Connect with us

ASEAN

သီရိလင်္ကာနိုင်ငံတွင် Sinovac ကိုဗစ်ကာကွယ်ဆေးအား အရေးပေါ်သုံးရန် ခွင့်ပြု

ကိုလံဘို၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ အမျိုးသား ဆေးဝါးကြီးကြပ်ရေးဌာန(NMRA)က တရုတ်နိုင်ငံ၏ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးအား နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သီရိလင်္ကာ ဆေးဝါးထုတ်လုပ်ပံ့ပိုးရေးနှင့်ကြီးကြပ်ရေးဝန်ကြီး Channa Jayasumana က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု ဒေသခံမီဒီယာများတွင် ဖော်ပြထားသည်။လက်ရှိတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အရေးပေါ်အသုံးပြုရန် ခွင့်ပြုထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အားလုံးကို သီရိလင်္ကာက ခွင့်ပြုထားပြီဖြစ်ကြောင်း Channa Jayasumana က ဆိုသည်။ Sinopharm ကိုဗစ်ကာကွယ်ဆေး၏ အရေးပေါ်အသုံးပြုခွင့်ကို သီရိလင်္ကာနိုင်ငံ အမျိုးသား ဆေးဝါးကြီးကြပ်ရေးဌာန(NMRA)က မေ ၂၀ ရက်တွင် ခွင့်ပြုခဲ့သည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ကြည်းတပ်စစ်ဆေးရုံတွင် ပညာရေးဝန်ထမ်းများအား Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေသည်ကို ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ကြည်းတပ်စစ်ဆေးရုံတွင် ပညာရေးဝန်ထမ်းများအား Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေသည်ကို ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ဇန်နဝါရီ ၂၉ ရက်မှစတင် ဆောင်ရွက်ခဲ့သည်။ သီရိလင်္ကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ဇူလိုင် ၁၅ ရက်အထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ (၅)သန်းကျော်ရှိကြောင်း သိရသည်။ ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီအထိ သီရိလင်္ကာတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၂၈၀,၅၄၃) ဦးနှင့် စုစုပေါင်းသေဆုံးသူ (၃,၆၆၁) ဦး ရှိကြောင်း သိရသည်။ (Xinhua)

——————————————-
(Chinese Version)

(国际疫情)斯里兰卡批准紧急使用中国科兴新冠疫苗

新华社科伦坡7月17日电(记者唐璐)据当地媒体报道,斯里兰卡负责药品生产、供应和监管的国务部长贾亚苏马纳16日表示,斯里兰卡国家药品监管局已批准中国科兴新冠疫苗在该国紧急使用。

贾亚苏马纳说,目前世界卫生组织批准紧急使用的所有新冠疫苗都已在斯里兰卡获批。中国国药集团生产的新冠疫苗已于今年3月20日获得斯里兰卡国家药品监管局批准紧急使用。

斯里兰卡于1月29日启动新冠疫苗接种。据斯里兰卡卫生部公布的数字,截至7月15日,该国接种新冠疫苗的人数超过500万。截至16日上午10时,斯里兰卡累计新冠确诊病例280543例,累计死亡病例3661例。(完)

(国际疫情•XHDW)斯里兰卡为教职员工接种中国国药疫苗
(1)7月12日,在斯里兰卡科伦坡陆军医院,教职员工进行接种疫苗前的咨询。新华社发(阿吉特•佩雷拉摄)
(2-3)7月12日,在斯里兰卡科伦坡陆军医院,医务工作者为教师接种疫苗。 新华社发(阿吉特•佩雷拉摄)