Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံ မြို့တော် တောင်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွား ၊ အနည်းဆုံး လူ ၅ ဦး သေဆုံး

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်ဆိပ်ကမ်းအနီးတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘေရွတ်၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မြို့ တောင်ပိုင်း ပင်လယ်ကမ်းခြေမြို့တစ်ခုတွင် ဩဂုတ် ၁ ရက်က လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ အနည်းဆုံး လူ (၅) ဦး သေဆုံးပြီး (၁၀) ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ဘနွန် ဟက်ဇ်ဘိုလာပါတီအား ထောက်ခံသည့် Ali Shebli သည် ဇူလိုင် ၃၁ ရက် ညပိုင်းက ဘေရွတ်မြို့တောင်ပိုင်း Khaldeရှိ မင်္ဂလာပွဲအခမ်းအနားတစ်ခုတွင် လုပ်ကြံသတ်ဖြတ်ခံရကြောင်း လက်ဘနွန်မီဒီယာများက ဖော်ပြခဲ့သည်။ ဩဂုတ် ၁ ရက်တွင် Ali Shebli၏ ဈာပနယာဉ်တန်းဖြတ်သွားသည် ၎င်းနေအိမ်အနီးတွင် သေနတ်ဖြင့်တိုက်ခိုက်ခံရပြီး နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ပဋိပက္ခအတွင်း ဟက်ဇ်ဘိုလာထောက်ခံသူ (၃)ဦးအပါအဝင် အနည်းဆုံး လူ(၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရှီယာမူဆလင်နှင့်ဆွန်နီမူဆလင်တို့အကြား ပြီးခဲ့သည်နှစ်က Khaldeတွင် ပဋိပက္ခဖြစ်ပွားမှုကြောင့် လူ (၂)ဦး သေဆုံးခဲ့ရာ ၎င်းတို့အနက် အသက်(၁၅)နှစ်အရွယ်လူငယ်တစ်ဦး ပါဝင်ကြောင်း သိရသည်။ ပဋိပက္ခအတွင်း ယင်းလူငယ်သေဆုံးခဲ့ရသည်ကို မကျေနပ်သဖြင့် Ali Shebliက မင်္ဂလာဆောင်တွင် လက်စားချေ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အချင်းဖြစ်ပွားပြီးနောက် လက်ဘနွန်သမ္မတ Michel Aoun နှင့် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် Hassan Diabက ပြည်သူ့လုံခြုံရေးအတွက် အဓိကရုဏ်းများကို ချက်ချင်း နှိမ်နှင်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ ရွေးကောက်ခံဝန်ကြီးချုပ် Najib Mikatiက ပြည်သူလူထုအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် ၊ ပဋိပက္ခတိုက်ခိုက်မှုအတွင်း မပါဝင်ကြရန် နှိုးဆော်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် Khaldeဒေသ၌ စစ်အင်အား ဖြည့်တင်းထားကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)黎巴嫩首都南部发生武装冲突至少5人死亡
2021-08-02 06:44:06
新华社贝鲁特8月1日电(记者刘宗亚)黎巴嫩首都贝鲁特南部一滨海小镇8月1日发生武装冲突,造成至少5人死亡、10多人受伤。
据黎巴嫩媒体报道,黎巴嫩真主党支持者谢卜利7月31日晚在贝鲁特南部海勒代镇的一场婚礼上被杀身亡。8月1日,谢卜利的送葬车队在其家附近遭遇枪手袭击,双方发生交火,并动用了机关枪和火箭推进榴弹。冲突造成包括3名真主党成员在内的至少5人死亡。
报道说,什叶派穆斯林和逊尼派穆斯林去年曾在海勒代镇爆发冲突,造成两人死亡,其中包括一名15岁少年。谢卜利在冲突中导致这名少年死亡,并在婚礼上被报复杀害。
事件发生后,黎巴嫩总统奥恩和看守总理迪亚卜要求立即采取措施,防暴止乱,保障民众安全。候任总理米卡提呼吁当地民众保持克制,不要卷入冲突和争斗。
目前,黎巴嫩军队已加强在海勒代地区的兵力部署。(完)

图说1:9月4日,两名警察在黎巴嫩首都贝鲁特港口附近举行的悼念活动上警戒。 新华社发(比拉尔•贾维希摄)