Connect with us

North America

ယူကရိန်းမှ အမေရိကန် သံတမန်များ ထွက်ခွာမည့်အပေါ် ယူကရိန်းနှင့်ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနများက တုန့်ပြန်ပြောကြား

ယူကရိန်း သမ္မတ Volodymyr Zelenskyနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenတို့ ကိဗ်မြို့တွင် တွေ့ဆုံဆွေးနွေးနေသည်ကို ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ်(Ukrainian Presidential Office/Handout via Xinhua)

ကီးယက်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံဆိုင်ရာ သံတမန်များကို မိမိသဘောဆန္ဒအလျှောက်ထွက်ခွာခွင့်ပြုရန် ဆုံးဖြတ်လိုက်ခြင်းသည်”အတိုင်းထက်အလွန် သတိထားခြင်း”ဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Oleg Nikolenkoက ဇန်နဝါရီ ၂၄ ရက် ဒေသခံမီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ယူကရိန်းအနေဖြင့် အခြားနိုင်ငံ၏သံတမန်များ လုံခြုံရေး ဆောင်ရွက်ခွင့် လေးစားသော်လည်း၊ ယူကရိန်းနိုင်ငံဆိုင်ရာ သံတမန်များကို မိမိသဘောဆန္ဒအလျှောက် ထွက်ခွာခွင့်ပြုလိုက်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်က စောလွန်းနေကြောင်း Oleg Nikolenko ပြောသည်။ ယူကရိန်း၏လုံခြုံရေးအခြေအနေသည် “ဆိုးဆိုးဝါးဝါး ပြောင်းလဲမှု”မရှိသေးကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်က ယူကရိန်းရှိ အမေရိကန်သံတမန်အားလုံးကို ထွက်ခွာစေသည့် သဘောမဟုတ်ကြောင်းနှင့် အမေရိကန် သံရုံးသည် ဆက်လက်ပြီး ဘက်စုံ လည်ပတ်နေမည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaက အမေရိကန်၏ထိုဆုံးဖြတ်ချက်သည် ထူးဆန်းပြီး မိုက်မဲရာကျကြောင်း ၊ ယင်းဆုံးဖြတ်ချက်နှင့် ပြီးခဲ့သည့်ရက်များက ရုရှား-အမေရိကန် တွေ့ဆုံဆွေးနွေး မှုနှင့် ဆက်စပ်ခြင်း မရှိကြောင်း ဇန်နဝါရီ ၂၄ ရက်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ ယနေ့မှစပြီး ယူကရိန်းရှိ အမေရိကန်သံရုံး အစိုးရဝန်ထမ်းများ မိမိသဘောဆန္ဒအလျှောက်ကိဗ်မြို့မှ ထွက်ခွာနိုင်ပြီ သက်ဆိုင်ရာမိသားစုဝင်များက မဖြစ်မနေထွက်ခွာရမည်ဖြစ်ကြောင်း ဆိုသည်။ ဇန်နဝါရီ ၂၄ ရက်တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယူကရိန်းရှိ ဗြိတိန်သံရုံးမှ ဝန်ထမ်းအချို့နှင့်မိသားစုဝင်များ ကိဗ်မြို့မှ ထွက်ခွာကြဖို့ ယာယီဆုံးဖြတ်ထားကြောင်း ကြေညာခဲ့သည်။

ယခုကာလများတွင် ယူကရိန်းနှင့်ရုရှားဆက်ဆံရေး အရှိန်အဟုန်မြင့် ဆိုးဝါးလာရာ နှစ်ဖက်စလုံးက နှစ်နိုင်ငံ နယ်စပ်အနီးဒေသများတွင် စစ်သည်အင်အားနှင့်လက်နက်အင်အား အမြောက်အမြား ချထားကြောင်း သိရသည်။ အမေရိကန်၊ ယူကရိန်းနှင့်နေတိုးအဖွဲ့က ရုရှား-ယူကရိန်းနယ်စပ်အနီးတွင် ရုရှားစစ်အင်အားအလုံးအရင်းချနေပြီး ယူကရိန်းသို့ ကျူးကျော်ရန် ရည်ရွယ်နေကြောင်း ပြောဆိုလျက်ရှိသည်။ ထို့အပေါ် ရုရှားက ခိုင်မာစွာငြင်းဆိုထားပြီး အခြေအနေဆိုးဝါးလာရခြင်းသည် ရုရှားလုံခြုံရေးနယ်ပယ်ကို နေတိုးက အဆက်မပြတ် တိုက်စားနေခြင်းကြောင့်သာ ဖြစ်ကြောင်း ကြိမ်ဖန်များစွာ အလေးထားပြောကြားခဲ့သည်။ (Xinhua)

…………………………………………-
(Chinese Version)
(国际)乌俄外交部回应美授权外交人员撤离乌克兰
2022-01-24 23:06:46
新华社基辅1月24日电(记者李东旭)乌克兰外交部发言人尼科连科24日接受当地媒体采访时表示,美国国务院授权美驻乌大使馆工作人员自愿离境的决定表现出“过度的谨慎”。
尼科连科说,乌方尊重他国确保其外交人员安全的权利,但美国国务院授权驻乌使馆人员撤离的决定“为时过早”。乌克兰的安全状况并未发生“剧烈变化”。
此外,他也强调,美国国务院的决定并不意味着美驻乌大使馆的所有员工都将离开乌克兰,美国大使馆将继续全面运转。
俄罗斯外交部发言人扎哈罗娃24日表示,美国国务院授权其驻乌克兰大使馆工作人员及其家属撤离的决定“奇怪且愚蠢”,美方的这一决定与日前俄美举行的会谈没有关联。
美国国务院美东时间23日晚发表声明说,即日起,授权美驻乌克兰大使馆的政府工作人员自愿从大使馆所在地基辅撤离,要求相关人员家属必须撤离。英国外交部24日也宣布,决定暂时将英国驻乌克兰大使馆的部分工作人员和家属从基辅撤离。
近期,乌克兰和俄罗斯关系加速恶化,双方在两国边境地区部署了大量军事人员和装备。美国、乌克兰和北约声称俄罗斯在靠近乌东部边境地区集结重兵,有“入侵”之势。俄方予以否认,强调北约活动威胁俄边境安全,俄方有权在境内调动部队以保卫领土。(参与记者:华迪)(完)
图说1:1月19日,乌克兰总统泽连斯基(左)在基辅会见美国国务卿布林肯。新华社发(乌克兰总统办公室供图)