Connect with us

North America

မြောက်ကိုရီးယားနှင့် သံတမန်ရေးထိတွေ့ဆက်ဆံဖို့ ပြင်ဆင်နေဆဲဖြစ်ကြောင်း အိမ်ဖြူတော် ပြောကြား

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်အား စက်တင်ဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်အနေဖြင့် မြောက်ကိုရီးယားအပေါ်ထားရှိသည့် မူဝါဒရပ်တည်ချက် ပြောင်းလဲမှု မရှိကြောင်း၊ မြောက်ကိုရီးယားကျွန်းဆွယ် နျူကလီးယားအလုံးစုံကင်းစင်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ပြီး မြောက်ကိုရီးယားနှင့် သံတမန်ရေး ထိတွေ့ဆက်ဆံမှုများ ပြုလုပ်သွားရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် သတင်းပြန်ကြားရေး ဒုတိယ အတွင်းရေးမှူး Karine Jean-Pierreက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့ မြောက်ကိုရီးယားက ပဲထိန်းခရုဇ်ဒုံးကျည်သစ်ပစ်လွှတ်မှုအောင်မြင်ကြောင်း ကြေညာခဲ့ပြီးနောက် သမ္မတအထူးလေယာဉ်“Air Force One”ပေါ်တွင် လိုက်ပါလာသည့် သတင်းထောက်အား Karine Jean-Pierreက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့်မြောက်ကိုရီးယားအကြား မည်သည့်အချိန်၊ မည်သည့်နေရာမဆို ခြွင်းချက်မရှိ ဆွေးနွေးဖို့အဆိုကိုလည်း သူမက အလေးထားပြောကြားခဲ့သည်။

မြောက်ကိုရီးယားတွင် ပဲ့ထိန်းခရုဇ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်သည့် သတင်းကို သတိထားမိကြောင်း၊ မဟာမိတ်များနှင့် နီးကပ်စွာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်၍ အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူJohn Kirby က ယင်းနေ့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဂျပန်နှင့်တောင်ကိုရီးယားအတွက် အမေရိကန်၏ လုံခြုံရေး ကတိကဝတ်များကိုလည်း ၎င်းက အလေးထားပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ မြောက်ကိုရီးယားရေးရာအထူးကိုယ်စားလှယ် Sung Kimက စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက် အထိ တိုကျိုတွင် ဂျပန်၊တောင်ကိုရီးယားအရာရှိများနှင့် မြောက်ကိုရီးယားနျူကလီးယားအရေးကိစ္စအား နှစ်ဖက်တွေ့ဆုံမှုနှင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီက စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်များတွင် အသစ်တီထွင် ထုတ်လုပ်သည့် တာဝေးပစ်ခရုစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာ ဒုံးကျည်ပျံသန်းချိန်သည် (၇,၅၈၀)စက္ကန့်ရှိပြီး သတ်မှတ်ထားသည့် ကီလိုမီတာ (၁,၅၀၀)ပြင်ပ ပစ်မှတ်များကို အတိအကျ ပစ်ခတ်နိုင်ခဲ့ကြောင်း KNCA၏ စက်တင်ဘာ ၁၃ ရက် သတင်းများအရ သိရသည်။ ယင်းလက်နက်စနစ် တီထွင်ထုတ်လုပ်ခြင်းသည် မဟာဗျူဟာအရ အရေးပါကြောင်း ၊ အမျိုးသားလုံခြုံရေး၊ မြောက်ကိုရီးယားအပေါ် ရန်လိုသော အင်အားစုများ၏ စစ်ရေးလှုပ်ရှားမှုကို အားကောင်းသည့်ဖိနှိပ်ဟန့်တားမှု နောက်တစ်ခုဖြစ်ကြောင်း KCNAက ဖော်ပြထားသည်။ (Xinhua)

———————————–
(Chinese Version)
(国际)美国白宫说仍准备与朝鲜展开外交接触
2021-09-14 10:09:39
新华社华盛顿9月13日电(记者刘品然)美国白宫副新闻秘书卡里娜•让-皮埃尔13日表示,美方对朝政策立场并无变化,美方仍准备与朝鲜展开外交接触,以实现朝鲜半岛完全无核化的目标。
让-皮埃尔是在朝鲜当天宣布成功试射新型巡航导弹后在总统专机“空军一号”上对随行记者作出上述表示的。她还重申美方与朝方在任何时间、任何地点不设前提条件展开会面的提议。
五角大楼发言人约翰•柯比当天在国防部记者会上说,美方注意到有关朝鲜试射巡航导弹的报道,正与盟友展开密切磋商并将继续关注事态发展。他还强调了美国对日本和韩国的安全承诺。
美国国务院10日说,美国朝鲜事务特别代表金圣13日至15日将在东京与日韩官员就朝核等问题举行双边和三边会晤。
据朝中社13日报道,朝鲜国防科学院11日和12日分别成功试射了新研发的远程巡航导弹,试射导弹飞行7580秒,精确打击了设定在1500公里外的目标。报道说,这一武器系统的研发具有重大战略意义,朝鲜在更坚定地保障国家安全、强有力压制敌对势力反朝军事活动方面又有了一个有效遏制手段。(完)
图说1:这是9月3日在美国华盛顿拍摄的白宫。新华社记者 刘杰 摄