Connect with us

Europe

ဗြိတိန်နှင့်ပြင်သစ်က အရှေ့ဥရောပသို့ စစ်အင်အားတိုးချဲ့စေလွှတ်ရန် ပြင်ဆင်

ယူကရိန်းနိုင်ငံ အနောက်ပိုင်း Lvivပြည်နယ်တွင် “Rapid Trident 2020“ နိုင်ငံစုံ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်ကို ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ)

ရုရှား-ယူကရိန်း အခြေအနေတင်းမာလာရာတွင် ဗြိတိန်နှင့် ပြင်သစ်တို့သည် အရှေ့ဥရောပသို့ တပ်ဖွဲ့ထပ်တိုး စေလွှတ်ပြီး နေတိုးမဟာမိတ်များကို ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တစ်နေ့တစ်ခြားပို၍တင်းမာလာသည့် ယူကရိန်းအရေးကို ရင်ဆိုင်ရာတွင် နေတိုးအဖွဲ့အား ကူညီရန်အတွက် အရှေ့ဥရောပဒေသသို့ ဗြိတိန် စစ်သားဦးရေကို တစ်ဆ ထပ်တိုးဖြန့်ကျက်ရန် ပြင်ဆင်နေကြောင်း ဇန်နဝါရီ ၂၉ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပင်လယ်၊ မြေပြင်၊ ဝေဟင် မျက်နှာစာသုံးခုလုံးတွင် နေတိုးမဟာမိတ်အဖွဲ့ကို အထောက်အပံ့ဖြစ်စေရန် ဗြိတိန်လက်နက်ကိုင်တပ်ဖွဲ့၊ တိုက်လေယာဉ်နှင့် စစ်ရေယာဉ်များကို လာမည့်ရက်သတ္တပတ်အတွင်း ဥရောပတွင် ဖြန့်ကျက်ရန် အမိန့်ပေးပြီး ဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က ဆိုသည်။ စစ်အင်အားဖြည့်တင်းသည့် ရည်ရွယ်ချက်က “ကရင်မလင်နန်းတော်ကို ရှင်းလင်းပြတ်သားသော အချက်ပြမှုပေးရန်”အတွက် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘောရစ်ဂျွန်ဆင်သည့် လာမည့်ရက်ပိုင်းအတွင်း အရှေ့ဥရောပသို့ သွားရောက်ရန်ရှိပြီး သမ္မတပူတင်နှင့်လည်း ဖုန်းဖြင့်ဆက်သွယ်ပြောဆိုမည် ဖြစ်ကြောင်း သိရသည်။ ဗြိတိန်အခြေစိုက် ရုရှားသံရုံးက ဗြိတိန်ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ ယူကရိန်းအရေးဆွေးနွေးရန်အတွက် လာမည့်အပတ်အတွင်း မော်စကိုသို့ သွားရောက်ရန်ရှိသည်ဟု အတည်ပြုခြ့သည်။

ထိုတစ်ရက်တည်းတွင်ပင် ပြင်သစ်ကာကွယ်ရေးဝန်ကြီးFlorence Parlyက နေတိုးအဖွဲ့၏ စီမံဖြန့်ကျက်သည့် မူဘောက်အောက်မှာ ပြင်သစ်က ရိုမေးနီးယားကို ရာနှင့်ချီသော စစ်သားများ စေလွှတ်ရန်အတွက် စီစဉ်နေကြောင်း ပြင်သစ်မီဒီယာများ နှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ရိုမေးနီးယားနှင့်ယူကရိန်းသည် နယ်မြေချင်းဆက်စပ်နေကြောင်း Florence Parlyက ဆိုသည်။ ရုရှား-ယူကရိန်း အခြေအနေတင်းမာနေမှုကြောင့် ရိုမေးနီးယားသည် “ဒေသတွင်း အခြေအနေတင်းမာမှု၏ ဗဟိုချက်မ”ဖြစ်ရာ ၎င်း၏လုံခြုံရေး အာမခံမှုရှိရန် လိုအပ်ကြောင်း ၊ရာနှင့်ချီသော စစ်သားများ ကို ရိုမေးနီးယားသို့ စေလွှတ်သွားရန် ပြင်သစ်က ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drianက ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbockနှင့်အတူ ယူကရိန်းသို့ သွားရောက်ရန်ရှိကြောင်း ဇန်နဝါရီ ၂၉ ရက် တွစ်တာတွင် ဖော်ပြထားသည်။ ပြင်သစ်နှင့်ဂျာမနီသည် ယူကရိန်းကို အစွမ်းကို အားပေးသွားမည်ဖြစ်ပြီး “နော်မန်ဒီပုံစံ” ဖြင့် အခြေအနေများ အေးလာအောင် ဆက်လက်ဖျန်ဖြေသွားများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းဆက်ဆံရေးသည် ယခုကာလများတွင် တစ်ဟုန်တိုး ဆိုးဝါးလာရာ နှစ်ဖက်စလုံးက နယ်စပ်ဒေသအသီးသီးတွင် စစ်အင်အား အများအပြားချထားလျက်ရှိသည်။ အမေရိကန်နှင့် နေတိုးအဖွဲ့က ရုရှားစစ်အင်အားအလုံးအရင်းချထားခြင်းမှာ ဝင်ရောက်ကျူးကျော်မည့်အနေအထား ရှိကြောင်း ဆိုသည်။ ထို့အပေါ် ရုရှားက ငြင်းဆိုထားပြီး နေတိုး၏လှုပ်ရှားမှုများက ရုရှားနယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်းနှင့် ရုရှားတွင် ပိုင်နက်နယ်မြေအတွင်း တပ်ဖွဲ့ဝင်နေရာချထား၍ နယ်မြေပိုက်နက်ကာကွယ်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………………
(Chinese Version)
(国际)英法准备向东欧增兵
2022-01-30 19:56:26
新华社北京1月30日电综合新华社驻外记者报道:在俄罗斯和乌克兰局势趋紧的情况下,英国、法国日前均表示准备向东欧地区增派部队,支援北约盟友。
英国首相约翰逊29日晚发表声明说,英国准备将部署在东欧地区的英军士兵人数增加一倍,以帮助北约应对日益紧张的乌克兰局势。
约翰逊说,他已下令英国武装部队、战机和军舰准备好下周内开赴欧洲部署,以确保能够在海、陆、空三线支援北约盟友。约翰逊称,增兵部署旨在“向克里姆林宫传递清晰信号”。
约翰逊未来几天里还将出访东欧并同俄罗斯总统普京通电话。另据俄罗斯驻英国大使馆确认,英国国防大臣和外交大臣下周内将赴莫斯科会商乌克兰局势。
同日,法国国防部长帕利在接受法国媒体采访时表示,法国在北约部署的框架下,计划向罗马尼亚派遣数百名士兵。
帕利表示,罗马尼亚与乌克兰接壤。由于俄乌局势紧张,罗马尼亚处于“地区紧张局势的震中”,其安全需要得到保障。她说,法国已做好向罗马尼亚派遣数百名士兵的准备。
此外,法国外长勒德里昂29日在推特上发文称,他将于2月7日和8日与德国外长贝尔伯克一同出访乌克兰。他说,法德将全力支持乌克兰,并在“诺曼底模式”下,继续斡旋,让紧张局势降温。
俄乌关系近期加速恶化,双方在两国边境地区部署大量军事人员和装备。美国和北约指认俄罗斯集结重兵,有“入侵”之势。俄方否认,强调北约活动威胁俄边境安全,俄方有权在境内调动部队以保卫领土。(参与记者:张代蕾、唐霁)(完)
图说1:2020年9月17日,乌克兰士兵参加在乌克兰西部利沃夫州举行的代号为“快速三叉戟-2020”的多国联合军事演习。(新华社发)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.