Connect with us

Europe

ပိုလန်-ဘီလာရုဇ် နယ်စပ် ဒုက္ခသည်အကျပ်အတည်းသည် ရုရှားနှင့် အနည်းငယ်မျှ မသက်ဆိုင်ကြောင်း သမ္မတ ပူတင် ပြောကြား

ပိုလန်နယ်စပ်နှင့်ကပ်လျက်တည်ရှိသော ဘီလာရုဇ်နိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ပိုလန်ဘက်အခြမ်းရှိ စစ်သားများက ငေးကြည့်နေသည့် ကလေးငယ် ၂ ဦး အား နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

လက်ရှိ ပိုလန်-ဘီလာရုဇ် နယ်စပ် ဒုက္ခသည်အကျပ်အတည်းသည် ရုရှားနိုင်ငံနှင့် အနည်းငယ်မျှ မသက်ဆိုင်ကြောင်း ရုရှားသမ္မတ ပူတင်က နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ပိုလန်နယ်စပ်နှင့်ကပ်လျက်ရှိသော ဘီလာရုဇ်နိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုတွင် မီးလှုံရန်အတွက် သစ်သားများ သယ်ယူနေကြသည်ကို နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပိုလန်နယ်စပ်နှင့်ကပ်လျက်ရှိသော ဘီလာရုဇ်နိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုအား နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနှင့် လက်ရှိ ပိုလန်-ဘီလာရုဇ် နယ်စပ် ဒုက္ခသည်အကျပ်အတည်း အနည်းငယ်မျှ မသက်ဆိုင်ကြောင်း၊ ၎င်းမှာ ရုရှားကို ပြစ်တင်စွပ်စွဲလိုသူ၏ တာဝန်ရှောင်လွှဲ ပြန်လည်အပြစ်တင် ပြောဆိုမှုသာဖြစ်ကြောင်း ပူတင်က ယင်းနေ့ Channel One Russiaရုပ်သံမှ ထုတ်လွှင့်သည့် အစီအစဉ်တစ်ခု၌ ပြောကြားခဲ့သည်။

ပိုလန်-ဘီလာရုဇ် နယ်စပ် ဒုက္ခသည်အကျပ်အတည်းကို မီဒီယာများမှတစ်ဆင့် သိရှိရကြောင်း၊ ထိုမတိုင်မီ ၎င်းနှင့် ဘီလာရုဇ်သမ္မတ လူကာသျှင်ကို ကြားတွင် ယင်းအရေးကိစ္စအပေါ် ဆွေးနွေးမှုမရှိခဲ့ကြောင်း ၊ ဒုက္ခသည်အကျပ်အတည်း ဖြစ်ပွားပြီးနောက် ၎င်းနှင့်လူကာသျှင်ကို ဖုန်းနှစ်ကြိမ်ဆက်သွယ်ပြောဆိုမှုရှိခဲ့ကြောင်း သမ္မတ ပူတင်က ဆိုသည်။

ထိုနေ့မနက်အစောပိုင်းတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss က ပိုလန်၊ ဘီလာရုဇ် နယ်စပ်ဒုက္ခသည်အကျပ်အတည်းသည် “တမင်အစီအစဉ်ရေးဆွဲထားသည့် အကျပ်အတည်း”ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းမှာ ထိုမှတစ်ဆင့် ဘီလာရုဇ်အစိုးရ၏ ”လူ့အခွင့်အရေးချိုးဖောက်မှု”စသည့် လုပ်ဆောင်ချက်များကို အာရုံလွှဲရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။ ပိုလန်၊ ဘီလာရုဇ်နယ်စပ်ဒုက္ခသည်အကျပ်အတည်းကို ရုရှားက တာဝန်ယူသင့်ကြောင်း Liz Trussက ယူဆ သည်။

ထိုပြောကြားချက်အပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က ဗြိတိန်အနေဖြင့် အီရတ်ဒုက္ခသည်အရေးတွင် သမိုင်းတာဝန်ယူရန်ရှိနေရာ ဒုက္ခသည်အကျပ်အတည်း ရုရှားအပေါ် အပြစ်တင်ပိုင်ခွင့်မရှိကြောင်း တုန့်ပြန်ပြောကြားခဲ့သည်။

ယခုနှစ် ဩဂုတ်လမှပြီး ဂျာမနီစသည့် အနောက်ဥရောပနိုင်ငံများသို့ ဝင်ရောက်ရန်အတွက် အရှေ့အလယ်ပိုင်း ဒုက္ခသည်များ ဘီလာရုဇ်လမ်းကြောင်းမှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ပိုလန်နှင့်လစ်သူယေးနီးယားနိုင်ငံသို့ ဝင်ရောက်မှု ပိုမိုများပြားလာရာ ယင်းနိုင်ငံနှစ်နိုင်ငံအတွက် နယ်စပ်ထိန်းချုပ်ရေး ဖိအား ပိုများလာခဲ့ကြောင်း သိရသည်။ နယ်စပ်ဒေသတွင် လုံလောက်သည့်စားစရာ၊ ရေနှင့် ဆေးကုသမှုအာမခံချက် မရှိခြင်း၊ ပိုလန်နှင့်လီသူယေးနီးယားဘက်မှ ဖမ်းဆီးမှုများအား ရှောင်ရှားရန်လိုအပ်ချက်များကြောင့် ဒုက္ခသည့်အများစုသည် အခက်အခဲအကျပ်အတည်းများရှိနေရာမှာပင် သေဆုံးသူများ ရှိလာခဲ့ကြောင်း သတင်းများအရ သိရသည်။ ပိုလန်၊ လစ်သူယေးနီးယားနှင့် ဥရောပသမဂ္ဂတို့က လက်ရှိ ဒုက္ခသည်အကျပ်အတည်းကို ဘီလာရုဇ်အား ပြစ်ပုံချပြောဆိုခဲ့သော်လည်း ဘီလာရုဇ်က အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကြောင့် ဒုက္ခသည်လှိုင်းလုံးကြီးကို ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းမရှိခြင်း ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

………………………………………………
(Chinese Version)
(国际)普京:俄罗斯与波白边境难民危机毫无关系
2021-11-15 02:11:16
新华社莫斯科11月14日电(记者华迪)俄罗斯总统普京14日表示,俄罗斯与当前波兰和白俄罗斯边境难民危机毫无关系。
普京当天在俄罗斯第一电视台播出的一档节目中表示,俄罗斯与波白边境难民危机毫无关系,指责俄罗斯的人只是想借此推脱责任,倒打一耙。
普京说,他是通过媒体了解到波白边境难民危机的,在此之前他从未与白俄罗斯总统卢卡申科讨论过这一问题。在难民危机发生后,他与卢卡申科进行了两次电话通话。
当天早些时候,英国外交大臣特拉斯称波白边境难民危机是“精心设计的危机”,旨在借此分散对白俄罗斯政府“侵犯人权”等行为的注意力。特拉斯认为,俄方应为波白边境难民危机负责。
俄罗斯外交部发言人扎哈罗娃就此回应说,英国对伊拉克难民负有历史责任,无权在难民危机中指责俄罗斯。
今年8月以来,为进入德国等西欧国家,越来越多来自中东的难民取道白俄罗斯进入欧盟成员国波兰和立陶宛,波立两国边境管控压力随之加大。据报道,由于边境地区没有足够的食品、水和医疗保障,再加上需要躲避波兰和立陶宛方面的抓捕,大量难民处境艰难,已有多人死亡。波兰、立陶宛及欧盟将当前难民危机归咎于白俄罗斯,但白方表示是西方制裁导致其无力控制难民潮。(完)
图说1:11月14日,在白俄罗斯靠近波兰边境的难民点,两名儿童望着波兰一侧的军人。 新华社发(任科夫 摄)
图说2: 11月14日,在白俄罗斯靠近波兰边境的难民点,人们搬运用于取暖的木材。新华社发(任科夫 摄)
图说3: 这是11月14日拍摄的白俄罗斯靠近波兰边境的难民点。新华社发(任科夫 摄)