Connect with us

CHINA

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ တရုတ်နိုင်ငံသားများအတွက် အားဖြည့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုလုပ်ငန်း အောင်မြင်ပြီးမြောက်

မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှဦးစီး၍ မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ တရုတ်နိုင်ငံသား ၁,၁၀၀ ခန့် အတွက် အားဖြည့်ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုကို ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးကဦးစီး၍ မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ တရုတ်နိုင်ငံသား ၁,၁၀၀ ခန့် အတွက် အားဖြည့်ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုများကို ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ၎င်းမှာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးတက်ရေးအတွေးအခေါ် ၊ “ပြည်သူ့အတွက် သံတမန်ဆက်ဆံရေး”ကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှဦးစီး၍ မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ တရုတ်နိုင်ငံသား ၁,၁၀၀ ခန့် အတွက် အားဖြည့်ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုကို ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါဆောင်ရွက်မှုတွင် မန္တလေးမြို့ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်း၊ တရုတ်အမျိုးအသားအသင်းအဖွဲ့များနှင့် မန္တလေးတိုင်းသက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် ချန်းချန်က ကာကွယ်ဆေးထိုးနှံပေးရာနေရာသို့ သွားရောက်၍ တရုတ်နိုင်ငံသားများအား ချစ်ကြည်ရင်းနှီးစွာ နှုတ်ဆက်စကားပြောကြားခဲ့ရာ ပါတီနှင့်နိုင်ငံသည် ပြည်ပရှိမွေးချင်းများ၏ ကျန်းမာရေး၊လုံခြုံရေးကို အစဉ်ဂရုစိုက်ပါကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီဝန် ဝမ်ရိက “ပြည်သူ့အတွက် သံတမန်ဆက်ဆံရေး၊ တစ်ဦးမျှချန်လှပ်ထား၍မရ”ဟူသော ပြောကြားချက်အား အလေးထားပါကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် အားဖြည့်ကာကွယ်ဆေး တစ်စုတစ်စည်းတည်း ထိုးနှံရန် စီစဉ်ခြင်းသည် မန္တလေးအခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၏ “နွေဦးရာသီ ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှား”မှု နောက်ပိုင်း ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ လုပ်ငန်းအစီအမံကို အကောင်အထည်ဖော်ဆောင်ရွက်ကာ ပါတီနှင့်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ တရုတ်နိုင်ငံသားများအတွက် အလေးထားဂရုစိုက်မှုပေးခြင်းဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ချန်းချန်က မွေးချင်းမောင်နှမများအနေဖြင့် အခက်အခဲများကို ကျော်လွှား၍ လုပ်ငန်းနေရာအသီးသီးတွင် အလုပ်လုပ်ကိုင်နေကြခြင်းကို အသိအမှတ်ပြုပါကြောင်း၊ အားလုံးအနေဖြင့် ကပ်ရောဂါကာကွယ်ထိန်းသိမ်းမှုများကို ဆက်လက်ကောင်းမွန်စွာ လုပ်ဆောင်သွားပြီး ဘေးကင်းကျန်းမာသည့်နှစ်သစ်ကို ကြိုဆိုကြရန်၊ အမိတိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ်-မြန်မာချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုကြီးမားသောအကျိုးကို ဆောင်ကြဉ်းကြရန် အားပေးစကားပေးပြောကြားခဲ့သည်။

ကာကွယ်ဆေးလာရောက် ထိုးနှံကြသော တရုတ်နိုင်ငံသားများက ပါတီနှင့်နိုင်ငံ၏ ဂရုစိုက်စောင့်ရှောက်မှုကို ကျေးဇူးအထူးတင်ရှိကြောင်းပြောကြားခဲ့သည်။ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက မြန်မာနိုင်ငံမြောက်ပိုင်းရှိ တရုတ်နိုင်ငံသားအတွက် လက်တွေ့နွေးထွေးကောင်းမွန်သည့် ဆောင်ရွက်မှုတစ်ခုဖြစ်ပြီး အမိတိုင်းပြည်၏ကာကွယ်ဆေးသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ မွေးချင်းများအတွက် ပို၍ခိုင်မာသည့် ကျန်းမာရေးလုံခြုံမှုအကာအကွယ်ဖြစ်ကြောင်း ၊ အင်အားကြီးမားသည်အမိနိုင်ငံသည် ပြည်ပရှိမွေးချင်းတရုတ်နိုင်ငံသားများအတွက် ခိုင်မာသည့်အင်အားဖြစ်ရာ လက်ရှိနေရာတွင် စိတ်အေးချမ်းစွာ အလုပ်လုပ်ကိုင်ကာ ပါတီနှင့်နိုင်ငံ၏ ဂရုစိုက်စောင့်ရှောက်မှုကို ခံယူကာ လက်တွေ့အကျိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ချန်းချန်က မြန်မာနိုင်ငံ မန္တလေးတိုင်းအစိုးရအား အပြုသဘောဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ဆက်သွယ်ပြောကြားခဲ့သည်။ မန္တလေးတိုင်းအစိုးရ တာဝန်ရှိသူက ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့သည့်အတွက် ဝမ်းသာကြောင်း၊ တရုတ်နိုင်ငံ သံတမန်အရာရှိများက ခက်ခဲကျပ်တည်းသည့်အခြေအနေတွင် တာဝန်ကို ကျေပွန်စွာထမ်းဆောင်မှုအား ချီးကျူးကြောင်း “တရုတ်နိုင်ငံဘာကြောင့် အင်အားတောင့်တင်းရသလဲဆိုတာ သိချင်ရင် တရုတ်သံတမန်အရာရှိများက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ပြည်သူများကို ဘယ်လိုဂရုစိုက်စောင့်သည်ကို ကြည့်လျှင် သိနိုင်တယ်”ဟု ပြောကြားခဲ့သည်။

အားလုံးကောင်းမွန်မှသာ စစ်မှန်သည့်ကောင်းမွန်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ချန်းချန်က ဆိုသည်။ တရုတ်နိုင်ငံသည် ပြည်ပရောက် မိမိနိုင်ငံသားများအား ဂရုစိုက်စောင့်ရှောက်ခြင်းသာမဟုတ် နိုင်ငံတကာရေးရာတွင်လည်း တာဝန်သိတာဝန်ထမ်းဆောင်သည့် နိုင်ငံကြီးလည်း ဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး အတတ်နိုင်ဆုံး ကူညီအားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
缅北中国公民新冠疫苗加强免疫接种顺利完成
小瓦 胞波在线 2021-12-20 21:34
12月18日至19日,为坚决贯彻落实习近平总书记以人民为中心的发展思想,深入践行“外交为民”理念,中国驻曼德勒总领事馆组织约1100名缅北中国公民集体接种新冠肺炎疫苗加强针。曼德勒中国企业商会、当地侨团积极参与,曼德勒省相关部门全程协助。
陈辰总领事前往现场亲切看望接种中国公民并表示,党和国家始终关心在海外同胞健康安全,王毅国务委员强调“外交为民,一个都不能少”。此次组织集体接种加强针是驻曼德勒总领事馆落实 “春苗行动”重要后续举措,旨在贯彻落实党中央工作部署,把党和国家对在缅北公民的关心关爱交到大家手中,送进大家心里。陈总对同胞们克服困难坚守岗位给予充分肯定,鼓励大家继续做好疫情防控,用平安和健康迎接新年的到来,为祖国繁荣富强和中缅友好合作做出更大贡献。
接种中国公民衷心感谢党和国家亲切关怀,称赞这是中国驻曼德勒总领事馆为在缅北中国公民做的又一件大好事、大实事。来自祖国的疫苗为在缅北同胞筑起更加牢固的健康安全屏障,使大家倍感温暖。强大的祖国永远是海外同胞坚不可摧的后盾,他们将安心在当地工作生活,用实际行动回报党和国家的关心关爱。
陈总并专门致电曼德勒省政府对缅方给予积极配合表示感谢。省政府负责人祝贺接种工作安全、顺利完成,对中国外交官们不畏艰险履职尽责的敬业态度表示由衷钦佩:“想知道中国为什么能够强大,看看中国的外交官们怎么照顾在缅甸的中国公民就明白了。”陈总表示,大家好,才是真的好。中国不仅关爱在海外本国公民,在国际事务中也是负责任的大国。中方将一如既往对缅甸抗击疫情予以力所能及的帮助与支持。