Connect with us

Africa & Middle East

ပါလက်စတိုင်း-အစ္စရေး အရှေ့ဂျေရုဆလင်တွင် ပဋိပက္ခဖြစ်ပွား၊ ပါလက်စတိုင်း ၁၇ ဦး ဒဏ်ရာရရှိ

ဂျေရုဆလင်မြို့ဟောင်း ဒမတ်စကပ်စ်ဂိတ်အနီးတွင် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များအား အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလင်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းလူထုနှင့် အစ္စရေးရဲတပ်ဖွဲ့ဝင်များအကြား အောက်တိုဘာ ၁၉ ရက်က အရှေ့ဂျေရုဆလင်ရှိ ဂျေရုဆလင်မြို့ဟောင်း ဒမတ်စကပ်စ်ဂိတ်အနီးတွင် ပဋိပက္ခဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂျေရုဆလင်မြို့ဟောင်း ဒမတ်စကပ်စ်ဂိတ်အနီးတွင် အစ္စရေးရဲတပ်ဖွဲ့ဝင်များ ပါလက်စတိုင်းလူထုအား လူစုခွဲနေသည်ကို အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလင်မြို့ဟောင်း ဒမတ်စကပ်စ်ဂိတ်အနီးတွင် အစ္စရေးရဲတပ်ဖွဲ့ဝင်များဖမ်းဆီးထားသည့် ပါလက်စတိုင်း တစ်ဦးအား အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလင်မြို့ဟောင်း ဒမတ်စကပ်စ်ဂိတ်အနီးတွင် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များအား အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အောက်တိုဘာ ၁၉ ရက်သည် အစ္စလာမ်ဘာသာ၏ အရေးကြီးပွဲတော်ဖြစ်သည့် တမန်တော်မိုဟာမတ်၏ မွေးနေ့ပွဲတော်ဖြစ်ရာ ပါလက်စတိုင်း လူထုက ဒမတ်စကပ်စ်ဂိတ်အနီးတွင် အခမ်းအနားပြုလုပ်ခဲ့ကြသည်။ ထိုကာလတွင် ပါလက်စတိုင်းများက အစ္စရေးရဲတပ်ဖွဲ့နှင့် ဖြတ်သန်းသွားလာသည့် ဘတ်စ်ကားများသို့ ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ရာ အစ္စရေး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခဲ့ကြောင်း သိရသည်။

ပဋိပက္ခကြောင့် ပါလက်စတိုင်း ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၁၀ ဦးကို ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားကြောင်း ပါလက်စတိုင်း လခြမ်းနီအသင်း (PRCS) က ဆိုသည်။ အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ Magen David Adom က အစ္စရေးဘက်မှ ဘတ်စ်ကားယာဉ်မောင်းတစ်ဦးနှင့် ခရီးသည်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားရာတွင် သံသယရှိသူ ၂၂ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း အစ္စရေးရဲတပ်ဖွဲ့၏ ကြေညာချက်၌ ဖော်ပြထားသည်။

ပါလက်စတိုင်း-အစ္စရေးနှစ်ဖက်ပဋိပက္ခများ ဒမတ်စကပ်စ်ဂိတ်အနီးတွင် နေ့စဉ်ရက်ဆက် မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိရာ ပါလက်စတိုင်းဒါဇင်နှင့်ချီ အဖမ်းခံခဲ့ရကြောင်း အစ္စရေးမီဒီယာများက ပြောကြားခဲ့သည်။

ဂျေရုဆလင်၏မြေနေရာသည် ပါလက်စတိုင်းနှင့် အစ္စရေးအကြား စေ့စပ်ညှိနှိုင်းရေး၏အဓိက အကြောင်းအရာတစ်ခုဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင် အရှေ့ဂျေရုဆလင်ကို အစ္စရေးသိမ်းပိုက်ပြီးနောက် ဂျေရုဆလင်တစ်ခုလုံးကို “ထာဝရ ခွဲ၍မရသည့်မြို့တော်” ဟု တစ်ဖက်သတ်ကြေညာခဲ့သလို ပါလက်စတိုင်းကလည်း ၁၉၆၇ ခုနှစ် နယ်နမိတ်ကို အခြေပြုပြီး အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ်နှင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံအဖြစ် တောင်းဆိုခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
巴以在东耶路撒冷爆发冲突 17名巴勒斯坦人受伤
2021-10-20 10:14:49
新华社耶路撒冷10月19日电(记者尚昊 吕迎旭)巴勒斯坦民众19日与以色列警方在位于东耶路撒冷的耶路撒冷老城大马士革门附近发生冲突,导致17名巴勒斯坦人受伤。
19日是伊斯兰教重要节日“圣纪节”,众多巴勒斯坦民众聚集在大马士革门附近举行庆祝活动。其间,有巴勒斯坦人向以色列警方及过往公交车辆投掷石块,以色列警方则发射催泪瓦斯等将其驱散。
巴勒斯坦红新月组织表示,冲突造成17名巴勒斯坦人受伤,其中10人送医治疗。以色列急救组织“红色大卫盾”说,以方有一名公交车司机和一名乘客受伤。以色列警方发表声明说,警方已逮捕22名嫌疑人。
据以色列媒体报道,连日来巴以双方在大马士革门附近的冲突时有发生,数十名巴勒斯坦人被逮捕。
耶路撒冷地位问题是巴以和谈的关键之一。以色列在1967年占领东耶路撒冷后,单方面宣称整个耶路撒冷是其“永久、不可分割的首都”,而巴方则要求建立以1967年边界为基础、以东耶路撒冷为首都的独立的巴勒斯坦国。

图说1:10月19日,以色列警方在耶路撒冷老城大马士革门附近执勤。新华社发(穆阿马尔•阿瓦德摄)
图说2:10月19日,在耶路撒冷老城大马士革门附近,以色列警方驱赶巴勒斯坦民众。新华社发(穆阿马尔•阿瓦德摄)
图说3:10月19日,在耶路撒冷老城大马士革门附近,以色列警方抓捕一名巴勒斯坦人。新华社发(穆阿马尔•阿瓦德摄)
图说4:10月19日,以色列警方在耶路撒冷老城大马士革门附近执勤。新华社发(穆阿马尔•阿瓦德摄)