Connect with us

North America

မက္ကဆီကိုအလယ်ပိုင်းတွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် လူ ၁၉ ဦး သေဆုံး

မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းပြည်နယ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး လူ ၁၉ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရသွားကြောင်း မက္ကဆီကို ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။နိုဝင်ဘာ ၆ ရက် ၊ မွန်းလွဲပိုင်းက မက္ကဆီကို ပြည်နယ် Chalco မြို့အနီးရှိ ကားလမ်းမပေါ်တွင် ကုန်တင်ကားတစ်စီး မောင်းနှင်လာစဉ် ဘရိတ်ပေါက်သွားခဲ့ကြောင်း ယင်းကုန်တင်ကားသည် အရှိန်မထိန်းနိုင်တော့ဘဲ အခြားကားအများအပြား နှင့် တိုးဂိတ်ကို ဝင်တိုက်မိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မက္ကဆီကိုနိုင်ငံ အနောက်မြောက်ပိုင်း ဆိုနိုရာမြို့တွင် စက်တင်ဘာ ၂ ရက် ကဖြစ်ပွားသော ယာဉ်မတော်တဆ တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ယာဉ်မတော်တဆမှု ဖြစ်ပွားမှုအတွင်း ယာဉ်အများအပြား မီးလောင်ခဲ့ပြီး မြေပြင်ပေါ်တွင် လောင်စာဆီများ ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားသည့်နေရာ လမ်းအပိုင်းကို ပိတ်ထားရပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သည်။ ဒေသခံမီဒီယာများ၏ဖော်ပြချက်အရ အခင်းဖြစ်ပွားသည့်လမ်းအပိုင်းသည် မြို့တော်မက္ကဆီကိုစီးတီးသို့ သွားရာ ယာဉ်အသွားအလာထူထပ်သည့် အဓိကလမ်းကြောင်းများအနက် လမ်းကြောင်းတစ်ခုဖြစကြောင်း သိရသည်။(Xinhua)

—————————————
(Chinese Version)
(社会)墨西哥中部交通事故致19人死亡
新华社墨西哥城11月6日电(记者吴昊 朱雨博)墨西哥通信和交通部6日发布公告说,中部墨西哥州当天发生一起交通事故,造成19人死亡、3人受伤。   公告说,6日下午,一辆载重货车行驶至墨西哥州查尔科附近路段时刹车失灵,货车失控后与多辆汽车相撞,最终撞上收费站。事故中多辆车着火,地面有燃油泄漏痕迹。事发路段随后封闭,伤者被送医救治。   据当地媒体报道,事发路段为出入首都墨西哥城的主要通道之一,交通流量大。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.