Connect with us

Environment, Disasters & Accidents

ယူနန်ပြည်နယ် တာ့ဆန်းပေါင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်မြေတွင် ယခုနှစ်ပထမအသုတ် ဆောင်းခိုလည်ပင်းနက်ကြိုးကြာငှက်များ ဝင်ရောက်ခဲ့

ယူနန်၊ နိုဝင်ဘာ ၁၀ ရက် ဆင်ဟွာ

တရုတ်နိုင်ငံ၊ယူနန်ပြည်နယ် တာ့ဆန်းပေါင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်မြေ၏ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရို၏ နောက်ဆုံးစောင့်ကြည့်လေ့လာမှုအရ နိုဝင်ဘာလ ၅ ရက်နေ့မှစတင်၍ ယခုနှစ် ပထမအသုတ် လည်ပင်းနက်ကြိုးကြာငှက်များသည် ယင်းဧရိယာရှိ Dahaizi Wetland သို့ ပျံသန်းလာခဲ့ကြောင်း တွေ့ရှိရသည်။လည်ပင်းနက်ကြိုးကြာငှက်သည် တရုတ်နိုင်ငံ အမျိုးသားအဆင့် ပထမအဆင့် ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်သည်။ ယူနန်ပြည်နယ် ကျောက်ထုံးမြို့၊ကျောက်ယန်ခရိုင်တွင် တည်ရှိသော တာ့ဆန်းပေါင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်မြေသည် တရုတ်နိုင်ငံသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဧရိယာများထဲတွင် လည်ပင်းနက်ကြိုးကြာ အကောင်ရေ အများဆုံးကျက်စားရာ နေရာဖြစ်သည်။ ယင်းဧရိယာ တည်ဆောက်ပြီးနောက် ၎င်းသည် ယူနန်-ကွေ့ကျိုးကုန်းပြင်မြင့်ရှိ လည်ပင်းနက်ကြိုးကြာများအတွက် အရေးအကြီးဆုံး ဆောင်းခိုရာနှင့် ရွှေ့ပြောင်းနေထိုင်ရာ ဖြစ်လာခဲ့သည်။

နိုဝင်ဘာ ၆ ရက်က ယူနန် တာ့ဆန်းပေါင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်မြေတွင် လည်ပင်းနက်ကြိုးကြာတစ်ကောင်ကို တွေ့ရစဉ်(ဆင်ဟွာ)

ယခင်နှစ်များ၏ စောင့်ကြည့်လေ့လာချက်အရ ပထမအသုတ် ဆောင်းခိုလည်ပင်းနက်ကြိုးကြာများသည် ပုံမှန်အားဖြင့် မြူနှင်းကျပြီး ၁၀ ရက်ခန့်အကြာတွင် ဝင်ရောက်လေ့ရှိသည်။ရာသီဥတု အခြေအနေ သင့်လျော်ချိန် လာမည့် ၁၀ ရက်အတွင်း လည်ပင်းနက်ကြိုးကြာများဆောင်းခိုရွှေ့ပြောင်းမှု အများဆုံး ကာလသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ယူနန်ပြည်နယ် တာ့ဆန်းပေါင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်မြေ၏ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရိုမှ အရင်းအမြစ်ကာကွယ်ရေးအပိုင်းတာဝန်ခံ Wang Yuanjian ကပြောကြားသည်။

မကြာသေးမီနှစ်များအတွင်း တာ့ဆန်းပေါင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်မြေတွင် ဆောင်းခိုလည်ပင်းနက်ကြိုးကြာကောင်ရေသည် တစ်နှစ်လျှင် ပုံမှန်အားဖြင့် ၁,၄၀၀ ခန့် ရှိကြောင်း
ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေးနှင့် လူနှင့်သဘာဝ သဟဇာတဖြစ်တည်မှုကို မြှင့်တင်ရန်၊လည်ပင်းနက်ကြိုးကြာငှက်များအတွက် ဆောင်းရာသီတွင် ဆောင်းခိုနိုင်သော နေရာကောင်းတစ်ခု ထောက်ပံ့ပေးနိုင်ရန် စီမံခန့်ခွဲမှုဗျူရိုက ဆောင်းခိုကာလ ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်ခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁ ရက်မှ အပြည့်အဝ စတင်ဆောင်ရွက်လျက်ရှိကြောင်း Wang Yuanjian ကပြောကြားခဲ့သည်။ (Xinhua)

——————————————-
(Chinese Version)
云南大山包自然保护区迎来今年首批越冬黑颈鹤

云南大山包黑颈鹤国家级自然保护区管护局最新监测发现,11月5日以来,今年首批黑颈鹤陆续飞抵该保护区大海子湿地,这意味着保护区迎来了又一年的黑颈鹤越冬期。

黑颈鹤是国家一级重点保护野生动物。 位于云南省昭通市昭阳区的大山包黑颈鹤国家级自然保护区,是我国黑颈鹤单位面积数量分布最多的保护区。 自建立保护区以来,这里逐渐成为黑颈鹤在云贵高原上最重要的越冬栖息地和迁徙中转站。

云南大山包黑颈鹤国家级自然保护区管护局资源保护科负责人王远剑介绍,从往年监测情况来看,通常在霜降过后10天左右,保护区会迎来首批越冬黑颈鹤,在天气条件适合的情况下,预计此后10余天将迎来黑颈鹤越冬迁徙高峰期。

“近年来,每年在大山包自然保护区越冬的黑颈鹤稳定在1400只左右。”王远剑说,为加强生物多样性保护,促进人与自然和谐共生,管护局于11月1日全面启动越冬期巡护监测工作,为黑颈鹤等候鸟提供一个良好的越冬栖息环境。 (记者林碧锋)

图说1-这是11月6日在云南大山包黑颈鹤国家级自然保护区拍到的一只黑颈鹤。 (熊廷松 摄)

图说2-这是11月6日在云南大山包黑颈鹤国家级自然保护区拍到的几只黑颈鹤。 (王远剑 摄)