Connect with us

Africa & Middle East

ရွှေ့ပြောင်းနေထိုင်သူများ အုံလိုက်ကျင်းလိုက် ဝင်ရောက်လာမှုကြောင့် အမေရိကန်-မက္ကဆီကို နယ်စပ် တက္ကဆပ်ပြည်နယ် ပြည်ဝင်ဂိတ် ၆ ခုကို ပိတ်ထားရ

ဟူစတန်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

နယ်စပ် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်းကို ဖြေရှင်းရန် အမေရိကန်-မက္ကဆီကို နယ်စပ်ရှိ တက္ကဆက်ပြည်နယ် ပြည်ဝင်ဂိတ် ၆ ခုကို ပိတ်ထားဖို့ ယင်းပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbottက စက်တင်ဘာ ၁၆ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ နယ်စပ်ဖြတ်ကျော်၍ တက္ကဆက်ပြည်နယ်အတွင်းသို့ ဆက်လက်ဝင်ရောက်နေမှုကို တားဆီးရန်အတွက် ပြည်နယ်အစိုးရနှင့် ပြည်နယ် ရဲတပ်ဖွဲ့အား လုံရေးခြုံရေးနှင့်ကင်းလှည့်ယာဉ် အင်အားတိုး ဆောင်ရွက်ရန် ၊ ပြည်ဝင်ခွင့်ဂိတ် ၆ ခုကို ပိတ်ထားရန် ညွှန်ကြားခဲ့ကြောင်း Greg Abbott ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ရီပတ်ဘလစ်ကန်ပါတီဝင်ဖြစ်သည့် ပြည်နယ်အုပ်ချုပ်ရေးမျူး Greg Abbott က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အလွန်တရာများပြားလာခြင်း‌ကြောင့် အမေရိကန်နယ်စပ်လုံခြုံရေးများက ရှုပ်ထွေးမှုအတွင်း နစ်မြုပ်နေရသည်ဟု ဆိုသည်။ တစ်ချိန်တည်းမှာပင် ၎င်းက နယ်စပ်လုံခြုံရေးကို ဘိုင်ဒန်အစိုးရ ဥပေက္ခာပြုသည်ဟု ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

မက္ကဆီကိုနိုင်ငံ Chiapasပြည်နယ်Tapachulaတွင် အမေရိကန်နိုင်ငံသို့ ဝင်ရောက်ရန် ထွက်ခွာသွားသည့် လူအုပ်ကြီးအား စက်တင်ဘာ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ တက္ကဆက်ပြည်နယ် အနောက်တောင်ပိုင်းမြို့လေးဖြစ်သည့်Del Rioတွင် ဒေသအာဏာပိုင်များ Del Rioနိုင်ငံတကာတံတားဟု အမည်ပေးထားသည့်နေရာ တံတားအောက်ပိုင်းကို တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများဒုက္ခသည်အဖြစ်လျှောက်ထားစောင့်ဆိုင်းရာစခန်းအဖြစ် ထားရှိကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ယင်းစခန်းတွင် လူရာနှင့်ချီသာ ရှိသေးသော်လည်း စက်တင်ဘာ ၁၆ ရက်တွင် လူပေါင်း (၉,၀၀၀)အထိ ရုတ်ခြည်းတိုးပွားလာကြောင်း၊ ၎င်းတို့အနက် အများစုမှာ ဟေတီနိုင်ငံမှလာခြင်းဖြစ်ကြောင်း သိရသည်။ လာမည့်ရက်ပိုင်းအတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ အမေရိကန်-မက္ကဆီကိုနယ်စပ်ရှိ ဒူးလောက်သာမြုပ်သည့် မြစ်ရေကို ဖြတ်ကျော်ကာ ဤမြို့လေးကို စုပြုံဝင်ရောက်နိုင်မည်ဟု မြို့ပြအုပ်ချုပ်ရေးအရာရှိများက ကြိုတင်ခန့်မှန်းကြရာ အမေရိကန် နယ်စပ်လုံခြုံရေးဌာနကလည်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ စုဝေးနေမှုကို လူအင်အားထပ်တိုး ဖြေရှင်းရဖွယ်ရှိကြောင်း ဆိုသည်။

မက္ကဆီကိုနိုင်ငံ Chiapasပြည်နယ်Tapachulaတွင် အမေရိကန်နိုင်ငံသို့ ဝင်ရောက်ရန် ထွက်ခွာသွားသည့် လူအုပ်ကြီးအား စက်တင်ဘာ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါတံတားအောက် ယာယီစခန်းတွင် သန့်ရှင်းသည့်ရေနှင့်အစားအစာ မရှိသလောက်ဖြစ်ပြီး ရွှေ့ပြောင်းနိုင်သည့် အိမ်သာအချို့သာရှိရာ ကျန်းမာရေးအတွက် အလွန်ဆိုးဝါးကြောင်း Del Rio မြို့ပြအုပ်ချုပ်ရေးအရာရှိ၏စကားကို ကိုးကား၍ အမေရိကန်မီဒီယာများက ဖော်ပြထားသည်။ ထောင်နှင့်ချီသည့် ပူပန်စိုးရိမ်နေကြသည့် ရွှေ့ပြောင်းနေထိုင်သူများက ပူပြင်းသည့်ရာသီဥတု၊ ညစ်ညမ်းသည့်ပတ်ဝန်းကျင်တွင် စုပြုံတိုးကြိတ်နေထိုင်ခြင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်နေပြီ ဟု ဆိုသည်။

ယခုနှစ်မှစ၍ အမေရိကန်နှင့်မက္ကဆီကိုနယ်စပ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ အဆက်မပြတ်အရှိန်အဟုန်ဖြင့် တိုးပွားလာရာ ဘိုင်ဒန်အစိုးရအတွက် ပြင်းထန်သည့် စိန်ခေါ်မှုဖြစ်စေသည်။ ယခုနှစ်မှစ၍ အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ဖမ်းဆီးခံရသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ဦးရေသည် နှစ်ပေါင်း(၂၀)ကျော်ကာလတွင် အများဆုံးဖြစ်ခဲ့ကြောင်း ၊ (၈)လကြာကာလတွင်ပင် ဖမ်းဆီးခံရသူ အကြိမ်ရေ (၂၀၈,၀၀၀)ကျော်ရှိရာ ၎င်းတို့အနက် အများစုသည် နေရပ်သို့ပြန်လည်ပို့ဆောင်ပြီးနောက် နောက်ထပ်တစ်ဖန် နယ်စပ်ဖြတ်ကျော်လာခြင်းဖြစ်ကြောင်း အမေရိကန်သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)

——————————————
(Chinese Version)

(国际)美墨边境移民潮涌 得州关闭6处口岸

新华社休斯敦9月16日电(记者徐剑梅)美国中南部得克萨斯州州长阿伯特16日下令关闭该州位于美国和墨西哥边境的6处入境口岸,以应对边境非法移民危机。
阿伯特发表声明说,他已指示州政府和州国民警卫队增加执法人员和巡逻车辆,并关闭6处入境口岸,以阻止非法移民继续越境进入得州。这位共和党州长称,因非法移民过多,美国边境执法人员已“被混乱淹没”。他同时严厉抨击拜登政府无视边境安全。

综合美国媒体报道,在得州西南小城德尔里奥,当局划出一座名叫“德尔里奥国际桥”的部分桥下区域作为等待申请避难的非法移民临时营地。一周前,这座营地里只有数百名非法移民,但到16日,已激增至9000人左右,多数来自海地。市政官员预期未来数日内,还可能有大量非法移民越过美墨边境深仅及膝的河水涌向这座小城,美国边境执法部门表示将增派更多人手处理大量非法移民聚集问题。

美媒援引德尔里奥市政官员的话说,这处桥下临时营地几乎没有干净的水和食物,只有寥寥几个移动厕所,卫生条件恶劣。数千焦虑而紧张的非法移民拥挤在一起,天气炎热,环境肮脏,其状况已经构成人道主义危机。

今年以来,美国和墨西哥边境的非法移民潮持续不断,对拜登政府构成严峻挑战。据美媒报道,今年以来美墨边境被捕非法移民人数达到20多年来最高水平,仅8月就有超过20.8万人次的非法移民被捕,其中许多人是被遣返后再次越境。(完)

图说1:9月4日,在墨西哥恰帕斯州塔帕丘拉,“移民大篷车”队伍向美国进发。新华社发(达米安•桑切斯摄)
图说2,3: 9月4日,在墨西哥恰帕斯州塔帕丘拉,“移民大篷车”队伍向美国进发。 新华社发(阿图罗•米汉戈斯摄)