Connect with us

Europe

ရုရှားနှင့် ပဋိပက္ခဖြစ်ရန် ဆန္ဒမရှိ၊ ဂရုပြုနေသည့် ကိစ္စရပ်များကို ပူတင်နှင့် အထူးပွင့်လင်းစွာ ဆွေးနွေးသွားမည်ဟု ဘိုင်ဒန် ပြောကြား

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် အမေရိကန်သမ္မတ ဘိုင်ဒန်တို့ ဇွန် ၁၀ ရက် က Cornwallတွင် တွေ့ဆုံဆွေးနွေးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

ရုရှားနှင့်ပဋိပက္ခဖြစ်ရန် အမေရိကန်တွင် ဆန္ဒမရှိကြောင်း၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့် လျော်ညီမှုမရှိသည့် ရုရှား၏ လုပ်ဆောင်ချက်အချို့ကို ပြုပြင်စေချင်ခြင်းသာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က ဇွန် ၁၃ ရက် ဗြိတိန်နိုင်ငံ Cornwallတွင် ကျင်းပသည် G7 ထိပ်သီးအစည်းအဝေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinkenနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးSergey Lavrovတို့ မေ ၁၉ ရက်က အိုက်စလန်နိုင်ငံ ရေးခီးဗက်ခ်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

“ကျွန်တော်တို့က ပဋိပက္ခမဖြစ်ချင်ပါဘူး၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘူးလို့ ကျွန်တော်တို့ထင်တဲ့ အချို့လုပ်ဆောင်တွေကို ဖြေရှင်းဖို့ နည်းလမ်းရှာတာပါ”ဟု ဘိုင်ဒန်က G7ထိပ်သီးအစည်းဝေးပွဲအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။

ယင်းပြဿနာများကို ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပြီး မိမိ ဂရုပြုလျက်ရှိသည့်အရေးကိစ္စရပ်များကို ပူတင်နှင့် အထူးပွင့်လင်းစွာ ဆွေးနွေးသွားမည်ဟု ဘိုင်ဒန်က ဆိုသည်။

ဘိုင်ဒန်နှင့် ပူတင်သည် ဇွန် ၁၆ ရက် တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။ ၎င်းတွေ့ဆုံမှုသည် ဇန်နဝါရီ လတွင်ဘိုင်ဒန် က သမ္မတ တာဝန်စတင်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပူတင်နှင့်တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။ ပူတင်နှင့်မတွေ့ဆုံမီ ဘိုင်ဒန်က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပမည့် နေတိုးအဖွဲ့ဝင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်မည်ဖြစ်သည်။

ရုရှား-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးသည် ယခုနှစ်ပိုင်းများတွင် အနိမ့်ဆုံးအဆင့်ကို ရောက်နေကြောင်း ပူတင်က ယခုရက်ပိုင်း NBC၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ထိုပြောကြားချက်ကို လက်ခံကြောင်း၊ အမေရိကန်-ရုရှား ဆက်ဆံရေးသည် အနိမ့်ဆုံးရေချိန်ကို ရောက်ရှိနေရာ နှစ်နိုင်ငံဆက်ဆံရေး၏လားရာသည် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို ရုရှားက မည်သို့ လိုက်နာမလဲဆိုသည့်အပေါ်တွင် မူတည်ကြောင်း ဘိုင်ဒန်က ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတရွေးကောက်ပွဲကို စွက်ဖက်ဖို့ ရုရှား ကြိုးပမ်းမှုရှိမရှိ စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်ကို ရွေးကောက်ပွဲမတိုင်မီ ပူတင်အား ပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။ နောက်ပိုင်းရရှိသည့် အချက်အလက်များအရ ထိုလှုပ်ရှားမှုများတွင် ရုရှားပါဝင်ပတ်သတ်သည်ကို အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

မတ်လ မီဒီယာတွေ့ဆုံမေးမြန်းမှုတွင် ပူတင်ကို “လူသတ်သမား”ဟူသော အဆိုကို အသိအမှတ်ပြုကြောင်း ပြောကြားပြီးနောက် ဇွန် ၁၃ ရက်တွင်လည်း ပူတင်ကို “အာဏာရှင်”၊”ခေါင်းမာသည့်တစ်ဇွတ်ထိုးသမား”ဟု ဘိုင်ဒန်က ထပ်မံပြောကြားခဲ့သည်။

အစောပိုင်းကာလ NBC၏တွေ့ဆုံမေးမြန်းမှုတွင် ပူတင်က ဘိုင်ဒန်သည် နိုင်ငံရေးလောကတွင် ကျွမ်းကျင်သူဖြစ်ခြင်းကြောင့် သတိလက်လွတ် စိတ်ခံစားမှုအလိုက် အလုပ်မလုပ်စေလိုကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံပိုင်မီဒီယာက ဇွန် ၁၃ ရက်တွင် ပူတင်၏သီးသန့်တွေ့ဆုံမေးမြန်းခန်းကို ထုတ်လွှင့်ပြသခဲ့သည်။ မဟာဗျူဟာ တည်ငြိမ်မှု၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လစ်ဗျား၊ ဆီးရီးယား စသည့် အရေးကိစ္စများတွင် ဘိုင်ဒန်နှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း ၊ တွေ့ဆုံမှုက နှစ်ဖက် ဆွေးနွေးရေးအတွက် အထောက်အပံ့ ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ အကယ်၍ ဆိုက်ဘာပြစ်မှုကျူးလွန်သူများကို အမေရိကန်က ရုရှားအား လွှဲပြောင်းပေးပြီး နှစ်နိုင်ငံ အကြား သက်ဆိုင်ရာ သဘောတူညီချက်များ ရရှိမည်ဆိုလျှင် ရုရှားက အလားတူ ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်နှင့်ရုရှား သည် အချို့ ကဏ္ဍများ၌ ၊ ဥပမာ ရာသီဥတုပြောင်းလဲမှုပြဿနာကို ကိုင်တွယ်ဖြေရင်းရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ဘိုင်ဒန်က ဇွန် ၁၃ ရက် တွင် ပြောကြားခဲ့သည်။ ဆိုက်ဘာရာဇဝတ်သားလဲလှယ်ခြင်းနှင့်ပတ်သတ်သည့် ပူတင်၏သဘောထားအပေါ် ဘိုင်ဒန်က အမေရိကန်နိုင်ငံအတွင်း ရုရှားကို ဦးတည်သည့် ဆိုက်ဘာပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း၊ ပူတင်၏သဘောထားက တိုးတက်မှုရှိသည့် လက္ခဏာကောင်းတစ်ခုဖြစ်ကြောင်း ဆိုသည်။ (Xinhua)
———————————–
(Chinese Version)
拜登称美国无意与俄罗斯冲突 将“非常坦率”向普京表达关切
2021-06-14 16:45:26
Image Carouse
新华社北京6月14日电(记者安晓萌)美国总统约瑟夫•拜登13日在英国康沃尔郡出席七国集团领导人峰会后说,美国不想与俄罗斯发生冲突,只是想纠正俄方一些“不符合国际准则的”做法。
拜登在七国集团领导人峰会闭幕后告诉记者:“我们不想发生冲突,我们寻求解决那些我们认为不符合国际准则的行为。”
拜登说,处理这一问题的“最佳方法”是与俄罗斯总统弗拉基米尔•普京会面并讨论,他将“非常坦率地”向普京表达自己的关切。
拜登与普京定于16日在瑞士日内瓦会晤。这将是拜登1月就任总统后首次与普京面对面会晤。与普京会晤前,拜登还将赴比利时布鲁塞尔出席北大西洋公约组织领导人峰会。
普京近日接受美国全国广播公司采访时说,俄美两国关系处于近年来“最低点”。
拜登13日表示认可这一说法,说美俄关系的确处于低谷,而两国关系走向取决于俄方如何遵守国际准则。他说,在当选前他就告诉普京,将调查俄方是否曾试图干预美国总统选举,而他随后掌握的信息确认俄方参与这类活动。
继3月接受媒体采访时认同普京是“杀手”的说法后,拜登13日再称普京是“独裁者”,“一意孤行”。 普京早些时候在接受美国全国广播公司采访时则称拜登是政坛“职业人士”,希望后者不要意气用事。
俄罗斯国家媒体13日播出对普京的专访。普京说,希望与拜登讨论战略稳定、环境问题、利比亚和叙利亚局势等议题,希望会晤有助于促进双边对话。另外,如果美方向俄方移交网络罪犯且两国达成相关协议,俄方也会这样做。
拜登13日说,美俄可以在某些领域展开合作,例如应对气候变化。就普京有关交换网络罪犯的表态,拜登说,如果有人在美国境内发动针俄罗斯的网络犯罪,将把他们绳之以法,普京的表态是“进步”、“不错的信号”。

图说1:6月10日,英国首相约翰逊(右)在英国康沃尔郡的卡比斯贝与美国总统拜登举行会晤。(新华社发,英国首相府供图)
图说2:5月19日,美国国务卿布林肯(左一)和俄罗斯外长拉夫罗夫(右一)在冰岛雷克雅未克举行会晤。(新华社发,冰岛外交部供图)