Connect with us

Europe

ရုရှားနိုင်ငံက ပဥ္စမမျိုးဆက် လေယာဉ်တင်သင်္ဘောအခြေစိုက် တိုက်လေယာဉ် စတင်တီထွင်

ရုရှားနိုင်ငံ မော်စကိုမြို့ပြင် Zhukovskiyတွင် ရိုက်ကူးသည့် MiG-35 တိုက်လေယာဉ်အား ၂၀၁၉ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

MiG လေယာဉ်ကုမ္ပဏီက ပဥ္စမမြောက် လေယာဉ်တင်သင်္ဘောအခြေစိုက် တိုက်လေယာဉ်အား စတင်တီထွင်နေပြီဖြစ်ရာ နှစ်အနည်းငယ်အတွင်း ရှေ့ပြေးပုံစံ တည်ဆောက်ရန် စီစဉ်ထားကြောင်း Sputnik သတင်းအေဂျင်စီက ရုရှားစစ်ဘက်ဆိုင်ရာ စက်မှုအဖွဲ့(MIC)၏ သတင်းအရင်းအမြစ်များကို ကိုးကား၍ ဇူလိုင် ၂၆ ရက်တွင် ဖော်ပြထားသည်။ပဥ္စမမြောက် လေယာဉ်တင်သင်္ဘောအခြေစိုက် တိုက်လေယာဉ်တွင် ကိုယ်ပျောက်နည်းပညာကို အသုံးပြုထားကြောင်း၊ လက်ရှိတွင် ကွန်ပြူတာဖြင့် နမူနာပုံစံတည်ဆောက်ထားရာ လာမည့် နှစ်အနည်းငယ်တွင် ပထမဆုံး လေယာဉ်ရှေ့ပြေးပုံစံ တည်ဆောက်သွားမည် ဖြစ်ကြောင်း ၎င်းသတင်းအရင်းအမြစ်၏ပြောကြားချက်အရ သိရသည်။

ရုရှားလေယာဉ်တင် သင်္ဘော Kuznetsovအား နော်ဝေးနိုင်ငံမြောက်ပိုင်း နိုင်ငံတကာပင်လယ်ပိုင်နက်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဥ္စမမျိုးဆက် လေယာဉ်တင်သင်္ဘောအခြေစိုက် တိုက်လေယာဉ်ကို ဒေါင်လိုက် တက်ဆင်းပျံသန်း နိုင်ရန် တီထွင်သူများက စဉ်းစားဆောင်ရွက်နေကြောင်း၊ တိုက်လေယာဉ်အပြင်ပုံစံအရွယ်အစားသည် MiG-35 တိုက်လေယာဉ်နှင့်ဆင်တူဖြစ်ပြီး လေယာဉ်ဆီဖြည့်နိုင်စွမ်းနှင့် ဆက်တိုက်ပစ်ခတ်နိုင်သည့် မောင်းသူမဲ့ဒရုန်းယာဉ်ကဲ့သို့ လုပ်ဆောင်နိုင်စွမ်းရှိမည်ဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရ သည်။

MiG လေယာဉ်ကုမ္ပဏီသည် ယခုရက်ပိုင်းတွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် နိုင်ငံတကာလေကြောင်းနှင့်အာကာသပြပွဲတွင် ပဥ္စမမျိုးဆက် လေယာဉ်တင်သင်္ဘောသုံး တိုက်လေယာဉ်နှင့် သက်ဆိုင်ရာ ဒုံးယာဉ်များ၏ ပုံစံကို ပြသခဲ့ကြောင်း Sputnikသတင်းဌာနက ဖော်ပြထားသည်။

ရုရှားစစ်တပ်၏အဓိကပြုပြင်ပြောင်းလဲရေးမှုများ လုပ်ဆောင်ပြီးဖြစ်ရာ ကမ္ဘာ့ခေတ်အမီဆုံးစစ်တပ်၏ လိုအပ်ချက်နှင့်ကိုက်ညီကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလတွင် ကြေညာခဲ့သည်။ “ရုရှားရေတပ်က အခုအခါမှာ ရေပြင်ရေအောက်နဲ့ဝေဟင်ပေါ်မှာ ရန်သူတွေကိုရှာဖွေနိုင်ပြီး လိုအပ်တဲ့အချိန်မှာ ကာကွယ်တားဆီးလို့မရတဲ့ တိုက်ခိုက်မှုမျိုး ပြုလုပ်နိုင်တယ်”ဟု ရုရှားသမ္မတ ပူတင်က စိန့်ပီတာစဘတ်၌ ဇူလိုင် ၂၅ ရက်တွင် ကျင်းပသည့် ရုရှားရေတပ်စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည်။ (Xinhua)

#Russia, #Fifth-generation, #Fighter, #myanmar, #xinhua, #xinhuamyanmar, #ရုရှား, #ပဥ္စမမျိုးဆက်, #တိုက်လေယာဉ်, #ဆင်ဟွာ

———————————————-
(Chinese Version)

俄罗斯开始研发第五代舰载歼击机

新华社北京7月26日电(记者蒋国鹏)俄罗斯卫星通讯社26日以俄军工综合体消息人士为来源报道,米格飞机制造公司已经开始研发第五代舰载歼击机,计划在数年内建成原型机。

按这位消息人士说法,第五代舰载歼击机将“使用隐身技术”,“当前处于计算机建模阶段,计划数年内发布首批原型机”。
他说,研发人员正在考虑能否让第五代舰载歼击机具备垂直起降功能,外形尺寸预计与米格-35型战机相仿,将配备既可实施加油、亦可实施联合打击的无人机。

卫星通讯社报道,米格飞机制造公司近日在第15届莫斯科国际航空航天展览会上展示了第五代舰载歼击机和相关无人机的模型。
俄罗斯国防部今年4月宣布俄军主要改革已经完成,符合世界最现代化军队所有要求。俄总统普京25日在圣彼得堡出席俄海军节阅兵式时说,“俄罗斯海军现在能够发现水下、水面和空中的敌人并在必要时予以不可阻挡的打击”。

图说1:这是2019年8月27日在俄罗斯首都莫斯科郊外的茹科夫斯基拍摄的米格-35战斗机。(新华社记者白雪骐摄)
图说2:这张2016年10月17日拍摄的照片显示,俄罗斯“库兹涅佐夫”号航空母舰行驶在挪威北部公海海域。(新华社/路透)