Connect with us

International Organizations

လစ်ဗျားဆိုင်ရာ နိုင်ငံတကာအစည်းအဝေးကို ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပ ပြုလုပ်

လစ်ဗျားနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ တပ်ဖွဲ့ က ၂၀၂၀ ပြည့်နှစ် ဇွန် ၄ ရက်တွင် ထရီပိုလီ တစ်ခုလုံးအား သိမ်းပိုက်နိုင်ခဲ့သည့်အတွက် အောင်ပွဲခံနေကြစဉ်(ဆင်ဟွာ)

ဘာလင် ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

လစ်ဗျာဆိုင်ရာ နိုင်ငံတကာအစည်းအဝေး ကိုဇွန် ၂၃ ရက်တွင် ဂျာမနီနိုင်ငံ မြို့တော် ဘာလင်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းတက်ရောက်ခဲ့ကြသည့် သက်ဆိုင်ရာအသီးသီးက ပြင်ပအင်အားစုအနေဖြင့် လစ်ဗျားအခြေအနေအပေါ် ဝင်ရောက်စွက်ဖက်မှုအား ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။ ထို့ပြင်သက်ဆိုင်ရာအသီးသီးက ပြင်ပနိုင်ငံ လက်နက်ကိုင်အဖွဲ့များ နှင့် ကြေးစားစစ်သားများ လစ်ဗျားနိုင်ငံအတွင်းမှ ထွက်ခွာသွားကြရန် တောင်းဆိုခဲ့ပြီး လစ်ဗျာနိုင်ငံ တည်ငြိမ်အေးချမ်းရေး အကောင်အထည်ဖော်ရန်အတွက် တွန်းအားပေးဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် က အွန်လိုင်းမှတစ်ဆင့် အစည်းအဝေး အား တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားရာတွင် လစ်ဗျာနိုင်ငံတွင် တိုက်ခိုက်မှုများဖြစ်ပွားနေသည့် သက်ဆိုင်ရာများအနေဖြင့် ယခင်နှစ် အောက်တိုဘာ တွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ပြင်ပအင်အားစုများ လစ်ဗျားနိုင်ငံမှ ထွက်ခွာပေးခြင်းသည် ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် လွန်စွာအရေးပါနေကြောင်း ၊ ကုလသမဂ္ဂ အနေဖြင့် လာမည့်ရက်အနည်းငယ်အတွင်း လေ့လာသုံးသပ်သူတစ်ဦးအား လစ်ဗျားနိုင်ငံ သို့ စေလွှတ်ပေးမည်ဖြစ်ပြီး အပစ်အခတ်ရဲစဲသည့် သက်ဆိုင်ရာများအပေါ် ကြီးကြပ်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Angela Merkel က မိန့်ခွန်းပြောကြားရာတွင် လစ်ဗျားနိုင်ငံ၏ ကိုယ်ပိုင်အနာဂတ်ကို လစ်ဗျားပြည်သူများအား ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးသင့်ကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လစ်ဗျားနိုင်ငံ ပြည်သူတို့ ကိုယ်တိုင်ရွေးချယ်ထားသည့် လမ်းကြောင်းအပေါ် ဆက်လက်လျှောက်သွားရန်အတွက် ထောက်ခံအားပေးရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Heiko Maas က လစ်ဗျားနိုင်ငံတွင် ကျန်ရှိနေသေးသည့် ပြင်ပအင်အားစုများ လစ်ဗျားနိုင်ငံ မှ မထွက်ခွာသေးမီအချိန်ထိ သက်ဆိုင်ရာအသီးသီးက သက်ဆိုင်ရာကြိုးပမ်းဆောင်ရွက်မှုများကို ရပ်တန့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လစ်ဗျားအမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရသစ် ဝန်ကြီးချုပ် Abdul Hamid Dbeibah က လက်ရှိချိန်သည် လစ်ဗျားနိုင်ငံ၏ လွန်စွာအရေးကြီးသည့် အချိန်ကာလသို့ရောက်ရှိလာခဲ့ပြီး မျှော်လင့်ချက်များဖြင့် ပြည့်ဝနေသည့် အချိန်ကာလလည်းဖြစ်ကြောင်း ၊ အခက်အခဲပေါင်းများစွာနှင့် ကြုံတွေ့နေရသော်လည်း သက်ဆိုင်ရာအသီးသီးက တိုက်ပွဲသို့ ပြန်မသွားမည်မဟုတ်သည့် ဘုံသဘောတူညီချက်ရှိကြောင်း ၊ ပြင်ပအင်အားစုများအနေဖြင့် လစ်ဗျားနိုင်ငံ ၏ နိုင်ငံရေးအား ဝင်ရောက်စွက်ဖက်မှုမပြုလုပ်ရန် မျှော်လင့်ပြီး လစ်ဗျားနိုင်ငံတွင် ယခုနှစ်နှစ်ကုန်ပိုင်းအချိန်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း တားဆီးခြင်းမပြုကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Najla Mangoush က ယခုအကြိမ်ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ကြေးစားစစ်သားများ ထွက်ခွာသွားရေးခေါင်းစဉ်တွင် တက်ကြွသည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း ၊ လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်မှုဖြစ်ပွားနေသည့် သက်ဆိုင်ရာ အသီးသီးအနေဖြင့် လာမည့်ရက်အနည်းငယ်အတွင်း လစ်ဗျားနိုင်ငံ မှ ကြေးစားစစ်သားများအား ပြန်လည်ခေါ်ယူကြရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ်ကျင်းပပြုလုပ်သည့် လစ်ဗျားအရေးနိုင်ငံတကာအစည်းအဝေးကို အချိန်အားဖြင့် တစ်ရက်သာကျင်းပပြုလုပ်ခဲ့ပြီး ဂျာမနီ ၊ လစ်ဗျား ၊ အမေရိကန် ၊ ရုရှား ၊ တရုတ် ၊ ဗြိတိန် နှင့် ပြင်သစ် စသည့်နိုင်ငံပေါင်း ၁၀ နိုင်ငံကျော် နှင့် ကုလသမဂ္ဂ ၊ ဥရောပသမဂ္ဂ ၊ အာဖရိကသမဂ္ဂ နှင့် အာရပ်အဖွဲ့ချုပ် စသည့် နိုင်ငံတကာအဖွဲ့အစည်း မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ တွင် ဂျာမနီ နှင့် ကုလသမဂ္ဂ တို့သည် ဘာလင်တွင် ပထမဆုံးအကြိမ် လစ်ဗျားဆိုင်ရာ နိုင်ငံတကာအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

ကဒါဖီ အုပ်ချုပ်မှုအား ၂၀၁၁ ခုနှစ်၌ တွန်းလှန်ခဲ့ပြီးနောက်တွင် လစ်ဗျားနိုင်ငံသည် မတည်ငြိမ်မှုအတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ကုလသမဂ္ဂ၏ အသိအမှတ်ပြုခြင်းခံထားရသည့် အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ နှင့် ယင်းအစိုးရအား ထောက်ခံသည့် လက်နက်ကိုင်အင်အားစု တို့သည် နိုင်ငံအနောက်ပိုင်းဒေသများအား ထိန်းချုပ်နိုင်ခဲ့သည်။ လစ်ဗျား အမျိုးသားတပ်မတော် နှင့် ပြည်သူ့ကိုယ်စားပြုညီလာခံ တို့က မဟာမိတ်ဖွဲ့၍ လစ်ဗျားနိုင်ငံ အရှေ့ပိုင်း နှင့် တောင်ပိုင်း ဒေသအများအပြားကို ထိန်းချုပ်ထားသည်။

ကုလသမဂ္ဂ၏ ကြားဝင်ဆောင်ရွက်မှုအောက်တွင် လစ်ဗျားနိုင်ငံတွင် တိုက်ပွဲဖြစ်ပွားနေသည့် နှစ်ဘက်က ပြီးခဲ့သောနှစ် အောက်တိုဘာတွင် ဂျီနီဗာ၌ ဘက်စုံအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ကြပြီး နိုဝင်ဘာ၌ တူနီးရှားတွင် နိုင်ငံရေးဆိုင်ရာတွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း နှင့် ရွေးကောက်ပွဲသို့သွားရောက်ရန်လမ်းကြောင်း နှင့်ပတ်သက်၍ သဘောတူညီချက် ရရှိခဲ့ကြသည်။ နှစ်ဦးနှစ်ဘက်တို့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် သမ္မတ နှင့် လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲကျင်းပသွားရန် သဘောတူညီခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် လစ်ဗျား နိုင်ငံရေးဆိုင်ရာတွေ့ဆုံမှုဖိုရမ်အား ဂျီနီဗာတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲမှတစ်ဆင့် လစ်ဗျားနိုင်ငံ ယာယီအုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းအား ထူထောင်နိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ် မတ် တွင် လစ်ဗျားအမျိုးသားစည်းလုံးညီညွတ်မှုအစိုးရသစ် (ကြားဖြတ်အစိုးရ) အား ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————
(Chinese Version)

(国际)利比亚问题国际会议在德国柏林举行

新华社柏林6月23日电(记者张远)利比亚问题国际会议23日在德国首都柏林召开,与会各方呼吁外部势力停止干预利比亚局势、要求外国武装及雇佣军撤出利比亚,以推动该国实现和平稳定。

联合国秘书长古特雷斯通过视频参加会议。古特雷斯表示,利比亚冲突各方去年10月达成了停火协议,眼下外部势力撤出利比亚是实现和平的关键。联合国不久后将派出第一批观察员前往利比亚首都的黎波里,以监督各方停火。

德国总理默克尔在会议上说,应由利比亚人民决定自己的未来。国际社会已做好准备,支持利比亚人民在自己选择的道路上走下去。德国外长马斯表示,在最后一股外部势力离开利比亚前,各方不会停止相关努力。

利比亚新民族团结政府总理德贝巴说,利比亚眼下处在关键时期,也是充满希望的时期。尽管面临诸多困难,各方拥有不再重回战争的共识。他希望外部势力不要插手利比亚政治、阻挠该国将于今年年底举行的选举。利比亚外长曼古什表示,此次会议在推动撤出雇佣军议题上取得积极进展。利比亚冲突各方计划在接下来几天开始撤出利境内的雇佣军。

本次利比亚问题国际会议为期一天,德国、利比亚、美国、俄罗斯、中国、英国、法国等十余个国家以及联合国、欧洲联盟、非洲联盟、阿拉伯国家联盟等国际组织的代表参加会议。2020年1月,德国与联合国曾首次在柏林举办利比亚问题国际会议。

卡扎菲政权2011年被推翻后,利比亚陷入动荡。得到联合国承认的民族团结政府与支持它的武装力量控制西部部分地区,“国民军”与国民代表大会结盟,控制东部和南部大部分地区。在联合国斡旋下,利比亚冲突双方去年10月在瑞士日内瓦签署全面停火协议,并于11月在突尼斯举行的政治对话期间就“通往选举的路线图”达成一致,同意2021年12月举行总统和议会选举。2021年2月,利比亚政治对话论坛在日内瓦选举产生利比亚统一临时行政机构。2021年3月,利比亚新民族团结政府(即过渡政府)成立。(完)

Photo
6月4日,利比亚民族团结政府军在的黎波里南部地区庆祝收复整个的黎波里。 新华社发(哈姆扎•图尔基亚摄)