Connect with us

Asia

မီးလောင်မှုဖြစ်ပွားသည့် ထိုင်းနိုင်ငံရှိ ဓာတုစက်ရုံ မီးငြှိမ်းသတ်နိုင်ပြီဖြစ်

ဘန်ကောက်၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ ဓာတ်တုစက်ရုံတစ်ရုံ၌ ဇူလိုင် ၅ ရက်က ပေါက်ကွဲ၍မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဇူလိုင် ၆ ရက်နံနက်ပိုင်းတွင် မီးငြှိမ်းသတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ဇူလိုင် ၅ ရက် နံနက် ၃ နာရီခန့်က ရေမြှုပ်နှင့်ပလက်စတစ်ပစ္စည်းထုတ်လုပ်သည့် ဓါတုစက်ရုံတစ်ခုပေါက်ကွဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နာရီ (၂၀)ကျော်ကြာ မီလောင်ကျွမ်းခဲ့ပြီးနောက် ဇူလိုင် ၆ ရက် နံနက် ၅ နာရီခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ထိုင်းမီဒီယာများ၏သတင်းများအရ သိရသည်။ ပေါက်ကွဲမှုကြောင့် အနီးရှိ နေအိမ် (၇၃)လုံး ပျက်စီးခဲ့ပြီး လူပေါင်း (၆၀)ကျော် ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် (၂)ဦးမှာ တရုတ်နိုင်ငံ ထိုင်ဝမ်မှဖြစ်ကြောင်း သိရသည်။ မီးငြှိမ်းသတ်မှုအတွင်း ထိုင်းမီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။

ထိုင်းနိုင်ငံ Samut Prakanရှိ မီးလောင်မှုဖြစ်ပွားသည့် ဓါတုစက်ရုံတွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအား ဇူလိုင် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဓာတုစက်ရုံပေါက်ကွဲမှုမှ ထွက်လာသော မီးခိုးမည်းများတွင် ကင်ဆာဖြစ်စေသည့် ပစ္စည်းပါဝင်ကြောင်း ၊လက်ရှိ အချင်းဖြစ်နေရာ၏ လေထုအရည်အသွေးသည် အခြေခံအားဖြင့် ပုံမှန်ပြန်လည်ရောက်ရှိသွားပြီကြောင်း ၊ သက်ဆိုင်ရာဌာနများက ထပ်ဆင့် သုံးသပ်မှုများ ပြုလုပ်ပြီးနောက် အရေးပေါ်ရွှေ့ပြောင်းထားသူများကို နေအိမ်များသို့ ပြန်လာခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းသဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန(PCD) အကြီးအကဲ Athapolက ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။ မိုးရွာသည့်အခါ အဆိပ်အတောက်ဖြစ်စေမည့် ပစ္စည်းများ မြေအောက်သို့ စိမ့်ဝင်သွားနိုင်ရာ သောက်သုံးရေညစ်ညမ်းမှုဖြစ်ပေါ်နိုင်သောကြောင့် နောက်တစ်ဆင့် လိုအပ်သည့် နည်းလမ်းများကို ဆောင်ရွက်သွားမည်ဟု Athapolက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မတော်တဆမှုကြောင့် အနီးတွင် ပျက်စီးဆုံးရှုံးခဲ့သည့် စက်ရုံနှင့် နေထိုင်သူများကို တောင်းပန်ကြောင်း၊ နစ်နာဆုံးရှုံးမှုအတွက် ထိုက်သင့်သည့် လျော်ကြေးပေးရန် ကတိပြုကြောင်း အချင်းဖြစ်ပွားသည့်စက်ရုံက ဇူလိုင် ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

—————————–i———————-
( Chinese Version)

(国际)泰国化工厂大火被扑灭

新华社曼谷7月6日电(任芊)泰国首都曼谷附近的一家化工厂5日发生重大爆炸事故引发的大火6日凌晨被扑灭。
据泰国媒体报道,5日3时左右,一家生产泡沫和塑料制品的化学品工厂发生爆炸并引发火灾,大火持续了20多个小时,6日凌晨5点左右被扑灭。爆炸导致周边73栋房屋受损,超过60人受伤,其中包括2名中国台湾籍员工。另有一名泰国消防员在救火过程中死亡。

泰国污染控制厅厅长阿塔蓬6日表示,化工厂爆炸产生的黑烟中含有大量致癌物质,目前事发地空气质量已基本恢复到正常水平,有关部门将在进一步评估后让紧急疏散的民众陆续回家。阿塔蓬说,降雨可能导致有毒物质进入地下,对饮用水造成污染,需进一步采取措施。
爆炸原因仍在调查中。涉事化工厂6日发表声明,对因事故受损的附近工厂和居民表示道歉,并承诺承担责任并进行相应赔偿。(完)

1. Photo taken on July 5, 2021 shows a blast site in a chemical factory in Samut Prakan, Thailand.
2. A firefighter is seen at a blast site in a chemical factory in Samut Prakan, Thailand, July 5, 2021.