Connect with us

COVID-19 UPDATES

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီကရွမ်း ပေါ်ထွက်လာမှုက ကာကွယ်ဆေးမျှဝေမှု မညီမျှခြင်းကို မီးမောင်းထိုးပြခြင်းဖြစ်ကြောင်း ကျန်းမာရေးပညာရှင်များ ဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသည့် မော်တော်ယာဉ်တစ်စီးရှေ့တွင် ဖြတ်သန်းသွားလာနေသူများအား နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီကရွန်း ပေါ်ထွက်လာမှုက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာကွယ်ရေးအတွက် စိန်ခေါ်မှုသစ်များ ဖြစ်စေခဲ့သည်။ ကျန်းမာရေးပညာရှင်များက ချမ်းသာကြွယ်ဝသည့်နိုင်ငံများသည် ကိုဗစ်ကာကွယ်ဆေးကို အတိုင်းထက်အလွန်သိုလှောင်ထားသဖြင့် ကာကွယ်ဆေးမျှဝေမှု မမျှတခြင်းသည် ယခု သန္ဓေပြောင်းဗိုင်းရပ်စ်သစ် ပေါ်ထွက်လာသည့် အဓိက အကြောင်းအရင်း ဖြစ်ကြောင်း ဆိုသည်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသည့်နေရာတွင် တန်းစီသူများအား ဩဂုတ် ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခင် ကူးစက်မှုများပြားခဲ့သည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်မျိုးကွဲများကို ကပ်ရောဂါဖြစ်ပွားမှုပြင်းထန်ပြီး ထိန်းချုပ်၍မရသော ဒေသများတွင် တွေ့ရှိခဲ့ရကြောင်း ၊ ဥပမာအားဖြင့် ဗြိတိန်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အယ်လ်ဖာ မျိုးကွဲကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံးတွေ့ရှိခဲ့ပြီး အိန္ဒိယတွင် ယခုနှစ်ဖေဖော်ဝါရီလက ဒယ်လ်တာ မျိုးကွဲကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ရကြောင်း ဗြိတိန်နိုင်ငံ Southampton တက္ကသိုလ် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍ အဆင့်မြင့်သုတေသီ Michael Headက CNNကို ပြောသည်။

တောင်အာဖရိကတွင် နိုဝင်ဘာ ၉ ရက်က အိုမီခရွန်း မျိုးကွဲကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံးစမ်းသပ်တွေ့ရှိခဲ့သည်။ Michael Headက ကမ္ဘာတွင် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူ များစွာရှိနေဆဲဖြစ်ရာ ဥပမာ ဆာဟာရသဲကန္တရ တောင်ပိုင်း အာဖရိကတိုက်ဒေသများဖြစ်ကြောင်း၊ အိုမီခရွန်း မျိုးကွဲဗိုင်းရပ်စ် ပေါ်ထွက်လာမှုက “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံမှုနှုန်း နှေးကွေးလွန်းသည့် သဘောသဘာဝ၏နောက်ဆက်တွဲ”ဖြစ်ကြောင်း ဆိုသည်။

ဝင်ငွေနည်းပါးနိုင်ငံများတွင် ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသည့် လူဦးရေသည် ၇.၅ ရာခိုင်နှုန်းသာရှိကြောင်း၊ အိုမီကရွန်း သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွား ကန့်သတ်ခံရသည့် အဆိုးဝါးဆုံး အာဖရိက ၈ နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုနှုန်းသည် များသောအားဖြင့် နည်းပါးရာ ၎င်းတို့အနက် မာလာဝီနိုင်ငံသည် ၅.၆ ရာခိုင်နှုန်းအောက်တွင် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ ဝင်ငွေမြင့်မားနိုင်ငံများတွင် လူဦးရေ၏ ၆၃.၉ ရာခိုင်နှုန်းသည် အနည်းဆုံးကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း ဆိုသည်။

အိုမီကရွန်း ပေါ်ထွက်လာခြင်းသည် ကာကွယ်ဆေးနှင့်အခြားရောဂါတိုက်ဖျက်ရေးအရင်းအမြစ်များ မျှတစွာ ဝေငှနိုင်ရန် လိုအပ်မှု မီးမောင်းထိုးပြခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ Wellcome Trust ရန်ပုံငွေအဖွဲ့၏ ဒါရိုက်တာ Jeremy Farrarက ဆိုသည်။ “မျိုးကွဲဗိုင်းရပ်စ်သစ်များ ပေါ်ထွက်လာခြင်းက ကပ်ရောဂါပြီးဆုံးဖို့ အလှမ်းဝေးနေသေးတယ်ဆိုတာ ကျွန်တော်တို့ကို သတိပေးခြင်းဖြစ်တယ်။ မျှဝေမှု မမျှတတာက ကပ်ရောဂါပြီးဆုံးဖို့ကြန့်ကြာနေသည့် အကြောင်းအရင်းဖြစ်တယ်”ဟု ပြောကြားခဲ့သည်။

Michael Headက “အတော်အသင့်ချမ်းသာသည့်နိုင်ငံတွေရဲ့ သိုလှောင်ထားတဲ့ကာကွယ်ဆေးပမာဏဟာ လက်တွေ့လိုအပ်နေတဲ့ပမာဏကို ကျော်လွန်နေတယ်။ WHO ဦးဆောင်တဲ့ COVAXအစီအစဉ်ကို ကာကွယ်ဆေးလှူဒါန်းဖို့ ဒါမှမဟုတ် တိုက်ရိုက် အခြားနိုင်ငံတွေကို ကာကွယ်ဆေးလှူဒါန်းဖို့ ကတိကဝတ်တွေ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိဘူး ”၊ ၎င်းမှာ တောင်အာဖရိက စသည့် နိုင်ငံအများအပြား ကာကွယ်ဆေးလိုအပ်နေသည့် အဓိက အကြောင်းအရင်းတစ်ခု ဖြစ်စေကြောင်း ၄င်းက ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ အစီအစဉ်အရ ယခုနှစ်နှစ်ကုန်မတိုင်မီ နိုင်ငံတိုင်းက လူဦးရေ အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးရမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမတိုင်မီ ကာကွယ်ဆေးထိုးနှံမှုနှုန်းက ၇၀ ရာခိုင်နှုန်းရှိရမည်ဖြစ်သည်။ ယင်းရည်မှန်းချက်သည် လက်ရှိတွင် အကောင်အထည်ဖော်ရန် ခဲယဉ်းနေသည်။ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံပြီးသည့် စုစုပေါင်းပမာဏနှင့်နှိုင်းယှဉ်ပါက နိုင်ငံအသီးသီး၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် ရရှိသည့် ကာကွယ်ဆေးပမာဏ နည်းပါးနေကြောင်း သိရသည်။

“ဖွံ့ဖြိုးဆဲနိုင်ငံများ လူဦးရေအချို့ ကာကွယ်ဆေးထိုးနှံမှုမရှိသေးခြင်းကြောင့် ယခုအခါ ယင်းကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်တို့က ပြန်ပြီး ဒုက္ခများနေရ”ကြောင်း၊ “မျိုးကွဲဗိုင်းရပ်စ်သစ်က အဆင်းရဲဆုံးနိုင်ငံများတွင် ပေါ်ထွက်လာရာ အချမ်းသာဆုံးနိုင်ငံက လူအုပ်စု ၊ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသည့်လူအုပ်စုများအတွက် အန္တရာယ်ဖြစ်လာစေနိုင်”ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ရန်ပုံငွေစုဆောင်းရေ သံတမန်၊ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း Gordon Brown က နိုဝင်ဘာ ၂၇ ရက်က The Guardian သတင်းစာတွင် ဆောင်းပါးရေးသားဖော်ပြခဲ့သည်။

တောင်အာဖရိကနိုင်ငံ KwaZulu-Natal တက္ကသိုလ် ကူးစက်ရောဂါဗေဒပညာရှင် Richard Lessellsက ချမ်းသာကြွယ်ဝသည့်နိုင်ငံများ က အစီရင်ခံသည့် တောင်အာဖရိမှ အိုမီခရွန်း မျိုးကွဲဗိုင်းရပ်စ်ပေါ်ထွက်လာမှုအပေါ် တုန့်ပြန်မှုသည် ၄င်းနိုင်ငံအချို့၏ တစ်ကိုယ်ကောင်းဆန်မှု၏သာဓကဖြစ်ကြောင်း ဆိုသည်။ ဗြိတိန်နှင့်ဥရောပနိုင်ငံများ၏ “တစ်ခုတည်းနှင့်အကြီးမားဆုံးတုန့်ပြန်မှု”က ခရီးသွားတားမြစ်မိန့်သာဖြစ်ပြီး “အာဖရိကနိုင်ငံများ ကပ်ရောဂါထိန်းချုပ်ရေးအတွက် ကူညီဆောင်ရွက်ဖို့ တစ်ခွန်းမှမပြောခဲ့ဘူး။ အထူးသဖြင့် ကာကွယ်ဆေးမျှဝေမှု မမျှမတဖြစ်နေတဲ့အပေါ် ဖြေရှင်းဖို့ မပြောဘူး။ ဒီကိစ္စအပေါ် ကျွန်တော်တို့ တစ်နှစ်ပတ်လုံး သတိပေးနေခဲ့ပါတယ်၊ အခုတော့ နောက်ဆက်တွဲဆိုးကျိုးတွေ ကျွန်တော်တို့ တွေ့နေရပြီ”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………………………
(Chines Version)
卫生专家:奥密克戎毒株出现凸显疫苗分配不平等
2021-11-29 10:34:25
Image Carouse
新华社北京11月29日电 新冠变异病毒奥密克戎的出现令全球防疫面临新挑战。卫生专家认为,富裕国家超量囤积新冠疫苗导致疫苗分配不平等,是催生这一新毒株的重要因素。
英国南安普敦大学全球卫生问题高级研究员迈克尔•黑德告诉美国有线电视新闻网,先前大规模流行的新冠变异病毒均出现在疫情严重且未受控制的地区,如英国去年12月首次报告发现阿尔法毒株,印度今年2月报告发现德尔塔毒株。
南非11月9日首次检测出奥密克戎毒株。黑德说,全球仍有许多人没有接种新冠疫苗,如撒哈拉以南非洲地区;奥密克戎毒株的出现“是全球接种速度过慢的自然结果”。

11月19日,行人走过美国纽约一辆新冠疫苗接种车。(新华社发,郭克摄)
世界卫生组织数据显示,在低收入国家,至少接种一剂新冠疫苗的人口占比仅为7.5%,因奥密克戎毒株受到旅行限制措施影响最重的8个非洲国家,疫苗接种率普遍偏低,其中马拉维低至5.6%。在高收入国家,63.9%的人口已经接种至少一剂疫苗。
英国惠康基金会总监杰里米•法勒说,奥密克戎的出现凸显保障疫苗及其他抗疫资源更公平分配的必要性。“新毒株的出现提醒我们,疫情远未结束。分配不公是拖延疫情的因素。”
黑德说,“较富裕的国家囤积的剂量超过实际所需量,没有兑现向(世卫组织主导的)新冠肺炎疫苗实施计划捐助疫苗或直接向其他国家捐助疫苗的承诺”,是导致南非等许多国家缺乏疫苗的原因之一。
8月20日,人们在南非约翰内斯堡一处新冠疫苗接种点外排队等待接种疫苗。(新华社记者陈诚摄)
按照世卫组织的计划,今年年底前应实现每个国家至少40%人口接种疫苗;2022年年中前接种率达到70%。这一目标目前看来似乎难以实现。相较全球已接种疫苗总量,各国通过新冠肺炎疫苗实施计划所获疫苗数量少。
世卫组织全球卫生筹资大使、英国前首相戈登•布朗在英国《卫报》27日发表的文章中写道,“发展中国家部分人口没有获得接种,如今反过来使我们苦于应对”,“新毒株在最贫穷的国家出现,对最富裕国家的人群,甚至是已经完成全程接种的人群构成威胁”。
南非夸祖卢-纳塔尔大学传染病理学家理查德•莱瑟斯认为,富裕国家对南非报告奥密克戎毒株作出的反应正是这些国家自私表现的例证。他说,英国和欧洲作出的“唯一和最大反应”是实施旅行禁令,却“只字不提帮助非洲国家控制疫情,尤其没有提解决疫苗分配不公的问题。我们一整年都在就这一问题发出警告。现在,我们看到了后果。”(惠晓霜)