Connect with us

International Organizations

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအပေါ် အမေရိကန်၏ တုန့်ပြန်မှု လွန်ကဲသည်ဟု ဝေဖန်

မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီက အောက်တိုဘာ ၁၉ ရက်တွင် စမ်းသပ်ပစ်လွှတ်သည့် ရေငုပ်သင်္ဘောပဲ့ထိန်းဒုံးကျည်အား KNCAသတင်းဌာန၏ ဓါတ်ပုံတွင် တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

ပြီးခဲ့သည့်ရက်ပိုင်းက ရေငုပ်သင်္ဘောပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို အမေရိကန်မှ ပြစ်တင်ဝေဖန်ခြင်းသည် မြောက်ကိုရီးယား၏ တရားဝင် မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်အပေါ် တုန့်ပြန်မှုလွန်ကဲခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏အောက်တိုဘာ ၂၀ ရက် ကြေညာချက်တွင် ဖော်ပြထားကြောင်း KNCA၏အောက်တိုဘာ ၂၁ ရက် သတင်းများအရ သိရသည်။

မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီက အောက်တိုဘာ ၁၉ ရက်တွင် ရေငုပ်သင်္ဘောပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအား ဆက်စပ်ထားသော KNCAသတင်းဌာန၏ ဓါတ်ပုံတွင် တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်အစိုးရနှင့်စစ်ဘက်ဆိုင်ရာက မြောက်ကိုရိးယား၏ တရားဝင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အပေါ် “ကုလလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်သည် ”ဟု ပုံဖော်ကာ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပဖို့ တောင်းဆိုခဲ့ကြောင်း ၊ ၎င်းမှာ အချုပ်အခြာအာဏာပိုင်နိုင်ငံ၏ မှန်ကန်စွာလုပ်ဆောင်သည့် မိမိကိုယ်ကို ကာကွယ်ခွင့်အပေါ် အတိုင်းထက်အလွန် တုန့်ပြန်မှုလွန်ကဲခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား၏အဟိတ်အဟန့်သည် နိုင်ငံ သို့မဟုတ် အင်အားစုအပေါ် အထူးရည်ရွယ် ဦးတည်ဆောင်ရွက်ခြင်း မဟုတ်ကြောင်း၊ ယခုအကြိမ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသည် နိုင်ငံကာကွယ်ရေးအတွက် အစောပိုင်းကစီစဉ်ပြီးသား လှုပ်ရှားမှုဖြစ်ကြောင်းဆိုသည်။

အမေရိကန်သည် လက်နက် ပိုင်ဆိုင်မှု သို့မဟုတ် သုတေသနထုတ်လုပ်မှုများ ပြုလုပ်နေသည့် တစ်ချိန်တည်းတွင်ပင် မြောက်ကိုရီးယားအား ပြစ်တင်ခြင်းသည် မတူညီသည့် စံနှုန်းနှစ်မျိုးဖြစ်သည်မှာ ထင်ရှားကြောင်း ၊ အမေရိကန်အနေဖြင့် ဒုက္ခမရှာပါက ကိုရီးယားကျွန်းဆွယ်တွင် တင်းမာသည့်အခြေအနေဖြစ်လာမည် မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

———————————–
(Chinese Version)
(国际)朝鲜批美国对导弹试射一事“反应过度”
2021-10-21 11:41:24
新华社平壤10月21日电(记者江亚平)据朝中社21日报道,朝鲜外务省20日发表声明说,美方指责朝鲜此前一天试射新型潜射弹道导弹,是对朝鲜合法行使自卫权的过度反应。
声明说,美国政府和军方把朝鲜合法行使自卫权形容为“违反联合国安理会决议,威胁地区和平稳定”,并要求安理会召开紧急会议,这是对主权国家正当行使自卫权的过度反应。朝鲜的威慑力并非针对特定国家或势力,这次导弹试射是为了国家防御早已安排好的活动。
声明说,美国在拥有或研发武器的同时却指责朝鲜,明显双重标准。只要美国不生事,朝鲜半岛就不会出现紧张局势。(完)
图说1:这张朝中社10月20日提供的照片显示的是朝鲜国防科学院19日进行的新型潜射弹道导弹试射现场。新华社/朝中社
图说2:这张朝中社10月20日提供的拼版照片显示的是朝鲜国防科学院19日进行的新型潜射弹道导弹试射现场。新华社/朝中社