Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ စစ်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ (၄၅)ဦးအထိ မြင့်တက်လာ

မနီလာ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Suluပြည်နယ်၌ ဇူလိုင် ၄ ရက်က ဖြစ်ပွားခဲ့သည့် စစ်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ (၄၅)ဦးအထိ မြင့်တက်လာပြီး အခြား ဒဏ်ရာရသူ (၅၃)ဦး၊ ပျောက်ဆုံးနေဆဲဖြစ်သူ (၅)ဦး ရှိကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့ညပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။ စစ်လေယာဉ်၌လိုက်ပါသည့် စစ်သားများအပြင် သေဆုံးဒဏ်ရာရသူများတွင် လေယာဉ်ပျက်ကျရာနေရာရှိ အရပ်သားများလည်း ပါဝင်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ Suluပြည်နယ်၌ စစ်လေယာဉ်ပျက်ကျသည့် အချင်းဖြစ်နေရာတွင် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဇူလိုင် ၄ ရက်က တွေ့ရစဉ်(Joint Task Force Sulu/Handout via Xinhua)

သေဆုံးသူများတွင် စစ်သား (၄၂)ဦးနှင့် အရပ်သား(၃)ဦး ပါဝင်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ အရပ်သား(၄)ဦးအပါအဝင် ဒဏ်ရာရရှိသူ (၅၃)ဦးကို ဆေးရုံသို့ ပိုဆောင်ထားပြီးဖြစ်ကြောင်း အချင်းဖြစ်နေရာတွင် ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ အနည်ဆုံး စစ်သား(၅)ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ အချင်းဖြစ်စစ်လေယာဉ်တွင် စစ်အမှုထမ်း (၉၆)ဦး လိုက်ပါခဲ့ရာ ၎င်းတို့အနက် လေယာဉ်မှူး(၃)ဦးနှင့် လေယာဉ်အမှုထမ်း(၅)ဦး ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ Suluပြည်နယ်၌ စစ်လေယာဉ်ပျက်ကျသည့် အချင်းဖြစ်နေရာတွင် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဇူလိုင် ၄ ရက်က တွေ့ရစဉ်(Joint Task Force Sulu/Handout via Xinhua)

စစ်တပ်ထောက်ပို့လေယာဉ် C-130သည် ဒေသစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်ခန့်က Suluပြည်နယ် Joloကျွန်း Patikulမြို့နယ်တွင် ပျက်ကျ၍မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ် Cirilito Sobejanaက ပြောကြားခဲ့သည်။ အချင်းမဖြစ်ပွားမီလေယာဉ်ပြေးလမ်းချော်ထွက်ခဲ့ကြောင်း၊ အရှိန်ပြန်ရအောင် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း Cirilito Sobejanaကဆိုသည်။

လေယာဉ်မပျက်ကျမီ စစ်သားများက လေယာဉ်ပေါ်မှ ခုန်ချပြီးအသက်ရှင်ရန် ကြိုးပမ်းခဲ့သည်ကို မျက်မြင်သက်သေအချို့က တွေ့မြင်ရကြောင်း ဖိလစ်ပိုင်စစ်တပ်က အစောပိုင်းတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် လေယာဉ်ပျက်ကျသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖိလစ်ပိုင်းစစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများအရ အဆိုပါလေယာဉ်သည် “လုံခြုံရေးပူးပေါင်းဆောင်ရွက်ရန်အထောက်အပံ့”ဟူသော ခေါင်းစဉ်ဖြင့် ဖိလစ်ပိုင်က အမေရိကန်စစ်တပ်မှ ဝယ်ယူသည့် တစ်ပတ်ရစ် လေယာဉ်ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် ဖိလစ်ပိုင်လေတပ်သို့ တပ်တော်ဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ်အတွင်း စစ်လေယာဉ်ပျက်ကျမှုများ ဖြစ်ပွားခဲ့သည်။ ဇန်နဝါရီလတွင် UH-1 “Huey” ရဟတ်ယာဉ် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Bukidnonပြည်နယ်၌ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ရှိ လူ(၇)ဦးစလုံး သေဆုံးခဲ့ရသည်။ ဧပြီလတွင် MD520MG ရဟတ်ယာဉ် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Boholပြည်နယ် အနီးပင်လယ်ပြင်တွင် ပျက်ကျခဲ့ရာ လေယာဉ်မှူး(၁)ဦးသေဆုံးပြီး လေယာဉ်ပေါ်ပါ လူ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။ ဇွန်လတွင် Black Hawk စစ်ရဟတ်ယာဉ်တစ်စီး ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း Tarlacပြည်နယ်တွင် ပျက်ခဲ့ပြီး လေယာဉ်ပေါ် ပါ လူ(၆)ဦးစလုံး သေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

—————————————————
( Chinese Version)

(国际)菲律宾军机坠毁遇难者升至45人

新华社马尼拉7月4日电(记者刘锴 闫洁)菲律宾国防部4日晚确认,当天在菲南部苏禄省发生的军机坠毁事件遇难者人数已升至45人,另有53人受伤,至少5人下落不明。除军机搭载的军人外,伤亡者还包括事发时位于坠机现场的平民。

菲国防部在一份最新声明中说,遇难者包括42名军人和3名平民。包括4名平民在内的53名受伤者已被送至医院,救援人员仍在现场搜救,至少5名军人下落不明。声明说,该军机载有96名军事人员,其中包括3名飞行员和5名机组人员。

菲律宾武装部队总参谋长西里利托•索贝哈纳说,这架C-130军用运输机当地时间11时30分左右在苏禄省霍洛岛帕蒂库尔镇降落时坠毁并起火。索贝哈纳表示,飞机坠毁前偏离跑道,试图“重获动力但没有成功”。菲军方早些时候说,一些目击者看到多名军人在飞机坠毁前跳机求生。
目前,飞机坠毁的原因仍在调查中。

菲律宾军方文件显示,这架飞机是菲律宾以“安全合作援助”名义从美军购买的二手飞机,今年2月正式交付菲空军服役。
菲律宾今年数次发生军机坠毁事故。1月,一架“休伊”UH-1型直升机在菲南部布基农省坠毁,机上7人全部遇难。4月,一架麦道520MG型直升机在菲中部保和省附近海域坠毁,1名飞行员死亡、3名机上人员受伤。6月,一架“黑鹰”军用直升机在菲北部打拉省坠毁,机上6人全部死亡。(完)
图说1:这是7月4日在菲律宾苏禄省的军机坠毁现场拍摄的飞机残骸。 新华社发(苏禄联合特遣部队供图)
图说2,3:7月4日,人们在菲律宾苏禄省的军机坠毁现场参与救援。新华社发(苏禄联合特遣部队供图)