Connect with us

Social, Education & Health

သင်တန်းဆင်း မူလတန်းကျောင်းအရွယ် စားဖိုမှူးလေးများ

ဖော်ဆန်း၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဖော်ဆန်းမြို့ စွန့်တယ်ခရိုင် ရှီးဆန်းမူလတန်းကျောင်းနှင့် စွန့်တယ်ဖုန့် စားဖိုမှူး အသက်မွေးဝမ်းကျောင်း နည်းပညာစွမ်းရည် မွမ်းမံသင်တန်းကျောင်းတို့ ပူးပေါင်းပြီး မူလတန်းစာသင်ကျောင်းအတွင်း ”ရှီးဆန်း အစွမ်းထက် စားဖိုမှူး မွမ်းမံသင်တန်း စင်တာ”တစ်ခုကို ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။အဆိုပါစာသင်ကျောင်းတွင် နေ့စဉ် ကျောင်းလွှတ်ပြီးနောက် ၄၅ မိနစ်ကြာ ကလေးငယ်များ သင်ယူရန်သင့်တော်မည့် “အချက်အပြုတ်သင်တန်းချိန်” ဖန်တီးပေးထားကြောင်း သိရသည်။ သင်တန်းချိန်တွင် ကျွမ်းကျင်စားဖိုမှူးများနှင့် ကျောင်းရှိဆရာ/ဆရာမများ ပူးပေါင်းပြီး ဖုန့်ချန်နွားနို့ကျော်၊ စစ်ပေးကြက်သားဟင်း၊ ရွှေဝါရောင်ထမင်းကြော်စသည့် အသက်အပိုင်းအခြားအလိုက် မူလတန်းကျောင်းသား/သူများ သင်ယူရန် သင့်လျော်မည့် တရုတ်-အနောက်တိုင်းဟင်းလျာချက်ပြုတ်နည်း အတန်းချိန်များ ဖွင့်လှစ်ပေးခဲ့ရာ ၎င်းတို့အနက် အချို့မှာ သင်ယူရန်လွယ်ကူသည့် စွန့်တယ်၏ရသာမွန်စားသောက်ဖွယ်ဟင်းလျာများပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဖော်ဆန်းမြို့ စွန့်တယ်ခရိုင်ရှိ ရှီးဆန်းမူလတန်းကျောင်း “ရှီးဆန်း အစွမ်းထက် စားဖိုမှူးမွမ်းမံသင်တန်းစင်တာ”တွင် ပထမတန်း၊ဒုတိယတန်း ကျောင်းသားကလေးငယ်များက ဂေါ်ဖီပန်းဝက်သားကြော် ချက်နည်းအား သင်ယူနေကြသည်ကို နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဖော်ဆန်းမြို့ စွန့်တယ်ခရိုင်ရှိ ရှီးဆန်းမူလတန်းကျောင်း “ရှီးဆန်း အစွမ်းထက် စားဖိုမှူးမွမ်းမံသင်တန်းစင်တာ”တွင် ပထမတန်း၊ဒုတိယတန်း ကျောင်းသားကလေးငယ်များက ပန်းကန်ဆေးနေကြသည်ကို နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဖော်ဆန်းမြို့ စွန့်တယ်ခရိုင်ရှိ ရှီးဆန်းမူလတန်းကျောင်း “ရှီးဆန်း အစွမ်းထက် စားဖိုမှူးမွမ်းမံသင်တန်းစင်တာ”တွင် ပထမတန်း၊ဒုတိယတန်း ကျောင်းသားကလေးငယ်များက ဂေါ်ဖီပန်းဝက်သားကြော် ချက်နည်းအား သင်ယူနေကြသည်ကို နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဖော်ဆန်းမြို့ စွန့်တယ်ခရိုင်ရှိ ရှီးဆန်းမူလတန်းကျောင်း “ရှီးဆန်း အစွမ်းထက် စားဖိုမှူးမွမ်းမံသင်တန်းစင်တာ”တွင် ပထမတန်း၊ဒုတိယတန်း ကျောင်းသားကလေးငယ်များအား သင်တန်းဆရာက ပြောင်းဖူးဟင်းရည်ချက်ပြုတ်နည်းအား သင်ကြားနေသည်ကို နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါအတန်းချိန်များကို အတန်းတိုင်းအတွက် နေ့စဉ် အတန်းချိန်တစ်ချိန် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အတန်းတစ်တန်းလျှင် ကျောင်းသား/သူ ၆၀ ဦးပါဝင်ရာ ကလေးငယ်များက မတူညီသည့်စားသောက်ကုန်ပစ္စည်းများ၊ ဟင်းချက်ရန်ဟင်းလျာအား ပြင်ဆင်မှုများ၊ ချက်ပြုတ်နည်းအခြေခံအတတ်ပညာများကို လေ့လာကြ၍ ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲနိုင်မှုစွမ်းရည်ကို လေ့ကျင့်နိုင်သည့်အပြင် မိမိကိုယ်တိုက်ချက်ပြုတ်သည့် ဟင်းလျာများကိုလည်း မြည်းစမ်းကြည့်နိုင်ရာ စာသင်ကျောင်း၏ “အစွမ်းထက် စားဖိုမှူးစွမ်းရည်သင်တန်း”ကို ကျောင်းသား/သူ၊အုပ်ထိန်းသူမိဘများက နှစ်ခြိုက်သဘောကျကြကြောင်း သိရသည်။ (Xinhua)

——————————————-
(Chinese Version)

(教育)放学后 小学娃变身“大厨神”

新华社照片,佛山(广东),2021年11月10日
放学后 小学娃变身“大厨神”

11月9日,在广东佛山顺德的西山小学“西山厨神培训中心”,一、二年级学生展示团队制作的肉丝炒花菜。
从2021年9月起,广东佛山顺德西山小学与顺德凤厨职业技能培训学校在小学校园建立了一所“西山厨神培训中心”,利用每天放学后的45分钟打造一个适合儿童的“烹饪课堂”。课堂启用了专业烹饪教师,与学校的老师一起组成课程开发团队,开发了凤城炒牛奶、四杯鸡翼、黄金炒饭等适合不同年龄阶段小学生学习并实践的中西餐烹饪课程,其中包括一些简单易学的顺德美食。该课程面对所有年级学生开放,每日开设一堂课,每堂课有60名学生参加,孩子们在课堂上可以认识不同食材,了解食材处理方法,练习烹饪的基本技能,锻炼自理能力,还能尝试自己烹饪饭菜。课程开设以来,深受学生和家长们的欢迎。
新华社记者 毛思倩 摄

图说1:11月9日,在广东佛山顺德的西山小学“西山厨神培训中心”,一、二年级学生展示团队制作的肉丝炒花菜。
图说2,3: 11月9日,在广东佛山顺德的西山小学“西山厨神培训中心”,一、二年级学生学习如何烹饪肉丝炒花菜。
图说4:11月9日,在广东佛山顺德的西山小学“西山厨神培训中心”,一、二年级学生在烹饪课上清洗碗盘。
图说5: 11月9日,在广东佛山顺德的西山小学“西山厨神培训中心”,一、二年级学生学习如何烹饪肉丝炒花菜。
图6,7:11月9日,在广东佛山顺德的西山小学“西山厨神培训中心”,烹饪老师向一、二年级学生教授如何制作玉米羹。