Connect with us

Asia

ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး မြို့ပြရထားလမ်း ဖွင့်ပွဲအခမ်းအနားကို ဟနွိုင်းမြို့တွင်ကျင်းပ 

ဇန်နဝါရီ ၁၃ ရက်က ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ကျင်းပသော Cat Linh-Ha Dong အပေါ့စား ရထားလမ်းဖွင့်ပွဲ အခမ်းအနားသို့ ဧည့်သည်တော်များ တက်ရောက်စဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်ကုမ္ပဏီမှတာဝန်ယူတည်ဆောက်ထားသော ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး မြို့ပြရထားလမ်း စီမံကိန်း Cat Linh-Ha Dong ရထားလမ်း ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက်က ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်း၌ ကျင်းပခဲ့ရာ ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Xiong Bo နှင့် ဗီယက်နမ်ပို့ဆောင်ရေးဝန်ကြီး Nguyen Van Ti တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Cat Linh-Ha Dong အပေါ့စား ရထားလမ်းပေါ်တွင် မောင်းနှင်နေသော ရထားတစ်စင်းကို နိုဝင်ဘာ ၆ ရက်တွင်တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း Cat Linh-Ha Dong မြို့ပြ  ရထားလမ်း တည်ဆောက်ပြီးစီးမှုသည် တရုတ်-ဗီယက်နမ် နှစ်ဦးနှစ်ဘက်အတွက် အကျိုးရှိသော လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်စွာတိုးတက်နေခြင်း၏ သင်္ကေတဖြစ်ကြောင်း Xiong Bo မှ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းနှင့် အရေးပါသောမိတ်ဖက်နိုင်ငံအနေဖြင့် နှစ်နိုင်ငံပြည်သူများ၏သုခချမ်းသာ မြှင့်တင်ရေးကို အစမှတ်နှင့် အဆုံးမှတ်အဖြစ်ထားကာ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများချိတ်ဆက်မှုခိုင်မာစေရန် အဓိကထားပြီး အပြန်အလှန်ချိတ်ဆက်မှု၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ စက်မှုထွန်းကားရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးစသည်ဖြင့် နယ်ပယ်များတွင် ဗီယက်နမ်နှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွင် ပိုမိုကောင်းမွန်သော တိုးတက်မှု အသစ် ရရှိရေးအတွက် အတူလက်တွဲ လုပ်ဆောင်ရန်ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟနွိုင်း Cat Linh-Ha Dong မြို့ပြ ရထားလမ်းသည် ဟနွိုင်းကို အစိမ်းရောင်ယဉ်ကျေးမှုမြို့အဖြစ် တည်ဆောက်ရေး၊ မြို့ပြလမ်းပန်းဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာစေရေးနှင့် ဟနွိုင်းတွင်နေထိုင်သူများအတွက် ခရီးသွားလာရေးလွယ်ကူချောမွေ့စေရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း ဗီယက်နမ်နိုင်ငံမှ ပြောကြားခဲ့ပါသည်။  အဆိုပါ စီမံကိန်းချောမွေ့စွာလည်ပတ်နိုင်မှုသည် နှစ်နိုင်ငံ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းနှင့် အဆင့်မြှင့်တက်လာခြင်း၏ ထင်ရှားသည့် လက္ခဏာဖြစ်သလို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၂ နှစ်မြောက် အထိမ်းအမှတ်၏ အရေးကြီးသော လက်ဆောင်တစ်ခုလည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ ကိုယ်စားပြုသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ဗီယက်နမ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ဗီယက်နမ်၏ အရည်အသွေးမြင့်မားသော စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဟနွိုင်း Cat Linh-Ha Dong ရထားလမ်းကို China Railway Sixth Bureau Group Co., Ltd. မှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်နှင့် ဗီယက်နမ် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ခြင်း၏ အထင်ကရ စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။  (Xinhua)

…………………………………………

(Chinese Version)

(财经)越南首条城市轻轨举行落成仪式

新华社河内1月14日电(记者陶军)中企承建的越南首条城市轻轨项目河内吉灵-河东线轻轨落成仪式13日在越南首都河内举行。   中国驻越南大使熊波、越南交通运输部部长阮文体出席仪式。

熊波表示,河内吉灵-河东线轻轨落成是中越互利务实合作稳步前进的缩影。他说,作为友好邻邦和重要伙伴,中方愿同越方一道,以增进两国人民福祉为出发点和落脚点,以加强发展战略对接为主线,深化在互联互通、绿色发展、工业化、数字经济等领域合作,携手推进中越全面战略合作伙伴关系取得新的更大发展。   越方在致辞中表示,河内吉灵-河东线轻轨对河内建设绿色文明都市、改善城市交通状况、便利河内市民出行等发挥重要作用。项目顺利运营是两国各领域合作提质升级的生动体现,也是对两国建交72周年的重要献礼,期待更多代表中国先进技术水平的合作项目在越南落地,助力越南经济社会高质量发展。

河内吉灵-河东线轻轨由中国中铁六局集团有限公司承建,是中越两国共建“一带一路”的标志性项目。(完)

图说 1- 1月13日,嘉宾在越南首都河内出席河内吉灵-河东线轻轨落成仪式。新华社照片

图说 2- 11月6日,列车在越南首都河内吉灵-河东轻轨线上行驶。新华社照片