Connect with us

International Organizations

ရုရှားနှင့် ပြင်သစ်သမ္မတတို့က ရုရှား လုံခြုံရေး အာမခံချက် ၊ ယူကရိန်း အခြေအနေနှင့်ပတ်သက်၍ ဆက်သွယ်ဆွေးနွေး

ပြင်သစ်သမ္မတ မက်ခရွန် (ယာ) နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က ဒီဇင်ဘာ ၉ ရက်တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပသော နော်မန်ဒီပုံစံ (Normandy format) လေးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့စဉ် (ဆင်ဟွာ)

မော်စကို၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၂၈ ရက်တွင် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက်လုံးမှ ရုရှားလုံခြုံရေးအာမခံချက်၊ ယူကရိန်းအခြေအနေ စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ရုရှားသမ္မတ ဝက်ဘ်ဆိုဒ်မှ သတင်းဖော်ပြချက်အရ သိရသည်။

ရုရှားနိုင်ငံသည် ဇန်နဝါရီ ၂၆ ရက်က အမေရိကန်နိုင်ငံနှင့် နေတိုး (NATO) မဟာမိတ်တပ်ဖွဲ့တို့မှ လက်ခံရှိသော လုံခြုံရေးအာမခံချက်ဆိုင်ရာ စာလွှာအကြောင်းပြန်ချက်များကို သေသေချာချာ လေ့လာပြီး နောက်တစ်ဆင့်မည်သို့ ဆောင်ရွက်မည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ နေတိုး၏ အရှေ့ဘက်သို့ တိုးချဲ့ခြင်းကို ရပ်စဲခြင်း၊ ရုရှားနယ်စပ်ပတ်ဝန်းကျင်တွင် တိုက်ခိုက်ရေးလက်နက်များ ဖြန့်ကျက်ခြင်း မပြုရန်၊ စစ်ရေးဖြန့်ကျက်မှုနှင့် သက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ၁၉၉၇ ခုနှစ်က ရုရှားနှင့် နေတိုးတို့ လက်မှတ်ရေးထိုးထားသော အခြေခံဆက်ဆံရေး သဘောတူညီချက် အခြေအနေသို့ ရောက်ရှိရေး စသည်တို့ကို ရုရှားအနေဖြင့် အဓိက အာရုံစိုက် ဂရုပြုကြောင်း၊ သို့သော် အမေရိကန်နှင့် နေတိုးတို့က စာလွှာအကြောင်းပြန်ချက်တွင် ယင်းနှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားခြင်းမရှိကြောင်း သိရသည်။

ပူတင်က ယူကရိန်းအနေဖြင့် မင့်စ်ခ်သဘောတူညီချက် အပါအဝင် သက်ဆိုင်ရာစာချုပ်များကို တင်းတင်းကျပ်ကျပ် လိုက်နာကာ ယူကရိန်းအရှေ့ပိုင်းဒေသနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ရန် ပြောကြားခဲ့သည်။

ရုရှားနှင့် ပြင်သစ်တို့က ဇန်နဝါရီ ၂၆ ရက်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပသော နော်မန်ဒီပုံစံ (Normandy format) လေးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲဆိုင်ရာ အတွေးအမြင်ချင်း ဖလှယ်ခဲ့ပြီး နှစ်ဖက်စလုံးမှ အဆိုပါပုံစံဖြင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် ကျေနပ်မိကြောင်းပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်တို့က ဥရောပလုံခြုံရေးကိစ္စရပ်များကို ဆက်လက်ဆွေးနွေးကြရန်လည်း သဘောတူညီခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………
(Chinese Version)
(国际)俄法两国总统就俄安全保障与乌克兰局势通电话
2022-01-28 22:56:21 分类: 政治法律
新华社莫斯科1月28日电(记者黄河)据俄罗斯总统网站通报,俄总统普京28日与法国总统马克龙通电话,双方就俄罗斯安全保障、乌克兰局势等问题交换了意见。
普京表示,俄方将在认真研究26日收到的美国和北约关于安全保障协议的书面答复后决定下一步行动。对于北约停止扩张,不在俄边境附近部署打击性武器,将军事部署和有关基础设施恢复至1997年俄与北约签署基本关系文件时的状态等俄方核心关切,美国和北约在书面答复中并未做出回应。
普京说,乌克兰应当严格遵守明斯克协议等相关文件,并与乌克兰东部地区开展直接对话。
俄法双方就1月26日在巴黎举行的“诺曼底模式”四方会谈的有关情况交换了意见,双方对以此形式开展工作表示满意。两国领导人同意继续就欧洲总体安全问题展开对话。(完)
图说- 12月9日,在法国巴黎,法国总统马克龙(右)和俄罗斯总统普京出席“诺曼底模式”四国峰会。(新华社记者高静摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.