Connect with us

Europe

ယူကရိန်းက အရှေ့ပိုင်းတွင် စစ်အင်အားတိုးမြှင့်ချထားကြောင်း ရုရှားက ပြောကြား

ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံသည် နိုင်ငံအရှေ့ပိုင်းတွင် ၎င်း၏စစ်အင်အားကို အားကောင်းစေရန် လုပ်ဆောင်နေကြောင်းနှင့် ၎င်း၏တပ်ဖွဲ့ဝင် တစ်ဝက်ကို ထိုနေရာတွင် ဖြန့်ကျက်ထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ယူကရိန်း၏ အရှေ့ပိုင်းဒေသတွင် စစ်အင်အား တိုးမြှင့်ချထားလာခြင်းအပေါ် သတိပြုမိကြောင်းနှင့် ၎င်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂ ရက်တွင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်း၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်နှင့်တွေ့ဆုံရန် စီစဉ်ထားပြီး သက်ဆိုင်ရာ အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ယူကရိန်းစစ်တပ်သည် အရှေ့ပိုင်းဒေသတွင် ၎င်း၏စစ်အင်အားကို အားကောင်းစေရန် လက်နက်များနှင့်တပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားကြောင်း၊ အချို့သတင်းများအရ ယူကရိန်းသည် ၄င်းစစ်တပ်တစ်ခုလုံး၏ ထက်ဝက်ဖြစ်သည့် စစ်သည်ပေါင်း ၁၂၅,၀၀၀ ခန့်ကို အရှေ့ပိုင်း Donbass ဒေသတွင် ဖြန့်ကျက်ထားကြောင်း သူ(မ)က ဆိုသည်။

ယူကရိန်းအရှေ့ပိုင်းတွင် တပ်များစုရုံးခြင်းသည် အန္တရာယ်ရှိသောလုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း၊ ရုရှားသည် ယင်းနှင့်ပတ်သက်၍ အလေးအနက်ဂရုပြုနေကြောင်း၊ Donbass ပြဿနာကို စစ်ရေးအရဖြေရှင်းရန် စိတ်ဓာတ်များ ပိုမိုတိုးပွားလာမည်ကို စိုးရိမ်ကြောင်း ရုရှားသမ္မတ၏ပြန်ကြားရေးအတွင်းဝန် Dmitry Peskov က ပြောကြားခဲ့သည်။Zakharova ၏ အထက်ပါမှတ်ချက်ကို ယူကရိန်းစစ်တပ်က ငြင်းဆိုခဲ့ကြောင်း သိရသည်။

ရုရှား-ယူကရိန်းဆက်ဆံရေးသည် မကြာသေးမီကာလတွင် ပိုမိုတင်းမာလာကြောင်း၊ အမေရိကန်၊ ယူကရိန်းနှင့်နေတိုးမဟာမိတ်အုပ်စုတို့မှ တာဝန်ရှိသူများက ရုရှားသည် မကြာသေးမီကာလက ရုရှား-ယူကရိန်းနယ်စပ်တွင် အကြီးစား တပ်များ စုရုံးခဲ့ကြောင်း ဆိုသည်။ ရုရှားစစ်တပ်သည် လာမည့်နှစ်အစောပိုင်းတွင် စစ်ဆင်ရေးများ စတင်ရန် စီစဉ်နေကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေး အရာရှိက ပြောကြားခဲ့သည်။

အမေရိကန်၊ ယူကရိန်းနှင့် နေတိုးတို့၏ စွပ်စွဲမှုအပေါ် ရုရှားဘက်မှ ငြင်းဆိုထားပြီး ၎င်းတို့၏ စွပ်စွဲမှုသည် ကြောက်လန့်တုန်လှုပ်မှုနှင့် ပြဿနာများဖြစ်ပွားစေနိုင်ကြောင်း ရုရှားကဆိုသည်။
ယူကရိန်းက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်နှင့် ယူကရိန်းနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် နေတိုးကို တောင်းဆိုခဲ့ကြောင်း သိရသည်။နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နိုင်ကြောင်း နေတိုးမဟာမိတ်အုပ်စု အတွင်းရေးမှူးချုပ် Jens Stoltenberg က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ နေတိုးသည် ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ရန် မဆုံးဖြတ်ရသေးကြောင်း သိရသည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ကြောင်း၊ ပိတ်ဆို့အရေးယူမှုများသည် ပြဿနာကို ဖြေရှင်းနိုင်မည်ဟု မထင်ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

Cavusoglu က တူရကီသည် ရုရှားနှင့် ယူကရိန်းတို့နှင့် ဆက်သွယ်နေပြီး နှစ်ဘက်လုံးအနေဖြင့် တည်ငြိမ်အေးချမ်းစွာ တင်းမာမှုများ လျော့ပါးရန် အကြံပြုထားကြောင်း၊၎င်းသည် ရုရှားနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒီဇင်ဘာ ၂ ရက်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း၊ တူရကီသမ္မတ Recep Tayyip Erdogan သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဒီဇင်ဘာ ၃ ရက်တွင် ရုရှား-ယူကရိန်းအရေး ဆက်သွယ်ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

ရုရှားသံတမန်ဆက်ဆံရေး၏ အဓိကတာဝန်မှာ ရုရှားအား ရေရှည်ယုံကြည်စိတ်ချရသော လုံခြုံရေးအာမခံချက်ပေးရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊အမေရိကန်နှင့် ၎င်း၏မဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးမှုတွင် ရုရှားသည် နေတိုးအဖွဲ့ကို အရှေ့ဘက်သို့ တိုးချဲ့ခြင်းမှ ကာကွယ်ရန်နှင့် ရုရှား၏ပတ်ဝန်းကျင်ဒေသများတွင် လုံခြုံရေးခြိမ်းခြောက်မှုဖြစ်စေနိုင်သော လက်နက်စနစ်များဖြန့်ကျက်ခြင်းမှကာကွယ်ရန် ရုရှားသည် တိကျသော သဘောတူညီချက်ကို ရယူနိုင်ရန် အခိုင်အမာ တောင်းဆိုကြောင်း ပူတင်က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

………………………………………….
(Chinese Version)

俄称乌克兰向东部大量增兵

新华社北京12月2日电 俄罗斯外交部1日说,乌克兰正在强化乌东部军事力量,已经向当地部署乌全部兵力的一半。
俄外交部长谢尔盖•拉夫罗夫说,俄方对乌方向东部地区增兵保持警惕,他定于2日在瑞典斯德哥尔摩会晤美国国务卿安东尼•布林肯,讨论相关情况。

俄外交部发言人玛丽亚•扎哈罗娃说,乌克兰军队正在强化东部地区军事力量,“增加装备和人员”。她说,根据一些报告,乌克兰在东部顿巴斯地区部署的士兵达到12.5万人,“是整个乌克兰军队人数的一半”。

俄罗斯总统新闻秘书德米特里•佩斯科夫1日说,乌方向东部集结部队是“危险的冒险”,俄方对此严重关切,担忧这将进一步滋长以军事行动解决顿巴斯问题的情绪。

乌克兰军方拒绝就扎哈罗娃上述说法作回应。
俄乌关系近期紧张加剧。美国、乌克兰和北大西洋公约组织官员声称,俄罗斯近期在俄乌边境大规模集结部队。乌克兰军事情报官员称,俄军计划在明年年初发起军事行动。

俄方驳斥上述说法,指责美、乌和北约散布恐惧、挑起事端。
乌方要求北约制裁俄罗斯并加强与乌克兰的军事合作。北约秘书长延斯•斯托尔滕贝格11月30日说,北约成员国可以对俄罗斯施加制裁。北约暂时没有决定是否制裁俄罗斯。

土耳其外交部长梅夫吕特•恰武什奥卢反对制裁俄罗斯,1日说:“我们不认为制裁能够解决问题。”
恰武什奥卢说,土方正与俄乌双方接触,建议他们保持冷静、缓和紧张局势。他定于2日与俄乌外长会晤,土耳其总统雷杰普•塔伊普•埃尔多安定于3日与俄总统弗拉基米尔•普京电话讨论俄乌问题。

普京1日说,眼下俄罗斯外交的首要任务是,寻求为俄罗斯提供长期可信的安全保证。“在与美国及其盟友的对话中,俄方将坚持要求达成具体协议,以阻止北约进一步东扩,避免在俄罗斯联邦周边地区部署构成安全威胁的武器系统。”(刘秀玲)

图说-这张乌克兰总统办公室提供的照片显示,4月8日,乌克兰总统泽连斯基(中)在顿巴斯地区乌政府军阵地视察。(新华社发,乌克兰总统办公室供图)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.