
图说1-作业人员在检查升级版极寒轨道除雪车滚刷式抛雪机(12月14日摄)。新华社发(摆风亮 摄)
图说2-升级版极寒轨道除雪车在铁路线上清雪(12月14日摄)。新华社发(摆风亮 摄)
图说 3-作业人员完成除雪作业后准备乘车返回驻地(12月14日摄)。新华社发(摆风亮 摄)
图说4-升级版极寒轨道除雪车在作业区段工作(12月14日摄)。新华社发(摆风亮 摄)