Connect with us

COVID-19 UPDATES

ဗြိတိန်တွင် အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကြောင့် သေဆုံးလူနာ ရှိလာ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စတိုးဆိုင်တစ်ဆိုင်အဝင်ဝတွင် ဈေးဝယ်သူများပါးစပ်နှာခေါင်းစည်း(သို့)မျက်နှာအကာအကွယ်ပစ္စည်းတပ်ဆင်ရန် သတိပေးဆိုင်းဘုတ်ချထားသည်ကို ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

လက်ရှိတွင် ဗြိတိန်နိုင်ငံ၌ အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုကြောင့် သေဆုံးလူနာ အနည်းဆုံး တစ်ဦး ရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၁၃ ရက် လန်ဒန်မြို့အနောက်ပိုင်း ကာကွယ်ဆေးထိုးနှံ့ရေးစင်တာသို့ သွားရောက် စစ်ဆေးကြည့်ရှုစဉ် ပြောကြားခဲ့သည်။

ယခုရက်ပိုင်းဆက်တိုက်ဆိုသလို အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသည် ဗြိတိန်နိုင်ငံတွင် လျင်မြန်စွာပြန့်နှံ့လျက်ရှိသည်။ ဒီဇင်ဘာ ၁၃ ရက်အထိ အိုမီခရွန်ကူးစက် လူနာ စုစုပေါင်း ၄,၇၁၃ ဦး ကျော်ရှိသည်။ “အိုမီခရွန်အတွက် အရေးပေါ် အားဖြည့်ကာကွယ်ဆေး အမျိုးသာမစ်ရှင်”စတင်မည်ဖြစ်ပြီး နှစ်ကူးမတိုင်မီ အင်္ဂလန်ရှိ အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအားလုံးကို အားဖြည့်ကာကွယ်ဆေးပံ့ပိုးပေးမည်ဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၁၂ ရက်တွင် ကြေညာခဲ့သည်။

အိုမီခရွန် လျင်မြန်စွာ ကူးစက်နေမှုကို ရင်ဆိုင်ရန်အတွက် ကိုဗစ်ကပ်ရောဂါ သတိပေးချက်ကို အဆင့် ၃ မှ အဆင့် ၄ အထိ မြှင့်တင်လိုက်ကြောင်း ဗြိတိန် ကျန်းမာရေးနှင့်လူမှုစောင့်ရှောက်ရေးဌာနက ဒီဇင်ဘာ ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ သတိပေးစနစ်ကို စုစုပေါင်း ၅ ခု ခွဲခြားထားပြီး အဆင့်မြင့်လာလေ အစိုးရက ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ပို၍ တင်းကျပ်စွာဆောင်ရွက်ရန် လိုအပ်လာသည့် သဘောဖြစ်ကြောင်း သိရသည်။ သတိပေးချက် အဆင့် ၄ သည် “ဗိုင်းရပ်စ် ကူးစက်မှုအားကောင်းပြီး ကပ်ရောဂါအခြေအနေသည် ဆေးကုသမှုနှင့်ကျန်းမာရေးစောင့်ရှောက်မှုအတွက် တိုက်ရိုက် ဝန်ဖိအား ကျယ်ကျယ်ပြန့်ပြန့်ရှိလာခြင်း သို့မဟုတ် တိုးမြင့်လာခြင်း”ကို ဖော်ပြခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………….
(Chinese Version)
(国际疫情)英国出现感染奥密克戎毒株后死亡的病例
2021-12-14 00:09:34
新华社伦敦12月13日电(记者郭爽)英国首相鲍里斯•约翰逊13日在伦敦西部一家疫苗接种诊所视察时表示,英国目前至少有一例因感染新冠变异病毒奥密克戎毒株死亡的病例。
连日来,奥密克戎毒株在英国快速蔓延。截至13日,奥密克戎毒株累计感染病例已超过4713例。约翰逊12日宣布启动“奥密克戎紧急加强针国家任务”,在新年前为英格兰所有18岁及以上人员提供加强针接种服务。
英国卫生与社会保健部12日发布公告说,英国新冠疫情警报级别由3级升至4级,以应对奥密克戎毒株在该国快速传播。英国设立的新冠疫情警报系统共分5个级别,级别越高意味着政府需要采取越严格的防疫措施。4级意味着“病毒传染性强,疫情对医疗保健服务的直接压力广泛且巨大或正在上升”。(完)
图说1:12月9日,英国伦敦一家商店门前的提示牌上写着顾客在店内必须佩戴面部遮盖物。新华社发(史蒂芬•程摄)