Connect with us

Europe

ရုရှားနိုင်ငံအပေါ် နေတိုး၏ စစ်ရေးခြိမ်းခြောက်မှုက နှစ်ဖက်ဆက်ဆံရေး ဆိုးဝါးစေကြောင်း ရုရှား ဒု-ကာကွယ်ရေးဝန်ကြီး ပြောကြား

ရုရှားနိုင်ငံ မော်စကိုမြို့ Zhukovskyတွင် သရုပ်ပြပျံသန်းနေသည့် Su-30sm တိုက်လေယာဉ်တစ်စီးအား ၂၀၁၃ ခုနှစ် ဩဂုတ် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)

နေတိုးအဖွဲ့က ရုရှားနိုင်ငံအပေါ် စစ်ရေးခြိမ်းခြောက်မှုများပြုလုပ်ခြင်းသည် နှစ်ဖက်ဆက်ဆံရေးကို ဆိုးဝါးစေသည့် အကြောင်းအရင်း ဖြစ်ကြောင်း ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး Aleksandr Fominက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားကြောင်း ဝ လိုက်သည်။တစ်ချိန်တည်းတွင်ပင် ၎င်းက ရုရှားသည် နေတိုးအဖွဲ့နှင့် စေ့စပ်သေချာသည့် အပြုသဘော တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်သွားဖို့ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

စစ်အေးတိုက်ပွဲအဆုံးသတ်ပြီးနောက်ပိုင်း တည်ငြိမ်မှုနှင့်တန်းတူညီမျှရှိသည့် ဥရောပတိုက်လုံခြုံရေးစနစ်ကို တည်ဆောက်ဖို့ရာ ရုရှားသည် နေတိုးနှင့် အပြန်အလှန်အသွားအလာရှိသည့် ပုံစံသစ်ကို အစဉ်အမြဲရှာဖွေနေကြောင်း ၊ Aleksandr Fominက ယင်းနေ့တွင် ရုရှားနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံမှူးများ၊ သံရုံးကိုယ်စားလှယ်များနှင့်အတူကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သို့သော် နေတိုးအဖွဲ့က တွေ့ဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်မှုနှင့် စစ်ရေးခြိမ်းခြောက်မှု ရောနှောသည့်လုပ်ဆောင်မှုဖြင့် ရုရှားနိုင်ငံအား တားဆီးမှုများ ပြုလုပ်နေကြောင်း ၊ယခုနှစ်များတွင် နေတိုး၏စစ်ရေးခြိမ်းခြောက်မှုနည်းလမ်းဖြင့် ရုရှားကို ဦးတည်လုပ်ဆောင်နေခြင်းသည် လက်ရှိ နှစ်ဖက်ဆက်ဆံရေး ဆိုးဝါးစေသည့် အကြောင်းအရင်းဖြစ်စေကြောင်း ဆိုသည်။

၂၀၀၄ ခုနှစ်မှစ၍ နေတိုး၏လေတပ်အင်အားစုမျာကို အလှည့်ကျ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ အက်စတိုးနီးယား စသည့်နိုင်ငံများသို့ စေလွှတ်လျက်ရှိပြီး ရုရှားအနီးဝန်းကျင်တွင် လေကြောင်းကင်းလှည့်မှုများလုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် နေတိုးနယ်စပ်ကို အရှေ့ဘက်သို့ ကီလိုမီတာ ၁၀၀၀ ကျော် ထိရွှေ့လျားလာခဲ့ရာ ၎င်းမှာ ရုရှားပိုင်နက် ပစ်မှတ်နေရာများကို မဟာဗျူဟာမဟုတ်သောလက်နက်ဖြင့် တိုက်ခိုက်နိုင်သည့် အခွင့်အလမ်းဖြစ်ကြောင်း ၊ နေတိုးအဖွဲ့သည် နှစ်စဉ် လေ့ကျင့်မှုအကြီးစား အကြိမ်ပေါင်း ဒါဇင်နှင့်ချီပြုလုပ်လေ့ရှိရာ ယင်းလေ့ကျင့်မှုတွင် ရုရှားကိုပစ်မှတ်ထားသည့် စစ်ရေးလှုပ်ရှားမှုများပါဝင်ကြောင်း ဆိုသည်။

Aleksandr Fominက ရုရှား ၏ ထိုမတိုင်မီ က တင်သွင်းသည့် လုံခြုံရေးအာမခံမှုဆိုင်ရာစာရွက်စာတမ်းများသည် ရုရှား၏အကျိုးစီးပွားနှင့်ကိုက်ညီသလို ဥရောပတိုက်တစ်ခုလုံး၏အကျိုးစီးပွားနှင့်လျော်ညီမှုရှိကြောင်း ဆိုသည်။ ထိုအဆိုပြုချက်ကို နေတိုးအဖွဲ့က လျင်မြန်စွာ လက်တွေ့ကျသည့် တုန့်ပြန်မှုပေးစေလိုကြောင်း၊ နေတိုးအဖွဲ့နှင့် စေ့စပ်သေချာ၍ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ယခုလ ၁၀ ရက်တွင် ရုရှားနိုင်ငံခြားရးဝန်ကြီးဌာနက အမေရိကန်၊ အခြား အနောက်နိုင်ငံများနှင့် လုံခြုံရေးအာမခံ တွေ့ဆုံဆွေးနွေးမှု ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ အရှေ့ဘက်သို့ချဲ့ထွင်မှုဖြစ်နိုင်ခြေကို ဖယ်ရှားဖို့ ဥပဒေအရ အာမခံချက်ပေးရန် တောင်းဆိုခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက်တွင် ရုရှား-အမေရိကန် လုံခြုံရေးသဘောတူညီချက်မူကြမ်းနှင့် ရုရှား-နေတိုးအဖွဲ့ဝင်နိုင်ငံများ လုံခြုံရေးအာမခံမှုဆိုင်ရာသဘောတူညီချက်တို့ကို ရုရှားက အမေရိကန်သို့ ပေးပို့ခဲ့သည်။ ယင်းသဘောတူညီချက်များတွင် နေတိုး၏အရှေ့ဘက်သို့ချဲ့ထွင်မှု ဖြစ်နိုင်ခြေအား ဖယ်ရှားရန်၊ အမေရိကန်အနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်သည့် ယခင်ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံများတွင် စစ်အခြေစိုက်စခန်းတည်ဆောက်ခြင်း မပြုရန်နှင့် ယင်းနိုင်ငံများနှင့်အတူ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ မလုပ်ဆောင်ရန်၊ နေတိုးအဖွဲ့အနေဖြင့် ယူကရိန်းစသည့်နိုင်ငံများကို နေတိုးအဖွဲ့အတွင်းသို့ မထည့်သွင်းရန် ကတိပြုခြင်း တို့ပါဝင်ကြောင်း သိရသည်။ (Xinhua)

——————————–
(Chinese Version)
(国际)俄副防长:北约军事威慑俄罗斯导致双方关系恶化
2021-12-28 10:34:39
新华社莫斯科12月27日电(记者黄河)俄罗斯国防部副部长福明27日说,北约对俄罗斯实行军事威慑是双方关系恶化的原因。他同时表示,俄方期待与北约进行认真、建设性的对话。
福明当天在与驻俄外国武官和大使馆代表举行的吹风会上说,自冷战结束以来,俄罗斯一直寻求与北约进行新形式互动,建立稳定、平等的欧洲安全体系。然而,北约长期采取对话合作与军事威慑相结合的“混合手段”遏制俄罗斯。“近年来,北约更多采取军事威慑手段针对俄罗斯,这是目前俄罗斯与北约关系恶化的原因。”
他说,自2004年以来,北约将空军力量轮流派往拉脱维亚、立陶宛和爱沙尼亚等国,并在俄罗斯附近执行空中巡逻任务。此外,北约边界已向东移动逾千公里,这为北约提供了使用非战略武器打击俄罗斯领土上目标的机会。北约每年都会进行数十次大型演习,演习包含了以俄罗斯为军事行动目标的内容。
福明说,俄方此前提交的安全保障相关文件既符合俄罗斯利益,也符合欧洲整体利益。俄方期待北约对俄方提议作出迅速和实质性反应,期待与北约进行认真、建设性的对话。
本月10日,俄罗斯外交部就与美国和其他西方国家开展安全保障对话发表声明,要求美国和北约为排除北约进一步东扩的可能提供法律保障。15日,俄罗斯向美方提交了俄美安全保障条约草案和俄与北约成员国安全保障措施协议,内容包括要求排除北约进一步东扩、美方不在非北约成员国的苏联加盟共和国领土上建立军事基地、不同这些国家发展军事合作、北约承诺不把乌克兰等国纳入北约等。(完)
图说1:2013年8月28日,在俄罗斯首都莫斯科郊外的茹科夫斯基,一架俄罗斯苏-30SM战机在做低空飞行展示。(新华社发,史小刚摄)