Connect with us

Europe

ပြင်သစ်နိုင်ငံသမ္မတက တရုတ်လုပ်ငန်းကုမ္ပဏီ၏ ပြင်သစ်နိုင်ငံတွင် ဘက်ထရီစက်ရုံ လာရောက်ရင်းနှီးမြှုပ်နှံသည့်အပေါ် ကြိုဆိုကြောင်း ပြောကြား

ပြင်သစ်နိုင်ငံသမ္မတ Emmanuel Macron အား ဇွန် ၂၃ ရက်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ မြောက်ပိုင်း Douai မြို့ရှိ Renault Group ပြင်သစ်ကားထုတ်လုပ်ရေး ကုမ္ပဏီ သွားရောက်လေ့လာစဥ်တရုတ်နိုင်ငံ လုပ်ငန်းကုမ္ပဏီဖြစ်သည့် Envision Group လက်အောက်ရှိ ကုမ္ပဏီ က ယင်းနေရာတွင် ဘက်ထရီစက်ရုံတည်ဆောက်ရန် လာရောက်ရင်းနှီးမြှုပ်နှံသည့် အပေါ် ကြိုဆိုကြောင်း ပြင်သစ်နိုင်ငံသမ္မတ Emmanuel Macron က ဇွန် ၂၈ ရက်၌ ပြောကြားခဲ့သည်။Envision Group လက်အောက်ရှိ Envision AESC နှင့် Renault Group တို့က ဇွန် ၂၈ ရက်၌ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီချက်ရရှိခဲ့ပြီး Envision အနေဖြင့် ကုန်ပစ္စည်းအားသားချက် နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစွမ်းရည်ကို အသုံးပြုကာ Renault အား ဘက်ထရီများ ထောက်ပံ့ပေးသွားမည်ဖြစ်ကာ Renault ၏ လျှပ်စစ်ပိုင်းမဟာဗျူဟာကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြင်သစ်နိုင်ငံသမ္မတ Emmanuel Macron က Envision Group အနေဖြင့် ပြင်သစ်သို့ ရင်းနှီးမြှုပ်နှံမှု လာရောက်ပြုလုပ်သည့်အတွက် ကြိုဆိုကြောင်း ၊ ယင်းစက်ရုံသည် ဥရောပတွင် အကြီးမားဆုံး ဘက်ထရီထုတ်လုပ်သည့် စက်ရုံတစ်ခုအပါအဝင်ဖြစ်လာမည်ဖြစ်ကြောင်း ၊ ၂၀၂၄ ခုနှစ်တွင် စက်ရုံသစ်၌ ဒေသတွင်းအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်ထောင်ခန့်ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပြင်သစ်နိုင်ငံသမ္မတ က ယခုစီမံကိန်းသည် ပြင်သစ်နိုင်ငံအတွက် ငွေကြေးဝင်ရောက်မှု နှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မည့်အပြင် ပြင်သစ်နိုင်ငံ စက်မှုလုပ်ငန်း ယှဉ်ပြိုင်နိုင်မှုစွမ်းရည် နှင့် ကားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတို့အတွက်လွန်စွာအရေးပါကြောင်း ၊ စီမံကိန်းက ပြင်သစ်နိုင်ငံ လျှပ်စစ်ကား ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးစေနိုင်မည်ဖြစ်ပြီး ပြင်သစ်နိုင်ငံ မှ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုအားရင်ဆိုင်ရန်အတွက်လည်း အထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်။

Envision Group သက်ဆိုင်ရာတာဝန်ရှိသူ၏ သတင်းထောက်အား ပြောကြားချက်အရ Envision AESC တည်ဆောက်ရန် စီစဉ်ထားသည့် ဘက်ထရီစက်ရုံသည် ၂၀၂၄ ခုနှစ် ကုန်ထုတ်လုပ်မှုစတင်ပြုလုပ်နိုင်ရန် မျှော်မှန်းထားကြောင်း ၊ စက်ရုံက Renault Group အား ဈေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ပိုမိုရှိသည့် ဘက်ထရီကားထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီ ဖြစ်လာရန်အတွက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Renault Group CEO Luca de Meo က နှစ်ဘက်မှ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုပြုလုပ်လိုက်သောကြောင့် Renault အနေဖြင့် လျှပ်စစ်ကား ကဏ္ဍ၌ အသားချက်ရရှိစေမည့် မှတ်တိုင်တစ်ခုဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ပြင်သစ်နိုင်ငံသမ္မတ သည် Renault စက်ရုံမှ ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် “ပြင်သစ်အားရွေးချယ်ခြင်း” နိုင်ငံတကာစီးပွားရေးလုပ်ငန်းဆိုင်ရာ ထိပ်သီးအစည်းအဝေးအောက်ရှိ အခမ်းအနားတစ်ခုအား တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၊ အခမ်းအနားသို့ ပြင်သစ်နိုင်ငံ နှင့် နိုင်ငံခြားလုပ်ငန်းကုမ္ပဏီ များမှ တာဝန်ရှိသူပေါင်း တစ်ရာကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ (Xinhua)

——————————————————–
(Chinese Version)

(财经)法国总统对中企将在法投资建设电池工厂表示欢迎

新华社巴黎6月29日电(记者唐霁 徐永春 杨丁淼)法国总统马克龙28日参观法国汽车制造商雷诺集团在北部城市杜埃附近的工厂时,对中国企业远景科技集团旗下公司将在这里投资建设电池工厂表示欢迎。

当天,远景科技集团旗下动力电池公司远景动力与雷诺集团达成战略合作,远景将发挥其领先产品优势与全球化运营能力,向雷诺供应动力电池,支持其电动化战略。

马克龙表示,欢迎远景科技集团到法国投资,该工厂将成为欧洲最大的电池生产厂之一。他说,预计到2024年,新工厂会给当地带来将近1000个就业机会。

马克龙表示,这一项目不仅带来资金和就业,而且对提高法国工业竞争力以及促进汽车行业发展非常重要,将推动法国电动车的发展,有助于法国积极应对气候变化带来的挑战。

远景科技集团相关人士向记者介绍,远景动力计划建设的电池工厂预计2024年投产,将助力雷诺集团成为更具竞争力的电动汽车生产商。雷诺集团首席执行官卢卡•德•梅奥表示,双方战略合作是“雷诺提升电动汽车领域竞争优势的里程碑”。
据法国媒体报道,马克龙参观雷诺工厂的活动是第四届“选择法国”国际商务峰会框架下的一个活动,上百名法国和外国企业负责人参加这一峰会。(参与记者:刘芳)(完)

Photo
6月23日,法国总统马克龙在巴黎总统府爱丽舍宫出席新闻发布会。 新华社记者高静摄