Connect with us

North America

ဗဟိုအမေရိကား ရွှေ့ပြောင်းနေထိုင်သူ ၂,၀၀၀ ကျော် မက္ကဆီကိုတောင်ပိုင်းမှ အမေရိကန်သို့ စတင်ခရီးနှင်

မက္ကဆီကိုနိုင်ငံ Chiapasပြည်နယ် Ejido guadalupeတွင် ရွှေ့ပြောင်းနေထိုင်သူအဖွဲ့က အမေရိကန်သို့ သွားရောက်ရန် ပြင်ဆင်နေသည်ကို စက်တင်ဘာ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

ဗဟိုအမေရိကား ရွှေ့ပြောင်းနေထိုင်သူ ၂,၀၀၀ ကျော်သည် ယခုရက်ပိုင်းတွင် မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှ အမေရိကန်နိုင်ငံသို့ စတင် ခရီးနှင်လျက်ရှိကြောင်း မက္ကဆီကိုမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ အဆိုပါရွှေ့ပြောင်းနေထိုင်သူများအား သတိဖြင့်ဆက်ဆံရမည်ဖြစ်ကြောင်း မက္ကဆီကိုအစိုးရက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ရွှေ့ပြောင်းနေထိုင်သူ ၂,၀၀၀ ကျော်ပါဝင်သည့်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက်မှစပြီး မက္ကဆီကိုနိုင်ငံတောင်ပိုင်း နယ်စပ်မြို့ Tapachulaမှ မြောက်ဘက်သို့ ခရီးနှင်ခဲ့ရာ အစီအစဉ်အရ မက္ကဆီကိုနိုင်ငံ၏ မြို့တော် မက္ကဆီစီးတီးသို့ ဦးစွာသွားရောက်၍ တရားဝင်ခေတ္တနေထိုင်ခွင့်ရယူပြီး အမေရိကန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်းသိရသည်။ ၎င်းတို့အများစုသည် အယ်လ်ဆာဗေးဒိုး၊ ဟွန်ဒူးရပ်စ် စသည့် ဗဟိုအမေရိကတိုက် နိုင်ငံများမှလာခြင်းဖြစ်ရာ ကိုယ်ဝန်ဆောင်နှင့်ကလေးသူငယ်များလည်း ပါဝင်ကြောင်း သိရသည်။

မက္ကဆီကို အစိုးရအနေဖြင့် လူအခွင့်အရေးလေးစားမှုကို အခြေခံပြီး အချင်းဖြစ်ပွားမှုကို ရှောင်ရှားရန် ယင်းရွှေ့ပြောင်းနေထိုင်သူများကို သတိထားဆက်ဆံရမည်ဖြစ်ကြောင်း မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard Casaubón က အောက်တိုဘာ ၂၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။သို့သော် ယခင် ဟေတီနိုင်ငံမှတရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အများအပြားအား နေရပ်ပြန်ပို့သည့်ဥပမာအရ ၎င်းတို့အား အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့်မပြုသည်မှာ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း Marcelo Ebrard Casaubón က အလေးထားပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်မှစပြီး ဗဟိုအမေရိကား ရွှေ့ပြောင်းနေထိုင်သူအချို့သည် လူမှုကွန်ရက်စသည့်ပလက်ဖောင်းများမှတစ်ဆင့် လူစုရန် ဆက်သွယ်ပြီး လမ်းကြုံကားစီး၊ လမ်းလျှောက်ခြင်းတို့ဖြင့် အမေရိကန်-မက္ကဆီကို နယ်စပ်ကို သွားရောက်ကာ အမေရိကန်ပြည်ဝင်ခွင့်ရရန် ကြိုးပမ်းကြသည်။ အမေရိကန်တရားဥပဒေစိုးမိုးရေးဌာန က၂၀၂၁ ဘဏ္ဍာနှစ်(၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်)တွင် အမေရိကန်-မက္ကဆီကို နယ်စပ်၌ ဖမ်းဆီးခဲ့သူ အကြိမ်ရေ ၁၇ သိန်းခန့်ရှိရာ ၂၀၂၀ ဘဏ္ဍာနှစ်ကို စံချိန်ချိုးခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာများအရ သိရသည်။ မက္ကဆီကို သမ္မတက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ အမေရိကန်သို့ စုပြုံဝင်ရောက်မှုပြဿနာကို ဖြေလျှော့ရန်အတွက် အမေရိကန်အနေဖြင့် ဗဟိုအမေရိကတိုက်၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို ထပ်တိုးသင့်ကြောင်း ယခုနှစ် ဩဂုတ်လတွင် ပြောကြားခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
逾2000名中美洲移民从墨西哥南部启程前往美国
2021-10-26 14:56:38
新华社墨西哥城10月26日电(记者朱雨博 吴昊)据墨西哥媒体报道,超过2000名中美洲移民近日从墨南部启程前往美国。墨政府25日表示,将慎重对待这些移民。
23日起,超过2000名移民组成的队伍从墨西哥南部边境城市塔帕丘拉出发北上,计划先前往墨首都墨西哥城,以取得在墨合法停留的文件,随后将前往美国。这批移民主要来自萨尔瓦多、洪都拉斯等中美洲国家,其中包括孕妇和儿童。
9月4日,在墨西哥恰帕斯州埃希多瓜达卢佩,“移民大篷车”队伍准备向美国进发。(新华社发,阿图罗•米汉戈斯摄)
墨西哥外交部长埃布拉德25日在新闻发布会上表示,墨政府将在尊重人权的基础上慎重对待这些移民,避免发生摩擦。但他强调,按照以往海地非法移民被大规模遣返的案例,美国或许不会允许他们入境。
自2018年起,一些中美洲移民通过社交网络等平台联系聚集,以搭乘顺风车和步行等方式前往美墨边境,寻求入境美国。据美国媒体报道,美国执法部门2021财年(2020年10月1日至2021年9月30日)在美墨边境逮捕非法移民大约170万人次,刷新2000财年创下的纪录。墨西哥总统洛佩斯今年8月表示,美国政府应加大对中美洲投资力度,以缓解非法入境美国的移民潮问题。