Connect with us

Europe

ဟန်ဂေရီနိုင်ငံတွင် တရုတ်ကုမ္ပဏီလုပ်ငန်းမှ ရင်းနှီးမြှုပ်နှံထားသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်

ဟန်ဂေရီနိုင်ငံတွင် Kaposvár နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်နေမှုမြင်ကွင်းအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘူဒါပတ်စ်၊ မေ ၂၈ ရက် (ဆင်ဟွာ)

China General Technology Group ၏ ကုမ္ပဏီဖြစ်သည့် China National Machinery Import and Export Corporation (CMC)မှ ဟန်ဂေရီနိုင်ငံတွင် ရင်းနှီးမြှုပ်နှံတည်ဆောက်ထားသည့် “Kaposvár ၁၀၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ” စတင်လည်ပတ်သည့် အခမ်းအနားကို မေ ၂၇ ရက်က Kaposvár မြို့တွင် ကျင်းပခဲ့သည်။

ဟန်ဂေရီနိုင်ငံတွင် Kaposvár နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်နေမှုမြင်ကွင်းအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံတွင် Kaposvár နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်နေမှုမြင်ကွင်းအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံတွင် Kaposvár နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်နေမှုမြင်ကွင်းအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံတွင် Kaposvár နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်နေမှုမြင်ကွင်းအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံ ဆန်းသစ်တီထွင်မှုနှင့်သိပ္ပံနည်းပညာရေးရာဝန်ကြီးဌာန ဝန်ကြီး Laszlo Palkovics က ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းသည် ဟန်ဂေရီ၏ အရှေ့ဘက်သို့ မျက်နှာမူသည့် တံခါးဖွင့်မူဝါဒနှင့် အထူးကိုက်ညီမှုရှိကြောင်း စက်ရုံဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

Kaposvár နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံသည် ဟန်ဂေရီ-တရုတ် နှစ်နိုင်ငံ၏ သန့်စင်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု၏ အဓိက စီမံကိန်းဖြစ်ပြီး ယင်းစီမံကိန်းသည် ဟန်ဂေရီ၏ စွမ်းအင်ဖွဲ့စည်းပုံကို ကောင်းမွန်အောင် ပြောင်းလဲနိုင်သလို သန့်စင်စွမ်းအင်ဖွံ့ဖြိုးရေးမြှင့်တင်ရာတွင် လေးနက်သည့်အဓိပ္ပါယ်ဆောင်ကြောင်း ၎င်းက ဆိုသည်။

Kaposvár နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ အဆင်ပြေချောမွေ့စွာ လည်ပတ်ထုတ်လုပ်နိုင်ခြင်းသည် ဟန်ဂေရီနိုင်ငံ အစိုးရအဆင့်ဆင့်၏ အပြည့်အဝထောက်ခံအားပေးမှုနှင့်ကင်းကွာ၍မရကြောင်း၊ အနာဂတ်ကာလတွင် CMC ကုမ္ပဏီအနေဖြင့် စီမံကိန်းလည်ပတ်ထုတ်လုပ်မှုများကို အရည်အသွေးမြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ တရုတ်-ဟန်ဂေရီ နှစ်နိုင်ငံ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရေးအတွက် အကျိုးသစ်ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း CMC ဥက္ကဋ္ဌ ခန်းဟူပျောင်းက ပေကျင်းမြို့ အွန်လိုင်းဗွီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။

Kaposvár နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံစီမံကိန်း၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏသည် ယူရိုငွေ သန်း(၁၀၀)ရှိပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင်တည်ဆောက်ခြင်းဖြစ်သည်။ လျှပ်စစ်ကွန်ရက်ချိတ်ဆက်လည်ပတ်ပြီးနောက် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်း (၁၃၀)ထုတ်လုပ်နိုင်မည်ဖြစ်ရာ ကျောက်မီးသွေးတန်ချိန် (၄၅,၀၀၀)ခန့်၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု တန်ချိန် (၁၂၀,၀၀၀) ခန့် လျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(财经)中企投资的匈牙利光伏电站项目投运
2021-05-28 11:34:06

新华社布达佩斯5月27日电(记者袁亮)由中国通用技术集团所属中国机械进出口(集团)有限公司(中机公司)投资兴建的匈牙利考波什堡100兆瓦光伏电站项目27日在考波什堡市举行投运启动仪式。
匈牙利创新与科技部部长帕尔科维奇在项目现场致辞时表示,“一带一路”倡议与匈牙利“向东开放”政策高度契合,考波什堡光伏电站是匈中两国在清洁能源领域合作的重点项目,该项目对改善匈牙利能源结构、促进清洁能源发展具有重要意义。
中机公司董事长康虎彪在北京通过视频连线致辞时说,考波什堡光伏电站项目能够顺利投运离不开匈牙利各级政府的大力支持,未来中机公司将通过高质量运营这一项目为中匈两国经贸合作及两国人民的友谊做出新的贡献。
考波什堡光伏电站项目总投资额为1亿欧元,于2019年6月开工建设,并网运行后预计每年可发电1.3亿度,节约4.5万吨标准煤,减少12万吨二氧化碳排放。(完)

图说1:这是2020年10月30日拍摄的正在建设中的匈牙利考波什堡光伏电站。新华社发(弗尔季•奥蒂洛摄)