Connect with us

ASEAN

အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၂)သန်းကျော်ရှိလာ၊ အများသွားလာလှုပ်ရှားမှု ကန့်သတ်ချက်ကို တင်းကျပ်စွာ ဆောင်ရွက်နေ

ဂျကာတာ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားတွင် ပြီးခဲ့သည့်ရက်ကထက် ကိုဗစ်တည်ပြုလူနာ (၁၄,၅၃၆)ဦး ထပ်တိုးကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ်တိုက်ဖျက်ရေးအေဂျင်စီက ဇွန် ၂၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ၎င်းမှာ ပြီးခဲ့သည့်နှစ် မတ်လမှစ၍ရေတွက်ပါက အတည်ပြုလူနာ စုစုပေါင်း (၂)သန်းကျော် ရှိလာခြင်း ဖြစ်သည်။ဇွန် ၂၁ ရက်အထိ အင်ဒိုနီးရှားတွင် ကိုဗစ်ရောဂါ သေဆုံးလူနာ စုစုပေါင်း (၅၅,၀၀၀)နီးပါး ရှိပြီး ရောဂါကုသပျောက်ကင်းသွားသူ စုစုပေါင်း (၁.၈)သန်းခန့် ရှိကြောင်း ကိန်းဂဏန်းများအရ သိရသည်။ မေလ ရာမာဒန်ဥပုသ်ကာလတွင် လူအများအပြားနေရပ်ပြန်ခြင်းနှင့် စုစည်းခြင်းများ၏ အကျိုးဆက်အဖြစ် ယခုကာလများတွင် နေ့စဉ်ထပ်တိုးအတည်ပြုလူနာ ရက်ဆက် (၁)သောင်းကျော် ရှိလာခဲ့သည်။ မြို့တော် ဂျကာတာ ၊ အလယ်ဂျာဗား ပြည်နယ်၊ အရှေ့ဂျာဗားပြည်နယ်နယ်များတွင် စစ်ဆေးတွေ့ရှိသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က ရောဂါကူးစက်မှုကို ပိုမိုလျင်မြန်စေကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ တောင်တန်ဂါရန်တွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား ဇွန် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အများသွားလာလှုပ်ရှားမှု ကန့်သတ်ချက်ကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား အစိုးရက ဇွန် ၂၁ ရက်တွင် ကြေညာခဲ့သည်။ အနီရောင်အဆင့်သတ်မှတ်ထားသည့် ကပ်ရောဂါအခြေအနေအဆိုးဝါးဆုံးဒေသများတွင် ကုမ္ပဏီလုပ်ငန်း ဝန်ထမ်း အနည်းဆုံး (၇၅)ရာခိုင်နှုန်းက အိမ်၌ အလုပ်လုပ်ကြရမည်ဖြစ်ကြောင်း၊ စာသင်ကျောင်း၊ အနုပညာစင်တာ၊ ဘာသာရေးအဆောက်အဦများကို ပိတ်ထားရမည်ဖြစ်ပြီး စူပါမာကက်၊ ဈေးဝယ်စင်တာ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်စသည့် အများသွားလာသည့်နေရာများတွင် လက်ခံနိုင်သည့်ဦးရေ၏ (၂၅)ရာခိုင်နှုန်းသာလက်ခံရမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးနှင့်အမျိုးသားစီးပွား ပြန်လည်ထူထောင်ရေး ကော်မတီဥက္ကဋ္ဌက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ တောင်တန်ဂါရန်တွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား ဇွန် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို အားသွန်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လဆန်းတွင် နေ့စဉ် ကာကွယ်ဆေး(၁)သန်း ထိုးနိုင်ရန် သမ္မတ ဝီဒိုဒိုက ရည်မှန်းထားသည်။ ဂျကာတာ မြို့တော်အထူးဒေသများတွင် ယခုအပတ်မှစ၍ နေ့စဉ် လူ(၁)သိန်းကို ကာကွယ်ဆေးထိုးနှံပေးရန် ညွှန်ကြားထားကြောင်း သိရသည်။ အင်ဒိုနီးရှားအစိုးရ၏အစီအစဉ်အရ လာမည့်နှစ် မတ်လမတိုင်မီ တစ်နိုင်ငံလုံး လူဦးရေ၏ (၇၀)ရာခိုင်နှုန်းဖြစ်သည့် လူပေါင်း (၁၈၁.၅)သန်းကို ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

ဇွန် ၂၁ ရက်အထိ အင်ဒိုနီးရှားတွင် ကာကွယ်နှစ်ကြိမ်ဆေးထိုးနှံပြီးသူ (၁၂.၄)သန်း နီးပါးရှိပြီး ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူ (၂၃.၅၃)သန်း ရှိကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(国际疫情)印尼累计新冠确诊病例数超200万 收紧公共活动限制措施

新华社雅加达6月21日电(记者汪奥娜)据印度尼西亚国家抗灾署21日发布的新冠疫情数据,该国较前一日新增新冠确诊病例14536例;自去年3月以来,累计确诊超过200万例。

数据还显示,截至21日,印尼累计新冠死亡病例近5.5万例,累计治愈约180万例。近期,印尼连续多日通报每日新增确诊病例数过万,5月开斋节期间大量返乡人员流动和聚集的影响开始显现。在首都雅加达、中爪哇省、东爪哇省检测出的变异新冠病毒加速疫情蔓延。

印尼政府21日宣布,将进一步收紧公共活动限制措施。印尼新冠疫情防控及国民经济复苏委员会主席艾尔朗加表示,在被标为红色的疫情最严重区域,至少75%的企业员工应居家办公,学校、艺术中心和宗教场所必须关闭,超市、购物中心、餐厅、咖啡店等公共场所待客量不得超过其待客能力的25%。

印尼正全力加快新冠疫苗接种,总统佐科制定的目标是在7月初实现每日接种100万剂。雅加达首都特区要求自本周开始每日为10万人接种新冠疫苗。印尼政府计划到明年3月前为全国70%的人口,即1.815亿人完成疫苗接种。
据印尼卫生部统计,截至21日该国已有近1240万人完成全部两剂新冠疫苗接种,超过2353万人已接种一剂疫苗。(完)
图说1:6月21日,在印度尼西亚南唐格朗,医务人员准备将无症状感染者送往医院。新华社发(阿贡摄)
图说2,3:6月21日,一名女子在印度尼西亚唐格朗戴着口罩出行。新华社发(维里摄)