Connect with us

Africa & Middle East

ဟေတီနိုင်ငံ အနောက်ပိုင်း မြေငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁,၉၄၁ ဦးထိ မြင့်တက်လာ

လက်စ်ကိုင်၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ)

ဟေတီနိုင်ငံ အနောက်ပိုင်းဒေသတွင် ဩဂုတ် ၁၄ ရက်က ပြင်းအား (၇.၂)အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ ဩဂုတ် ၁၇ ရက် ညနေပိုင်းအထိ ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး (၁,၉၄၁)ဦး၊ ဒဏ်ရာရသူ(၉,၉၀၀)ဦးရှိကြောင်း ဟေတီမြို့ပြကာကွယ်ရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။သေဆုံးသူအများစုသည် ငလျင်ဒဏ်အဆိုးဝါးဆုံးခံရသည့် အနောက်တောင်ပိုင်းဒေသမှဖြစ်ကြောင်း ဟေတီမြို့ပြကာကွယ်ရေးဌာနက လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် ဖော်ပြခဲ့သည်။ ငလျင်ကြောင့် နေအိမ်(၃၇,၀၀၀)ကျော် ပျက်စီးခဲ့ကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

ဟေတီနိုင်ငံ လက်စ်ကိုင်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေသူများအား ဩဂုတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အပူပိုင်းလေဖိအားနည်းရပ်ဝန်း”Grace”သည် ဩဂုတ် ၁၆ ရက် ညနေပိုင်းက ဟေတီသို့ ဝင်ရောက်လာသဖြင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အခက်ကြုံတွေ့ခဲ့ရပြီး နေအိမ်အပျက်အစီးများကို ရှင်းလင်းရန် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ငလျင်ဒဏ်သင့်ဒေသများ၏ ကျန်းမာရေးစနစ်သည် အတိုင်းအထက်အလွန် ဝန်ပိအားများရှိနေရာ ယင်းဒေသရှိ ဆေးရုံတစ်ခုတွင် လူနာများနှင့်ပြည့်လျှံနေပြီး ဒဏ်ရာရသူများက စင်္ကြံတွင် လဲလျောင်းကာ ဆေးကုသမှုခံယူနေရသည်။

ဟေတီနိုင်ငံ လက်စ်ကိုင်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေသူများအား ဩဂုတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မြို့တော်ပို့တ်အော်ပရင့်စ်တွင် အခြေခံအားဖြင့် ပုံမှန်လည်ပတ်မှုများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ဟေတီနိုင်ငံသား တရုတ်နွယ်ဖွားတစ်ဦးက ဆိုသည်။

ငလျင်ကြောင့် အသက်ဆုံးရှုံးသွားသူများအား ဝမ်းနည်းအောက်မေ့သည့်အထိမ်းအမှတ်ကို ဟေတီတစ်နိုင်ငံလုံးတွင် ဩဂုတ် ၁၇ ရက်မှစ၍ (၃)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဩဂုတ် ၁၄ ရက် ၇ နာရီ ၂၉ မိနစ်တွင် ဟေတီနိုင်ငံအနောက်ပိုင်း Nippesပြည်နယ်တွင် ပြင်းအား(၇.၂)အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ ငလျင်သည် ဟေတီနိုင်ငံမြို့တော် ပို့တ်အော်ပရင့်စ်နှင့် (၁၅၀)ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် (၁၀)ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ ငလျင်သတင်းဝဘ်ဆိုက် အချက်အလက်များအရ သိရသည်။

၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက်က ဟေတီတွင် ပြင်းအား(၇.၃)အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း(၃)သိန်းကျော် သေဆုံးခဲ့သည်။ (ဆင်ဟွာ)

#Haiti, #Earthquake, #Death, #myanmar, #xinhua, #xinhuamyanmar, #ဟေတီ, #ငလျင်, #သေဆုံး, #ဆင်ဟွာ
————————————————-
(Chinese Version)

(国际)海地西部地震死亡总数升至1941人

新华社海地莱凯8月17日电海地民防部门17日说,截至当天下午,海地西部地区14日发生的7.2级地震已造成至少1941人死亡、9900人受伤。
海地民防部门通过社交媒体表示,遇难者大多集中在受灾最严重的西南部地区。另据当地媒体报道,3.7万多座房屋在地震中被毁。
热带低气压“格雷丝”16日下午登陆海地带来强降雨,给救援工作造成阻碍。记者在现场看到,还有很多房屋废墟有待清理。

灾区的医疗系统处于超负荷运转状态。记者在当地一所医院看到,医院已人满为患,有伤患躺在走廊里接受治疗。
据当地华侨介绍,首都太子港生活秩序已基本恢复正常。截至目前没有华侨华人在此次地震中伤亡的报告。
为缅怀地震死难者,海地17日起进入为期三天的全国哀悼。

据美国地质调查局地震信息网消息,当地时间14日7时29分,海地西部尼普斯省发生7.2级地震,震中距海地首都太子港约150公里,震源深度约10公里。
2010年1月12日,海地发生7.3级地震,超过30万人遇难。(完)

图说1:8月17日,一名男子驾驶三轮车经过海地莱凯的一处受损建筑。新华社发(戴维•德拉巴斯摄)
图说2:8月17日,人们在海地莱凯的一家医院接受治疗。 新华社发(戴维•德拉巴斯摄)
图说3:8月17日,人们在海地莱凯乘坐汽车转移。新华社发(戴维•德拉巴斯摄)