Connect with us

North America

ဗြိတိန်ဘုရင်မကြီး၏ ရဲတိုက်အတွင်းသို့ ဒူးလေးကိုင် ဝင်ရောက်ရန် ကြိုးပမ်းသူ အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ဗြိတိန်နိုင်ငံ ဝင်ဆာရဲတိုက်ပြင်ပတွင် ဈာပနအခမ်းအနားကျင်းပရန်အတွက် လူအများစုဝေးနေသည်ကို ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ဗြိတိန် ဘုရင်မကြီး အယ်လီဇဘက်(II)နေထိုင်ရာ ဝင်ဆာရဲတိုက်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၅ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။

စောင့်ကြည့်ကင်မရာတွင် ဒူးလေးကိုင်ဆောင်ထားသော ယင်းအမျိုးသားသည် ကြိုးလှေကားဖြင့် နံရံကျော်ကာ ရဲတိုက်ဝန်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးမ်းနေသည်ကို တွေ့ရကြောင်း ဗြိတိန်မီဒီယာများက ဒီဇင်ဘာ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

ဗြိတိန်ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ယင်းအမျိုးသားသည် အင်္ဂလန်တောင်ပိုင်း ဆောက်သမ်ပတန်မြို့မှလာခြင်း ဖြစ်ကြောင်း၊ ၎င်းသည် မည်သည့်အဆောက်အဦကိုမျှ ဝင်ရောက်ခြင်းမရှိသော်လည်း ကာကွယ်ရေးဧရိယာအတွင်း တိုက်ခိုက်ရေး လက်နက်ကိုင်ဆောင်၍ ဝင်ရောက်ရန် သံသယရှိမှုဖြင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အချင်းဖြစ်ပွားချိန်သည် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်း ၈ နာရီ ၃၀ မိနစ်တွင် ဖြစ်ကြောင်း ၊ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေပြီး ဗြိတိန်တော်ဝင်မိသားစုများက ယင်းဖြစ်ရပ်ကို သိရှိပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ဒီဇင်ဘာ ၂၅ ရက်သည် ခရစ္စမတ်ပွဲတော်ဖြစ်ရာ ဘုရင်မကြီး အယ်လီဇဘက်(II)သည် ၎င်း၏သားဖြစ်သူ ချားလ်စ် ဝေလမင်းသားဇနီးမောင်နှံနှင့်အတူ ဝင်ဆာရဲတိုက်တွင် ပွဲတော်အကျဉ်းချုံကျင်းပနေချိန်ဖြစ်သည်။

အယ်လီဇဘက်(II)သည် ယခုအခါ သက်တော် ၉၅ နှစ်ရှိပြီး ဗြိတိန်တွင် အသက်အရှည်ဆုံးနှင့် ထီးနန်းအုပ်စိုးချိန်အကြာဆုံး ဘုရင်မကြီး ဖြစ်သည်။ ၂၀၂၂ ခုနှစ်သည် သူမ၏ နန်းစံနှစ် ၇၀ ပြည့်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် သူမသည် များသောအားဖြင့် ဝင်ဆာရဲတိုက်အတွင်းတွင် နေထိုင်ခဲ့သည်။ ၎င်း၏ကြင်ရာတော် မင်းသားကြီးဖိလစ်သည် ယခုနှစ် ဧပြီလတွင် ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် သက်တော်အားဖြင့် ၉၉ နှစ်ရှိကြောင်း သိရသည်။ (Xinhua)

———————————
(Chinese Version)
一男子涉嫌持弩硬闯英女王城堡被捕
2021-12-27 09:41:06
新华社北京12月27日电 英国警方25日晚说,一名19岁男子当天试图闯入英国女王伊丽莎白二世居住的温莎城堡,被警方逮捕。
英国媒体26日报道,监控录像显示,这名男子手持一把弩,试图用绳梯攀爬围栏,进入城堡范围。
4月17日,人们聚集在英国温莎城堡外等待葬礼举行。(新华社记者韩岩摄)
英国警方发表声明说,这名男子来自英格兰南部的南安普敦,他没有闯入任何建筑物,已经因涉嫌侵入受保护地点和持有攻击性武器被捕。
警方说,事发时间是25日上午8时30分,调查仍在继续,英国王室成员已经获悉此事。
25日是圣诞节。伊丽莎白二世和她的儿子查尔斯夫妇等王室成员在温莎城堡低调过节。
伊丽莎白二世现年95岁,是英国最长寿、在位最久的君主。2022年将是她在位第70年。新冠疫情暴发以来,她大部分时间居住在温莎城堡。她的丈夫菲利普亲王今年4月在温莎城堡去世,享年99岁。(郭倩)