Connect with us

WORLD

ပြင်သစ်နိုင်ငံ က “ညမထွက်ရအမိန့်” အား သတ်မှတ်ချိန်ထက်စော၍ ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာ

ပြင်သစ်နိုင်ငံတွင် မေ ၁၉ ရက်က ပြည်သူများ သွားလာလှုပ်ရှားနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean Castex က ပြင်သစ်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုအား ယခင်မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ခဲ့သောကြောင့် အစိုးရအနေဖြင့် ပိတ်ဆို့မှုများ ဖြေလျှော့ခြင်းကို ပိုမိုလျှင်မြန်စွာဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နေအိမ်ပြင်ပထွက်ခွာရာတွင် ပုံမှန်အခြေအနေ၌ မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်စရာမလိုတော့ဘဲ “ညမထွက်ရအမိန့်” ကိုလည်း အချိန် ၁၀ ရက်စော၍ ဖျက်သိမ်းပေးလိုက်ကြောင်း ဇွန် ၁၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန် က ဇွန် ၁၆ ရက်၌ Elysee နန်းတော်တွင် အစိုးရအဖွဲ့ ကျန်းမာရေးလုံခြုံမှု ဆိုင်ရာ အစည်းအဝေးတစ်ရပ် ဦးစီးကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးအပြီး ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean Castex က ပြင်သစ်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုအား ယခင်မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ခဲ့သောကြောင့် ယခုလ ၃၀ ရက်အထိ သတ်မှတ်ထားသည့် “ညမထွက်ရအမိန့်” အား အချိန်စော၍ ဇွန် ၂၀ တွင် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ၊ ဇွန် ၁၇ ရက်မှစတင်၍ ပုံမှအခြေအနေအောက်တွင် နေအိမ်ပြင်ပထွက်ခွာသူများသည် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရန်မလိုအပ်တော့ကြောင်း ၊ သို့တော် အလုပ်ရုံ ၊ ကုန်တိုက် ၊ အများပြည်သူခရီးသွားလာရေးယာဉ် နှင့် အလုံပိတ်အခန်းများ ၊ လူအများစုဝေးရာနေရာများ ၊ အားကစားရုံ နှင့် အခြားလူအများတိုးဝေှ့ရသည့် နေရာများတွင် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Jean Castex က ပြင်သစ်နိုင်ငံအစိုးရ အနေဖြင့် သြဂုတ်လကုန်မတိုင်မီ လူပေါင်း သန်း ၄၀ အတွက် အနည်းဆုံး COVID-19 ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးရန် နှင့် လူပေါင်း ၃၅ သန်းကျော် ကာကွယ်ဆေးထိုးနှံမှု ပြီးစီးစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ၊ ပြည်သူများအနေဖြင့် COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ အချိန်တိုင်း သတိပြုနေရမည်ဖြစ်ပြီး ကာကွယ်ဆေးသည် ကပ်ရောဂါအခြေအနေ ပြန်လည်မဆိုးရွားလာစေရန် အကောင်းဆုံးသောလက်နက်ဖြစ်သောကြောင့် ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား တက်ကြွစွာ ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံက COVID-19 ကပ်ရောဂါအား ဟန့်တားနိုင်ရန်အတွက် ဧပြီ ၃ ရက်မှစတင်၍ နိုင်ငံအတွင်းရှိ ဒေသအားလုံးတွင် အချိန်ကာလ ၄ ပတ်ကြာ ပိတ်ဆို့မှု နှင့် သီးသန့်ခွဲခြားနေထိုင်မှု ဆောင်ရွက်ချက်များကို ပြုလုပ်ခဲ့သည်။ မူလသတ်မှတ်ထားသည့် အစီအစဉ်အရ ပြင်သစ်နိုင်ငံတွင် မေ ၃ ရက်မှစတင်၍ အဆင့် ၄ ဆင့်ခွဲ၍ တစ်ဆင့်ခြင်း ပိတ်ဆို့မှုများကို ပြန်လည်ဖြေလျှော့ပေးသွားမည်ဖြစ်ပြီး ဇွန် ၃၀ ရက်တွင် ပိတ်ဆို့မှုဖြေလျှော့သည့် နောက်ဆုံးအဆင့်သို့ရောက်ရှိမည်ဖြစ်ကြောင်း ၊ ယင်းအချိန်တွင် “ညမထွက်ရအမိန့်” ကိုလည်း ပယ်ဖျက်မည်ဖြစ်ကာ ယဉ်ကျေးမှု နှင့် အားကစားစသည့် အများပြည်သူသွားလာသည့် နေရာများကိုလည်း ဘက်စုံပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇွန် ၁၅ ရက်ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပြင်သစ်နိုင်ငံ၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၃,၂၃၅ ဦးရှိပြီး ကူးစက်ခံရသူစုစုပေါင်း ၅,၇၄၄,၅၈၉ ဦးအထိရောက်ရှိလာကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၇၆ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၁၀,၅၆၃ ဦးအထိရောက်ရှိလာကြောင်း သိရသည်။ (Xinhua)

#France #COVID-19 #Curfew #xinhua #myanmar #xinhuamyanmar #ပြင်သစ် #ကိုဗစ် #ညမထွက်ရအမိန့် #ဆင်ဟွာ
…………………………………………
(Chinese Version)

(国际疫情)法国宣布将提前解除宵禁措施

新华社巴黎6月16日电(记者唐霁)法国总理卡斯泰16日宣布,鉴于法国新冠疫情防控好于预期,政府将加快“解封”,户外一般情况下不再强制戴口罩,提前10天解除宵禁措施。

法国总统马克龙当天在爱丽舍宫主持内阁会议和卫生安全会议。卡斯泰随后在新闻发布会上说,由于法国新冠疫情防控好于预期,原定本月30日解除宵禁的日期被提前到20日。从17日起,户外一般情况下不再强制戴口罩,但在办公场所、商场、公共交通等封闭场所,以及大型聚会、比赛看台等户外拥挤场所,仍必须戴口罩。

卡斯泰说,法国政府力争在8月底前为4000万人至少接种一剂新冠疫苗,超过3500万人完成疫苗接种。他提醒民众对新冠疫情保持警惕,积极接种疫苗,“因为疫苗是防止疫情反弹的最好武器”。

为遏制新冠疫情,法国自4月3日起在本土所有地区实施封闭隔离措施,为期4周。根据原定计划,法国从5月3日起分四个阶段逐步“解封”,6月30日将进入“解封”的最后阶段,届时宵禁将被解除,文化和体育等公共场所将全面恢复开放。

根据法国卫生部门15日公布的数据,过去24小时法国新增新冠确诊病例3235例,累计确诊5744589例;新增死亡病例76例,累计死亡110563例。(完)

Photo
5月19日,人们在法国里尔餐吧室外部分小聚。新华社发(塞巴斯蒂安•库尔吉摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.