Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ 5G ဝန်ဆောင်မှုစတင်နိုင်ရန် ဟွာဝေးက ကူညီအားဖြည့်ပေး

ဘင်္လားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင် ကျင်းပသည့် “NEW ERA 5G” အခမ်းအနားအား လာရောက်ကြည့်ရှုသူများကို ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ် တယ်လီကွန်းအော်ပရေတာ Teletalk နှင့် တရုတ် ဟွာဝေးကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြီးခဲ့သည့်ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် 5G ဝန်ဆောင်မှု တရားဝင် စတင်ဆောင်ရွက်ခဲ့သည်။

“NEW ERA 5G” အခမ်းအနားတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဗွီဒီယိုဖြင့် ဂုဏ်ပြုဆုတောင်းစကားပြောကြားနေသည်ကို ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“NEW ERA 5G” အခမ်းအနားတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ အကြံပေးSajeeb Wazed Joyက ဗွီဒီယိုမှတစ်ဆင့် ဂုဏ်ပြုဆုတောင်းစကားပြောကြားနေသည်ကို ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ အကြံပေး Sajeeb Wazed Joyက ဒီဇင်ဘာ ၁၂ရက်တွင် ကျင်းပသည့် “NEW ERA 5G” အခမ်းအနား၌ 5Gဝန်ဆောင်မှု တရားဝင် စတင်ကြောင်း ဗွီဒီယိုလင့်ခ်မှတစ်ဆင့် ကြေညာခဲ့သည်။ ထိုအခမ်းအနားအတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဂုဏ်ပြုဆုတောင်းစကားပြောကြားသည့် ဗွီဒီယိုအား ပေးပို့ခဲ့ကြောင်း သိရသည်။

Sajeeb Wazed Joyက အမှာစကားပြောကြားရာတွင် ဒစ်ဂျစ်တယ်ခေတ် အပြန်အလှန် ချိတ်ဆက်မှုသည် အရေးကြီးကြောင်း၊ ကောင်းမွန်သည့် အင်တာနက်သည် နိုင်ငံဖွံ့ဖြိုးရေးအခွင့်အလမ်း၏ အထောက်အပံ့ဖြစ်ကြောင်း ဆိုသည်။ ဘင်္လားဒေ့ရှ် အစိုးရ သက်ဆိုင်ရာ ဌာနများနှင့် ဟွာဝေးကုမ္ပဏီက 5G တည်ဆောက်ရေးတွင် အကျိုးဆောင်သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟွာဝေးသည် ကမ္ဘာ့နိုင်ငံ အများအပြားတွင် အခြေခံအဆောက်အအုံတည်ဆောက်ရေးများကို အစဉ်ပံ့ပိုးပေးလျက်ရှိပြီး 5Gနည်းပညာ ကျယ်ပြန့်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟွာဝေးအနေဖြင့် ခေတ်မီနည်းပညာများဖြင့် ဘင်္လားဒေ့ရှ်၏ဆက်သွယ်ရေးလုပ်ငန်း လျင်မြန်စွာတိုးတက်လာအောင် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြော်ငး ဟွာဝေး အာရှ-ပစိဖိတ်ဒေသ ဌာန အကြီးအကဲ လျင်ပေါ်ဖုန်းက ဗီဒီယိုမှတစ်ဆင့် အမှာစကားပြောကြားခဲ့သည်။

အဆိုပါ 5Gဝန်ဆောင်မှုကို ကနဦးကာလတွင် ဘင်္လားဒေ့ရှ်လွှတ်တော်အဆောက်အဦ၊ ဝန်ကြီးချုပ်ရုံး၊ အမျိုးသားနေ့အထိမ်းအမှတ်ကျောက်တိုင်စသည့်နေရာများတွင် တပ်ဆင်သွားမည်ဖြစ်ပြီး အနာဂတ်တွင် အသုံးပြုသည့်အတိုင်းအတာကို တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………….
(Chinese Version)
(财经)华为助力孟加拉国推出5G服务
2021-12-13 22:50:13
新华社达卡12月13日电(记者刘春涛)孟加拉国电信运营商Teletalk与中国华为公司合作,日前在孟首都达卡正式推出5G服务。
孟总理信息通信技术顾问瓦吉德在12日举行的“5G新纪元”活动上通过视频宣布5G服务正式启动。孟总理哈西娜为活动发来祝贺视频。
瓦吉德在致辞中强调数字时代互联互通的重要性,指出良好的网络有助于国家抓住发展机遇。他感谢孟政府相关部门和华为公司在5G建设方面作出的贡献。
华为亚太地区部总裁林柏枫通过视频致辞表示,华为一直为全球多个国家提供基础设施支持,推广5G技术。华为将利用先进技术支持孟加拉国加快通信产业发展。
据悉,在初始阶段,5G网络将部署在孟国会大厦、总理办公室、国家纪念碑等地,未来将逐步扩大覆盖范围。(完)
图说1:12月12日,人们在孟加拉国首都达卡举行的“5G新纪元”活动上参观。新华社发
图说2:12月12日,在孟加拉国首都达卡,孟总理哈西娜为“5G新纪元”活动发来祝贺视频。新华社发
图说3:12月12日,在孟加拉国首都达卡,孟总理信息通信技术顾问瓦吉德在“5G新纪元”活动上通过视频致辞。新华社发