Connect with us

North America

ဘိုင်ဒန်က ၎င်းတာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း အီရန်ကို နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ပြုမည်မဟုတ်ဟု ဆို

နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားနေသည့် သမ္မတ ဘိုင်ဒန်အား ဧပြီ ၂၈ ရက်က ဝါရှင်တန်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

ဘိုင်ဒန်က ၎င်းတာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း အီရန်ကို နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ပေးမည်မဟုတ်ဟု အစ္စရေးသမ္မတReuven Rivlinနှင့် ဇွန် ၂၈ ရက် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။အစ္စရေး၏ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ကို အမေရိကန်က ခိုင်မာစွာထောက်ခံသွားမည်ဖြစ်ကြောင်း ဘိုင်ဒန်က တွေ့ဆုံဆွေးနွေးစဉ် အလေးထားပြောကြားခဲ့သလို ၎င်းတာဝန်ထမ်းဆောင်နေသည့်ကာလတွင် အီရန်ကို နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ပြုမည်ဟုတ်ဟု အတိအလင်း ပြောဆိုခဲ့သည်။ အစ္စရေး ဝန်ကြီးချုပ်Naftali Bennettကို အိမ်ဖြူတော်သို့ လာရောက်ရန် အမြန်ဆုံး ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ၊ အစ္စရေးနှင့်ဒေသတွင်းနိုင်ငံများ၏ ဆက်ဆံရေး ပုံမှန်ဖြစ်အောင် ဆောင်ရွက်မှုကို အမေရိကန်က အားပေးထောက်ခံကြောင်း ဘိုင်ဒန်က ဆိုသည်။

ဘိုင်ဒန်၏ အီရန်ကို နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ပြုမည်မဟုတ်ဟူသော ကတိစကားကို ကျေနပ်ကြောင်း အစ္စရေးသမ္မတ Reuven Rivlinက တွေ့ဆုံဆွေးနွေးပွဲအပြီး မီဒီယာများကို ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန် နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အကောင်အထည်ဖော်ရန် ဆွေးနွေးပွဲကို သဘောတူညီချက်တွင် ပါဝင်သည့် ဘက်ပေါင်းစုံက ယခုနှစ် ဧပြီ ၆ ရက် ဗီယင်နာမြို့တွင် ကျင်းပခဲ့ရာ ယနေ့အထိ တွေ့ဆုံဆွေးနွေးမှု (၆)ကြိမ်ပြုလုပ်ပြီးဖြစ်သော်လည်း နှစ်နိုင်ငံအကြား ကွဲလွဲမှုကြီးများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်သည် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီနိုင်ငံများနှင့် အီရန်နျူကလီးယားသဘောတူညီချက် ရရှိခဲ့သည်။ သဘောတူညီချက်အရ နျူကလီးယားအစီအစဉ်ကို အကန့်အသတ်ဖြင့် ဆောင်ရွက်ရန် အီရန်က ကတိပြုထားပြီး နိုင်ငံတကာအသိုက်အဝန်းက အီရန်အပေါ် ပိတ်ဆို့မှုများအား ဖယ်ရှားပေးရမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလတွင် အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန်အစိုးရ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီးနောက် အီရန်အပေါ် ပိတ်ဆို့မှုများ၊ ထပ်တိုးအသစ်များကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလမှစ၍ နျူကလီးယားသဘောတူညီချက်ပါအကြောင်းအရာအချို့ကို အီရန်က လိုက်နာရန် ရပ်ဆိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အခြေအနေအပြောင်းအလဲရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————————————–
(Chinese Version)

(国际)拜登称任期内不会允许伊朗拥有核武器

新华社华盛顿6月28日电(记者刘品然)美国总统拜登28日在白宫与到访的以色列总统里夫林讨论双边关系和地区局势时说,他任期内不会允许伊朗拥有核武器。

拜登在会谈时重申美国对以色列自卫权的坚定支持,明确表示在他任期内不会允许伊朗拥有核武器。拜登说,他将很快邀请以总理贝内特到访白宫,美国支持以色列与地区国家实现关系正常化。

里夫林在会晤结束后对媒体表示,他对拜登作出的“不会允许伊朗拥有核武器”的承诺感到满意。
伊朗核问题全面协议相关方会谈今年4月6日开始在维也纳举行,讨论美国伊朗恢复履约问题,迄今已举行六轮会谈,但美国和伊朗之间仍存在严重分歧。

2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊朗核问题全面协议。根据协议,伊朗承诺限制其核计划,国际社会解除对伊制裁。2018年5月,美国政府单方面退出伊核协议,随后重启并新增一系列对伊制裁。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取措施“可逆”。(完)

图说1:4月28日,美国总统拜登(中)在首都华盛顿的国会发表演讲。 新华社发(Pool图片,梅丽娜•玛拉摄)