Connect with us

ASEAN

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် Lockdown ကာလ သက်တမ်းထပ်တိုး

လာအိုနိုင်ငံ Luang Prabang မြို့တွင် Lockdown ချထားစဉ် ပိတ်ဆို့ထားသည့် လမ်းမြင်ကွင်းတစ်နေရာအား ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးမည်ဖြစ်သော်လည်း မြို့တော် ဗီယင်ကျန်း၏ Lockdown ကာလကို ဇွန် ၁၉ ရက် အထိ (၁၅) ရက် ထပ်တိုးသွားမည်ဖြစ်ကြောင်း လာအိုအစိုးရက ဇွန် ၄ ရက်တွင် ကြေညာခဲ့သည်။

အချို့ပြည်နယ်နှင့်မြို့များတွင် အထူးသဖြင့် ဗီယင်ကျန်းတွင် ရပ်ရွာအတွင်းကူးစက်မှုများ ဆက်တိုက်တွေ့ရှိရခြင်းကြောင့် ရောဂါထိန်းချုပ်ရေးကန့်သတ်မှုများကို ဆက်လက်လုပ်ဆောင်ရန်လိုအပ်သည်ဟု အစိုးရအနေဖြင့် ယူဆကြောင်း လာအိုဝန်ကြီးချုပ်ရုံး၏ ဇွန် ၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင်ပင် ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းနှင့်နေထိုင်မှုဘဝများအပေါ် ရိုက်ခတ်မှုသက်သာစေရန် စီးပွားရေးစင်တာနှင့် လက်လီလက်ကားဈေးဆိုင်များကို ဆက်လက်ဖွင့်လှစ်ခွင့်ပြုပြီး ရောဂါကာကွယ်ရေး ကန့်သတ်ချက်အချို့ကို လျှော့ချပေးရန် အစိုးရအနေဖြင့် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အချို့ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သော်လည်း လူထုအားလုံးက တစ်မီတာအကွာ social distance ထားရှိခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ မကြာခဏလက်ဆေးခြင်းစသည့် ရောဂါကာကွယ်ရေးအခြေခံနည်းလမ်းများကို ဆက်လက်လိုက်နာရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဧပြီလကုန်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ခုန်တက်လာခြင်းကြောင့် အစိုးရက ဧပြီ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဗီယင်ကျန်းကို (၁၄) ရက်ကြာ Lockdown ချခဲ့ပြီး အခြားပြည်နယ်များတွင် ရောဂါထိန်းချုပ်ရေးနည်းလမ်းများကို အားဖြည့်ဆောင်ရွက်သွားရန် အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဗီယင်ကျန်းတွင် (၁၄)ရက်ကြာ Lockdown ကာလပြည့်ပြီးနောက် Lockdown ကာလ (၁၅)ရက် နှစ်ကြိမ်ထပ်တိုးခဲ့ကြောင်း သိရသည်။

လာအို ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန် ၄ ရက် ပြောကြားချက်များအရ လာအိုနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း (၁,၉၅၂)ဦး၊ စုစုပေါင်းသေဆုံးလူနာ (၃)ဦး၊ ရောဂါသက်သာပျောက်ကင်းသွားသူ (၁,၆၈၀) ဦး ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际疫情)老挝首都因新冠疫情再次延长“封城”期限
2021-06-05 01:55:52
新华社万象6月4日电(记者章建华)老挝政府4日宣布部分放松新冠疫情防控措施,但再次延长老挝首都万象“封城”期限15天至6月19日。
老挝总理府办公室4日发布通告说,鉴于部分省市尤其万象持续发现社区传播病例,政府认为有必要继续采取新冠防控限制措施。
同时,为缓解疫情对商业和生活的影响,政府决定继续允许商业中心、批发和零售商铺开业经营,部分放松疫情防控措施。
通告说,虽然部分放松疫情防控措施,但所有人都应继续遵守基本的防控措施,包括保持一米社交距离、测量体温、戴口罩、勤洗手等。
由于老挝新冠确诊病例4月下旬骤增,政府4月21日发布指令,万象“封城”14天,其他省份也须加强疫情防控措施;在14天期满后,万象两次延长“封城”期限15天。
老挝卫生部4日说,该国累计新冠确诊病例1952例,累计死亡3例,累计治愈1680例。(完)

新华社照片,琅勃拉邦(老挝),“封城”下的老挝琅勃拉邦
2021年4月27日,送餐员在老挝琅勃拉邦古城一处封闭的路口等待顾客。