Connect with us

China

လူလိုက်ပါသော အာကာသယာဉ်စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ကာ တရုတ်အာကာသစခန်း ဘက်စုံတည်ဆောက် လည်ပတ်ရေးအတွက် ဆောင်ရွက်သွားမည်ဟု စက္ကူဖြူစာတမ်းက ဖော်ပြ

တရုတ်နိုင်ငံ အာကာသစခန်း စက်ရုပ်လက်တံဖြင့် ကုန်တင်အာကာသယာဉ် ရွှေ့ပြောင်းစမ်းသပ်မှုကို ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာမှ ရိုက်ကူးရာ Tianzhou-2 ကုန်တင်အာကာသယာဉ်နှင့် Tianhe အာကာသစခန်းပင်မခန်း ပြန်လည်ချိတ်ဆက်ထားကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)

အနာဂတ် ၅ နှစ်တာကာလတွင် တရုတ်နိုင်ငံက လူလိုက်ပါသောအာကာသယာဉ် စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ တရုတ်အာကာသစခန်း ဘက်စုံတည်ဆောက်လည်ပတ်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး လကမ္ဘာသို့ လူသားဆင်းသက်ခြင်းနည်းလမ်းများကို နက်ရှိုင်းစွာ လေ့လာကာသက်သေထူ အတည်ပြုသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံး ဇန်နဝါရီ ၂၈ ရက် ထုတ်ပြန်သည့် စက္ကူဖြူစာတမ်း၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံ Shenzhou-13 အာကာသယာဉ်မှူး ကျိုက်ကျစ်ကန်းက အာကာသစခန်းပြင်ပ တာဝန်များအပြီး လက်ပြနှုတ်ဆက်နေသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက် ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC) မှ ရိုက်ကူးထားသည့်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ Shenzhou-12 လူလိုက်ပါသောအာကာသယာဉ်မှူးများ ကမ္ဘာမြေပေါ်သို့ ပြန်လည်ရောက်ရှိလာသည်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“Tianhe” အာကာသစခန်း ပင်မခန်း အောင်မြင်စွာ လွှတ်တင်ခြင်းသည် တရုတ်အာကာသစခန်းတည်ဆောက်မှု ဘက်စုံအကောင်အထည်ဖော်သည့်အဆင့်သို့ လျှောက်လှမ်းသော အထိမ်းအမှတ် ဖြစ်ကြောင်း စက္ကူဖြူစာတမ်းတွင် ရေးသားထားသည်။ “Tianzhou-2” ၊ ”Tianzhou-3” ကုန်တင်အာကာသယာဉ်နှင့် “Shenzhou-12” ၊ “Shenzhou-13” လူလိုက်ပါသောအာကာသယာဉ် လွှတ်တင်မှုများ အောင်မြင်ခဲ့ရာ “Tianhe”အာကာသစခန်း ပင်မခန်းနှင့် လျင်မြန်စွာ ချိတ်ဆက်ပြီး အာကာသစခန်းပူးတွဲအဆောက်အအုံသည် တည်ငြိမ်စွာလည်ပတ်နိုင်ခဲ့သလို အာကာသယာဉ်မှူး ၆ ဦးသည်လည်း မရှေးမနှောင်းမှာပင် စခန်းအတွင်းသို့ ဝင်ရောက် နေထိုင်နိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် လာမည့် ၅နှစ်တာကာလတွင် လူလိုက်ပါအာကာသယာဉ် စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ “Wentian” အာကာသစမ်းသပ်ခန်း၊ “Mengtian” အကာကာသစမ်းသပ်ခန်း၊ “Xuntian”အာကာသကြည့် မှန်ပြောင်းနှင့် “Shenzhou”လူလိုက်ပါအာကာသယာဉ်၊ “Tianzhou”ကုန်တင်အာကာသယာဉ်တို့ကို လွှတ်တင်သွားမည် ဖြစ်ရာ တရုတ်အာကာသစခန်း ဘက်စုံတည်ဆောက်လည်ပတ်သွားမည် ဖြစ်သလို တရုတ်နိုင်ငံ အာကာသစမ်းသပ်စခန်း တည်ဆောက်ကာ အာကာသယာဉ်မှူးများ ရေရှည်နေထိုင်၍ အာကာသသိပ္ပံ စမ်းသပ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခြင်း၊ အာကာသစခန်း ပလက်ဖောင်း ထိန်းသိမ်းပြုပြင်ခြင်း စသည့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းတွင်ပင် တရုတ်နိုင်ငံသည် လကမ္ဘာသို့ လူဆင်းသက်ခြင်း နည်းလမ်းများကို နက်ရှိုင်းစွာ လေ့လာသက်သေထူအတည်ပြုသွားမည် ဖြစ်ပြီး အဓိက နည်းပညာများကို ဖော်ဆောင်ကာ မျိုးဆက်သစ် လူလိုက်ပါသောအာကာသယာဉ် တီထွင်တည်ဆောက်ခြင်း၊ လူလိုက်ပါသောအာကာသယာဉ်ဖြင့် ကမ္ဘာမြေနှင့် လကမ္ဘာ အာကာသ စူးစမ်းလေ့လာရေး အုတ်မြစ်ကို လက်တွေ့ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………
(Chinese Version)
(2021中国的航天白皮书)白皮书:继续实施载人航天工程 全面建成并运营中国空间站
2022-01-28 10:24:13
新华社北京1月28日电(记者张泉、宋晨)国务院新闻办公室28日发布的《2021中国的航天》白皮书说,未来五年,中国将继续实施载人航天工程,全面建成并运营中国空间站,深化载人登月方案论证。
白皮书说,“天和”核心舱成功发射,标志着中国空间站建造进入全面实施阶段。“天舟二号”“天舟三号”货运飞船和“神舟十二号”“神舟十三号”载人飞船成功发射,先后与“天和”核心舱快速对接,形成空间站组合体并稳定运行,6名航天员先后进驻中国空间站。
未来五年,中国将继续实施载人航天工程,发射“问天”实验舱、“梦天”实验舱、“巡天”空间望远镜以及“神舟”载人飞船和“天舟”货运飞船,全面建成并运营中国空间站,打造国家太空实验室,开展航天员长期驻留、大规模空间科学实验、空间站平台维护等工作。
与此同时,中国将深化载人登月方案论证,组织开展关键技术攻关,研制新一代载人飞船,夯实载人探索开发地月空间基础。(完)

图说1:1月6日在北京航天飞行控制中心拍摄的空间站机械臂转位货运飞船试验,天舟二号货运飞船与天和核心舱重新对接并完成锁紧。新华社记者 郭中正 摄
图说2: 这是2021年11月8日在北京航天飞行控制中心拍摄的神舟十三号航天员翟志刚在出舱任务结束后挥手示意。 新华社发(郭中正 摄)
图说3:2021年9月17日,神舟十二号载人飞船返回舱在东风着陆场成功着陆。这是航天员聂海胜(中)、刘伯明(右)、汤洪波安全顺利出舱。 新华社记者 连振 摄