Connect with us

North America

ဗြိတိန်နိုင်ငံ လီဗာပူးမြို့တွင် ကားဗုံးခွဲမှု ဖြစ်ပွား ၊ အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် လုံခြုံရေးကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ အနောက်မြောက်ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်သော လစ်ဗာပူးမြို့တွင် နိုဝင်ဘာ ၁၄ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး အခြား ၁ ဦး ဒဏ်ရရာရှိခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ရပ်အား ဗြိတိန် အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ပါဝင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူ ၃ ဦး အား ဖမ်းဆီးခဲ့သည်။

နိုဝင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် ၁၁ နာရီခန့်က လီဗာပူးမြို့လယ်ခေါင်ရှိ ဆေးရုံတစ်ခုပြင်ပတွင် အငှားယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လိုက်ပါစီးနှင်းလာသည့် ခရီးသည် သေဆုံးပြီး အငှားယာဉ်မောင်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။ ဒဏ်ရာရသူအား ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ရာ အသက်အန္တရာယ်မရှိကြောင်း ဆိုသည်။

အချင်းဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးယာဉ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့က ဆေးရုံတစ်ဝိုက်တွင် သတိပေးစည်းမျဉ်းများ တားဆီးကာ ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယခုအကြိမ်ဖြစ်ပွားသည့် ကားဗုံးခွဲမှုကို အကြမ်းဖက်ဖြစ်ရပ်ဟု မသတ်မှတ်နိုင်သေးကြောင်း၊ သို့သော် သတိပြုသည့်အနေဖြင့် ဗြိတိန်အကြမ်းဖက်တိုက်ဖျက်ရေးရဲတပ်ဖွဲ့က ပါဝင် ဦးဆောင်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ လက်ရှိတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အသက် ၂၁ နှစ်မှ ၂၉ နှစ်အရွယ်အမျိုးသား ၃ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ (Xinhua)
………………………………………………
(Chinese Version)

(国际)英国利物浦发生汽车爆炸 反恐警察介入调查
2021-11-15 06:37:21
新华社伦敦11月14日电(记者王慧慧)英国西北部港口城市利物浦14日发生一起汽车爆炸事件,造成1人死亡、1人受伤。英国反恐警察已介入调查并逮捕3人。
英国警方证实,当地时间14日11时左右,一辆出租车在利物浦市中心一家医院外发生爆炸,造成乘客死亡、出租车司机受伤。伤者被送往医院接受救治,没有生命危险。
事发后,救护车和消防员赶赴现场,警方在医院周围设置警戒线,并对爆炸原因展开调查。
警方表示,此次汽车爆炸尚未被定性为“恐怖事件”,但出于谨慎考虑,英国反恐警察已介入并领导此次调查。目前,警方依据反恐法逮捕3名年龄在21岁至29岁的男子。(完)

图说1:2017年9月17日,在英国伦敦,警察在街上巡逻。新华社发(史蒂芬•程摄)