Connect with us

Africa & Middle East

မော်ရီတေးနီးယားပင်လယ်ပြင်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ (၄၇)ဦးအား သေဆုံးလျက် တွေ့ရှိ

ဒတ်ကာ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ)

ပြီးခဲ့သည့်ရက်က တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများလိုက်ပါသည့်ရေယာဉ်တစ်စီးကို မော်ရီတေးနီးယားပင်လယ်ပြင်တွင် ယင်းနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့က တွေ့ရှိခဲ့ရာ ရေယာဉ်ပေါ်ရှိ လူ (၄၇)ဦး သေဆုံးနေကြောင်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း(IOM)နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)တို့က ဩဂုတ် ၁၉ ရက် မော်ရီတေးနီးယားနိုင်ငံမြို့တော်နာရာချော့က်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကလေးငယ်(၃)ဦး အပါအဝင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ (၅၄)ဦး လိုက်ပါလာသည့် အဆိုပါရေယာဉ်သည် ယခုလ ၃ ရက်တွင် မြောက်ပိုင်း အာဖရိကကမ်းခြေမှ စပိန်နိုင်ငံ ကနေရီကျွန်းစုသို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ခရီးထွက်ခွာပြီး (၂)ရက်အကြာတွင် အင်ဂျင်ချို့ယွင်မှုကြောင့် ပင်လယ်ရေပြင်တွင် မျောနေရာ ရေယာဉ်ပေါ်ရှိသူများသည် ရက်သတ္တပတ် နှစ်ပတ်ကြာ အစာရေစာပြတ်တောက်ခဲ့ကြောင်း သိရသည်။

ဩဂုတ် ၁၆ ရက် မော်ရီတေးနီးယား ကမ်းခြေစောင့်တပ်ဖွဲ့ ယင်းရေယာဉ်ကို တွေ့ရှိချိန်တွင် လူ(၇)ဦးသာ အသက်ရှင်ကျန်ရစ်ပြီး ၎င်းတို့အနက် (၄)ဦးမှာ အသက်အန္တရာယ်ရှိနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အသက်ရှင်ကျန်ရစ်သူများကို မော်ရီတေးနီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Nouadhibouမြို့တွင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

အနောက်အာဖရိကနှင့် မြောက်အာဖရိက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများသည် မော်ရီတေးနီးယားကို စပိန်နိုင်ငံ ကနေရီကျွန်းစု သို့မဟုတ် ဥရောပတိုက်ကုန်းမြေသို့ သွားရာ ကြားခံမြေအဖြစ် အသုံးပြုလေ့ရှိသည်။ ၂၀၂၀ပြည့်နှစ် ဩဂုတ်လတွင် ရွှေ့ပြောင်းနေထိုင်သူများ စီးနင်းလာသည့် အရပ်ဖက်ရေယာဉ်တစ်စီး မော်ရီတေးနီးယားအနီးပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ရာ လူ (၃၉)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

#Mauritania, #illegal, #immigrants, #myanmar, #xinhua, #xinhuamyanmar, #မော်ရီတေးနီးယား, #တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ, #သေဆုံး, #ဆင်ဟွာ

———————————————-
(Chinese Version)

(国际)47名非法移民在毛里塔尼亚海域被发现死亡

新华社达喀尔8月19日电(记者邢建桥)努瓦克肖特消息:根据国际移民组织和联合国难民署19日在毛里塔尼亚首都努瓦克肖特发布的联合公报,毛里塔尼亚海岸警卫队日前在该国海域发现一艘非法移民船只,船上有47人死亡。

公报说,这艘船上载有包括3名儿童在内的54名非法移民,于本月3日从北部非洲海岸出发,计划前往西班牙加那利群岛。出发两天后因发动机出现故障,船只被迫漂流在海上,船上人员两周没有食物和水供给。

公报说,毛里塔尼亚海岸警卫队16日发现这艘船时只有7人生还,其中4人身体状况危急。幸存者已被送到毛里塔尼亚西北部城市努瓦迪布接受治疗。
西非和北非非法移民经常利用毛里塔尼亚作为前往西班牙加那利群岛或者欧洲大陆的中转站。2020年8月,一艘移民船在毛里塔尼亚附近海域沉没,造成39人死亡。(完)

图说1:2020年3月2日,经海路从土耳其进入希腊的难民和非法移民登上希腊的莱斯沃斯岛。 新华社发(马里奥斯•罗洛斯摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.