Connect with us

North America

ဟေတီနိုင်ငံသမ္မတအား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သည့်သံသယရှိသူ အနည်းဆုံး (၂၈) ဦးရှိဟု ရဲတပ်ဖွဲ့ပြောကြား

ဟေတီနိုင်ငံ ပို့တ်အော်ပရင့်စ်မြို့ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ၌ ဖမ်းဆီးရရှိသော သံသယတရားခံများအား ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ဟေတီနိုင်ငံ သမ္မတ ဂျိုဗီနယ်မော်စီ (Jovenel Moise)ကို လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သည့် သံသယရှိသူ အနည်းဆုံး (၂၈)ဦး ရှိရာ ရဲတပ်ဖွဲ့က သံသယတရားခံ (၁၇)ဦးကို ဖမ်းဆီးထားပြီး နောက်ကွယ်ညွှန်ကြားသူကို လိုက်လံရှာဖွေနေကြောင်း ဟေတီရဲတပ်ဖွဲ့က ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။

ဟေတီနိုင်ငံ ပို့တ်အော်ပရင့်စ်မြို့ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ၌ သိမ်းဆည်းရမိသောလက်နက်များအား ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သံသယတရားခံ (၂၈)ဦးတွင် ကိုလံဘီယာနိုင်ငံသား (၂၆)ဦး၊ ဟေတီနွယ်ဖွား အမေရိကန်နိုင်ငံသား (၂)ဦး တို့ပါဝင်ကြောင်း၊ ၎င်းတို့အနက် ဖမ်းဆီးရမိသူ(၁၇)ဦး ၊ သေနတ်ပစ်ခတ်မှုတွင် သေဆုံးသူ (၃)ဦးနှင့် ကျန်(၈)ဦးမှာ ထွက်ပြေးသွားကြောင်း ဟေတီနိုင်ငံ ရဲချုပ် Leon Charles က ဇူလိုင် ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကိုလံဘီယာ အငြိမ်းစားစစ်မှုထမ်းများက ဟေတီနိုင်ငံသမ္မတအား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သည်ကို ကနဦးစုံစမ်းစစ်ဆေးချက်များအရ တွေ့ရှိရကြောင်း ၊ ကိုလံဘီယာအစိုးရက ရဲတပ်ဖွဲ့နှင့်စစ်တပ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း ကိုလံဘီယာနိုင်ငံ ကာကွယ်ရေးဝန်ကြီး Diego Molanoက ဇူလိုင် ၈ ရက် ညပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သမ္မတမော်စီကို ဇူလိုင် ၇ ရက် နံနက် ၁ နာရီအချိန်တွင် ၎င်းနေအိမ်၌ စပိန်စကားနှင့်အင်္ဂလိပ်စကား ပြောတတ်သည့် လက်နက်ကိုင်အမည်မသိလူတစ်စုက လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဟေတီနိုင်ငံ ယာယီဝန်ကြီးချုပ် Claude Josephက ဇူလိုင် ၇ ရက် အစောပိုင်းတွင် ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။ နိုင်ငံ၏လုံခြုံရေးအခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မိမိအနေဖြင့် နိုင်ငံခေါင်းဆောင်ကိုယ်စား တာဝန်ထမ်းဆောင်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။ သို့သော် ထိုနေ့ညပိုင်းတွင်ပင် နိုင်ငံတော်အရေးပေါ်အခြေအနေအဖြစ် Claude Josephက ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သည်။
လုပ်ကြံသတ်ဖြတ်မှုကြောင့် သမ္မတမော်စီသည် သေနတ်ဒဏ်ရာ (၁၂) ချက်ထိမှန်ခဲ့ကြောင်း ဟေတီတရားရေးဝန်ကြီးဌာန၏ ဇူလိုင် ၇ ရက် ကနဦးအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဟေတီနိုင်ငံသည် ကာရစ်ဘီယံပင်လယ်မြောက်ပိုင်း Hispaniola ကျွန်းတွင် တည်ရှိပြီး လူဦးရေ (၁၀)သန်းကျော် ရှိသည်။ ယခုနှစ်များတွင် ဟေတီနိုင်ငံ၌ ပါတီဂိုဏ်းဂဏများအကြား နိုင်ငံရေးပဋိပက္ခရှုပ်ထွေးမှုများရှိရာ လူမှုလုံခြုံရေးပြဿနာများဖြစ်ပေါ်လေ့ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)至少有28名嫌疑人参与刺杀海地总统
2021-07-09 11:52:05
新华社墨西哥城7月8日电(记者王钟毅)太子港消息:海地警方8日宣布,至少有28人涉嫌参与刺杀总统若弗内尔•莫伊兹,警方已经抓捕了17名嫌疑人,正在寻找幕后指使者。
海地警察总长莱昂•夏尔8日在新闻发布会上说,28名嫌疑人中包括26名哥伦比亚人和2名海地裔美国人,已抓捕17人,击毙3人,仍有8人在逃。
哥伦比亚国防部长莫拉诺8日晚在新闻发布会上表示,初步调查显示,有哥伦比亚退役军人参与刺杀海地总统,哥政府已立即要求哥警方和军方全力配合调查。
海地总理克洛德•约瑟夫7日早些时候通过电台发表声明说,当天凌晨1时,总统莫伊兹在家中被一群身份不明、“说西班牙语和英语”的武装分子袭击并杀害。他表示,国家安全局势已得到控制,自己将代行国家领导人职责。当天晚些时候,约瑟夫又通过电视讲话宣布国家进入戒严状态。
海地司法部门7日发布的初步报告说,总统莫伊兹遇刺时身中12枪。
海地位于加勒比海北部的伊斯帕尼奥拉岛,人口超过1000万。近年来,海地各党派之间政治纷争错综复杂,社会治安问题突出。(参与记者:高春雨)(完)
图说1:7月8日,在海地太子港,海地警方在新闻发布会上向媒体展示被逮捕的嫌疑人。新华社发(库坦摄)
图说2:7月8日,在海地太子港,海地警方在新闻发布会上向媒体展示缴获的枪械。 新华社发(库坦摄)