Connect with us

North America

ဘိုင်ဒင်အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ဆော်ဒီအာရေဗျနိုင်ငံသို့ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ ရောင်းချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်အား စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၅ (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဆော်ဒီအာရေဗျနိုင်ငံသို့ ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည် ၂၈၀ လုံး ရောင်းချရန် အတည်ပြုခဲ့ကြောင်း ပင်တဂွန်က နိုဝင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်တွင် အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်သောလေကြောင်းပြပွဲအား စက်တင်ဘာ ၂၃ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

အဆိုပါ လက်နက်ရောင်းချမှုတွင် U.S. Raytheon နည်းပညာဆိုင်ရာကုမ္ပဏီ မှ ထုတ်လုပ်သော အဆင့်မြင့် AIM-120C တာလတ်ပစ် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည် ၂၈၀ လုံး၊ LAU-128 ဒုံးကျည် ၅၉၆ လုံးနှင့် ထောက်ပံ့ပစ္စည်းများနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များ ပါဝင်သည်။

ပင်တဂွန်က လက်နက်ရောင်းချခြင်းအစီအစဉ်ကို ယင်းနေ့တွင် လွှတ်တော်သို့ အသိပေးခဲ့သည်။ အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဇက်ဘိုင်ဒင် စတင်တာဝန်ယူချိန်မှစ၍ ဆော်ဒီအာရေဗျနိုင်ငံသို့ ပထမဆုံးသော အမေရိကန်လက်နက်များ ရောင်းချမှုကို ကွန်ဂရက်လွှတ်တော်မှ အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း Reuters ၏ ဖော်ပြချက်အရ သိရသည်။ ဆော်ဒီအာရေဗျနိုင်ငံကို ကာကွယ်ရေးလက်နက်များသာ ရောင်းချသည့် မူဝါဒကို လိုက်နာကြောင်း ဘိုင်ဒင် အစိုးရက ကြေညာခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် အောက်တိုဘာ ၂၆ ရက်က လက်နက်ရောင်းချမှုကို အတည်ပြုခဲ့ပြီး ဆော်ဒီအာရေဗျသို့ ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များ ရောင်းချမှုသည် လွန်ခဲ့သည့်နှစ်အတွင်း ဆော်ဒီအာရေဗျ ကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ AIM-120C ဒုံးကျည်များကို လေကြောင်းရန်ကာကွယ်ရေးအတွက် အသုံးပြုနိုင်ပြီး “ဆော်ဒီအာရေဗျတွင် အီရန်က ကျောထောက်နောက်ခံပြုထားသည့် ဟူသီလက်နက်ကိုင်များ၏ လေကြောင်းတိုက်ခိုက်မှုကို ခုခံကာကွယ်ရန်အတွက်ဖြစ်ကြောင်း”၊ သို့သော် မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ရေးတွင် အသုံးမပြုရန်ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျသည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်ပြည်ထောင်စု၏ အရေးကြီးသော မိတ်ဖက်နိုင်ငံဖြစ်သည်။ ဆော်ဒီအာရေဗျသည် ယီမင်ပြည်တွင်းစစ်အတွင်း ပါဝင်ပတ်သက်မှုအတွက် အမေရိကန်လွှတ်တော်အမတ်များ ယခင်က ဝေဖန်ခဲ့ကြပြီး ၊ အမေရိကန်လက်နက်များကို အသုံးပြု၍ အရပ်သားများအား သတ်ဖြတ်ခြင်း ရှိမရှိကို အာမမခံနိုင်သောကြောင့် ဆော်ဒီအာရေဗျသို့ လက်နက်အများအပြားရောင်းချရေး ခွင့်ပြုရန် ငြင်းဆိုခဲ့သည်။

ဆော်ဒီအာရေဗျသည် ယီမင်ဟူသီလက်နက်ကိုင်တပ်ဖွဲ့များက ဆော်ဒီအာရေဗျကို ပဲ့ထိန်းဒုံးကျည်များပစ်လွှတ်ခြင်း သို့မဟုတ် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့သည်။ ဟူသီများသည် ၂၀၁၄ ခုနှစ်တွင် ယီမင်မြို့တော် ဆန်နာရာကို သိမ်းပိုက်ခဲ့ပြီး ယီမင်၏ ကြီးမားသော ဧရိယာကို ထိန်းချုပ်ခဲ့သည်။ ဆော်ဒီဦးဆောင်သော နိုင်ငံစုံညွန့်ပေါင်းအဖွဲ့သည် ၂၀၁၅ ခုနှစ်တွင် ယီမင်ပြည်တွင်းစစ်၌ ဝင်ရောက်စွက်ဖက်ခဲ့ပြီး ယီမင်အစိုးရက ဟူသီတပ်ဖွဲ့များအား နှိမ်နင်းရန်နှင့် ပိတ်ဆို့ခြင်းများဆောင်ရွက်ရာတွင် ကူညီပေးခဲ့သည်။ ဆော်ဒီအာရေဗျက ဟူသီလက်နက်ကိုင်များအား လက်နက်နဲ့ အခြားအကူအညီများကို အီရန်ကပံ့ပိုးပေးကြောင်း စွပ်စွဲထားသော်လည်း အီရန်ဘက်မှ ငြင်းဆိုထားကြောင်း သိရသည်။ (Xinhua)

————————————–
(Chinese Version)
拜登政府首次 美国务院批准向沙特出售空空导弹
新华社北京11月5日电 五角大楼4日宣布,美国国务院已批准向沙特阿拉伯出售280枚空对空导弹,合同价值大约6.5亿美元。
这笔军售包括280枚由美国雷神技术公司制造的AIM-120C型先进中程空对空导弹、596个LAU-128型导弹挂架以及配套装备和技术支持。
五角大楼当天告知国会这一军售计划。按照路透社的说法,一旦获国会批准,将是民主党籍总统约瑟夫•拜登就职以来,美国对沙特的首笔军售大单。拜登政府宣称对沙特奉行只出售“防御性武器”的政策。
一名国务院发言人说,国务院10月26日批准这笔军售,向沙特出售空对空导弹缘于“过去一年针对沙特的跨境袭击增加”。
按照这名发言人的说法,AIM-120C型导弹可用于空中防御,确保“沙特有办法抵御伊朗支持的胡塞武装空袭”,但不得用于打击地面目标。
沙特是美国在中东地区的重要伙伴。美国国会议员先前批评沙特介入也门内战,拒绝批准多笔对沙特军售,因为无法确保美国武器不被用于杀害平民。
沙特方面多次指认也门胡塞武装向沙特发射弹道导弹或发动无人机袭击。胡塞武装2014年夺取也门首都萨那,进而控制也门大片地区。沙特主导的多国联军2015年介入也门内战,帮助也门政府打击胡塞武装并实施封锁。沙特指认伊朗向胡塞武装提供武器等援助,伊朗予以否认。(李彦南)
图说1-这是9月3日在美国华盛顿拍摄的白宫。(新华社记者刘杰摄)
图说2-9月23日,沙特阿拉伯首都利雅得举行飞行表演庆祝国庆日。(新华社记者胡冠摄)