Connect with us

Asia

မြောက်ကိုရီးယားတွင် အသံထက်မြန်သည့် ဒုံးကျည်သစ် စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ဟု ဆို

ပြုံယမ်း၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

မြောက်ကိုရီယား ကာကွယ်ရေး သိပ္ပံအကယ်ဒမီက အသစ်တီထွင် ထုတ်လုပ်ထားသော အသံထက်မြန်သည့်ဒုံးကျည်သစ် Hwasong-8 ကို Jagangပြည်နယ် Ryongrimကောင်တီ Toyang-riတွင် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်ကြောင်း KCNA သတင်းဌာန ၏ စက်တင်ဘာ ၂၉ ရက် သတင်းများအရ သိရသည်။ပထမအကြိမ် စမ်းသပ်ပစ်လွှတ်မှုတွင် ကာကွယ်ရေး သိပ္ပံပညာရှင်းများက ၎င်းဒုံးကျည်၏ လှုပ်ရှားမှုအပိုင်းတွင် ပျံသန်းထိန်းချုပ်နိုင်မှုနှင့်တည်ငြိမ်မှု၊ ဒုံးကျည်ထိပ်ဖူး၏ လမ်းညွှန်ထိန်းချုပ်နိုင်မှုနှင့် ပျံသန်းနိုင်မှုစသည့် နည်းပညာစံချိန်စံညွှန်းများကို အတည်ပြုခဲ့ရာ အင်ဂျင်နှင့် ပထမဆုံးအသုံးပြုသည့် ampoule ဒုံးကျည်လောင်စာဆီစနစ်၏ တည်ငြိမ်မှုကို အတည်ပြုခဲ့ကြောင်း သိရသည်။ စမ်းသပ်ချက်ရလဒ်များက နည်းပညာ စံချိန်စံညွှန်းအားလုံးသည် ဒီဇိုင်းရေးဆွဲထားသည့် ရည်မှန်းချက်ကို ပြည့်မီကြောင်း ဆိုသည်။

အဆိုပါ ဒုံးကျည် သုတေသနပြု တီထွင်သည့် စီမံကိန်းသည် မြောက်ကိုရီးယား၏ ထိပ်တန်း ကာကွယ်ရေးနည်ပညာအင်အားကို များစွာ မြှင့်တင်ခြင်းဖြစ်ရာ မဟာဗျူဟာအရ အရေးပါကြောင်း KCNAက ဖော်ပြထားသည်။

မြောက်ကိုရီးယားစစ်ဘက်ဆိုင်ရာက စက်တင်ဘာ ၁၅ ရက်တွင် ရထားတင် ပဲထိန်းဒုံးကျည် စမ်းသပ်မှုပစ်လွှတ်မှုအောင်မြင်ခဲ့ရာ သတ်မှတ်ထားသည့် အရှေ့ပိုင်းပင်လယ်ပြင် ၈၀၀ ကီလိုမီတာရှိ ပစ်မှတ်များကို အတိအကျ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တွင် မြောက်ကိုရီးယားကာကွယ်ရေးသိပ္ပံအကယ်ဒမီက အသစ်တီထွင်ထားသည့် တာဝေးပစ် ခရုဇ်ဒုံးကျည်များကို အသီးသီး စမ်းသပ်ပစ်လွှတ်ခဲ့ရာ အောင်မြင်ကြောင်း သိရသည်။ (Xinhua)

———————————————
(Chinese Version)

(国际)朝鲜成功试射新型高超音速导弹

新华社平壤9月29日电(记者江亚平 洪可润)据朝中社29日报道,朝鲜国防科学院28日上午在慈江道龙林郡都阳里成功试射了新研发的“火星-8”型高超音速导弹。
报道说,通过首次试射,国防科学家们确认了该导弹在主动段的飞行控制性能和稳定性、导弹战斗部的制导机动性和滑翔飞行特点等技术指标,并确认了发动机及首次采用的安瓿化导弹燃料系统的稳定性。试射结果证明,所有技术指标均已达到设计目标。
朝中社报道说,这一导弹研发项目对大力提高朝鲜尖端国防科技力量具有重大战略意义。
朝鲜军方9月15日成功试射铁路机动导弹,精准打击了设在东部海域800公里水域的目标。朝鲜国防科学院9月11日和12日还分别成功试射了新研发的远程巡航导弹。(完)
图说1:这张朝中社9月16日提供的图片显示的是朝鲜军方15日举行的铁路机动导弹试射现场。新华社/朝中社