Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ Semeru မီးတောင် ပေါက်ကွဲမှုကြောင့် လူ ၁၃ ဦး သေဆုံး

ဂျကာတာ ၊ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ Semeru မီးတောင် ပေါက်ကွဲမှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသား သဘာဝဘေး ကယ်ဆယ်ရေး အေဂျင်စီက ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီ ၂၀ မိနစ် အချိန်ထိ မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူ ၁၃ ဦးအနက် နှစ်ဦး၏ ကိုယ်ရေးအထောက်အထားများကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ကယ်ဆယ်ရေးနှင့် ဘေးလွတ်ရာရွှေ့ပြောင်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိနေကြောင်းနှင့် လူ ၉၀၂ ဦးအား ယာယီ ခိုလှုံရေး စခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသား သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအေဂျင်စီ၏ ယာယီပြောရေးဆိုခွင့်ရှိသူ Abdul Muhari က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Lumajangခရိုင်တွင် မီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ချော်ရည်များကြောင့် ဖုံးလွှမ်းခံရသော ဧရိယာကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မီးတောင်မှ ထွက်လာသော ပြာများကြောင့် လူနေအိမ်ခြေနှင့်သစ်ပင်အများအပြား ပြိုကျခဲ့ကြောင်း၊ မီးတောင်မှ ထွက်လာသော ချော်ရည်များသည် မိုးရေနှင့်ရောနှောကာ ရွှံ့စီးကြောင်းဖြစ်စေပြီး အချို့နေရာတွင် သွားလာမှု ပိတ်ဆို့နေကြောင်း၊ မီးတောင်ပေါက်ကွဲမှုကြောင့် အသေအပျောက်နှင့် ပစ္စည်းဆုံးရှုံးမှုများကို စစ်ဆေးနေဆဲဖြစ်ကြောင်း Muhari မှ ဆက်လက်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Lumajangခရိုင်တွင် မီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ချော်ရည်များဖုံးလွှမ်းခံရသော ထရပ်ကားအား ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မီးတောင်ပေါက်ကွဲမှုသည် ခေတ္တရပ်တန့်သွားသော်လည်း မီးတောင်ပေါက်ကွဲမှု ကြောင့် ထွက်လာသောချော်ရည်များသည် လေထုညစ်ညမ်းမှုကို ဖြစ်စေကြောင်း၊ ဒေသခံများ ဆက်လက်သတိထားရန်နှင့် အန္တရာယ်ရှိနယ်မြေနှင့် ခပ်ဝေးဝေးနေထိုင်ရန်၊ မီးတောင်ပေါက်ဝနှင့် မီးတောင်ပတ်ဝန်းကျင်ရှိ မြစ်ချောင်းများအနီးတွင် သွားလာလှုပ်ရှားမှု ရှောင်ကြဉ်ရန် ၎င်းကပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Lumajangခရိုင်တွင် ကယ်ဆယ်ရေးသမားများသည် သေဆုံးသူများ၏ ရုပ်ကြွင်းများကို ရွှေ့ပြောင်းပေးနေသည်ကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Semeru မီးတောင်သည် ဒီဇင်ဘာ ၄ ရက် ညနေ ၃ နာရီ ၁၀ မိနစ်တွင် မီးတောင်ထိပ်မှ မီးခိုးပူများသည် ထွက်ပေါ်လာကာ အရှေ့တောင်ဘက်သို့ အဆက်မပြတ်ပြန့်နှံ့သွားခဲ့ကြောင်း၊ မီးတောင်မှထွက်လာသောပြာများသည် အရှေ့တောင်ဘက်တောင်တန်းရှိ ရွာအများအပြားကို ဖုံးလွှမ်းခဲ့ကြောင်း၊ ထို့အပြင် မီးတောင်မှ ထွက်လာသည့် ချော်ရည်များသည် မီးတောင်ဝမှ မီတာ ၅၀၀ မှ ၈၀၀ မီတာ အကွာအထိ စီးဆင်းခဲ့ကြောင်း၊ လက်ရှိ Semeru မီးတောင်၏သတိပေးချက်အဆင့်သည် အင်ဒိုနီးရှားနိုင်ငံ အဆင့် ၄ ဆင့် မီးတောင်သတိပေးချက်အဆင့်၏ဒုတိယအဆင့်ဖြစ်ကြောင်း၊ မီးတောင်၏အရှေ့တောင်ဘက် ၅ ကီလိုမီတာအကွာနယ်မြေသည် အန္တရာယ်ရှိသောဧရိယာဖြစ်ကြောင်းသိရသည်။

Semeru မီးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃,၆၇၆ မီတာရှိကြောင်း၊ ၎င်းသည် ဂျာဗားတွင် အမြင့်ဆုံးမီးတောင်နှင့် လူသိများသော တောင်တက်ဒေသဖြစ်ကြောင်း၊ ၎င်းသည် အင်ဒိုနီးရှားတွင် လှုပ်ရှားနေသော မီးတောင်ပေါင်း ၁၃၀ ခန့်ထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————
(Chinese Version)

(国际)印尼塞梅鲁火山喷发已致13人死亡
新华社雅加达12月5日电印度尼西亚国家抗灾署5日说,印尼东爪哇省塞梅鲁火山喷发已造成13人死亡。
印尼国家抗灾署代理发言人阿卜杜勒•穆哈里在一份声明中说,截至5日9时20分,火山喷发造成98人受伤,大多数伤者被火山喷发物烧伤,目前已全部被送往医院接受治疗。13名死者中两人身份已确认。救援和撤离工作仍在进行,有902人被紧急疏散到临时避难所。

穆哈里说,火山喷出的火山灰导致灾区大量民房倒塌、树木倒伏,雨水裹挟喷出物形成泥石流,灾区部分交通受阻。此次火山喷发导致的人员伤亡和财产损失还在统计中。

穆哈里说,火山剧烈喷发已暂时停止,但大量火山喷发物造成空气重度污染,当地民众须做好防护,远离危险区域,不要在火山口周围或火山附近河道活动。

塞梅鲁火山4日15时10分开始喷出火山灰和烟雾,喷出物不断向东南方向飘散,覆盖火山东南坡上多个乡村。此外,火山同时喷出的火山熔岩最远流到火山口500米至800米外。目前,塞梅鲁火山的警戒级别为印尼四级火山警戒级别的第二级,火山口东南方向5公里以内为危险区域。
塞梅鲁火山海拔3676米,是爪哇岛最高的火山和知名登山景区,也是印尼约130座活火山之一。(完)
图说1- 这是12月1日在印度尼西亚东爪哇省卢马姜地区拍摄的正在喷发的塞梅鲁火山。
图说2- 这是12月5日在印度尼西亚东爪哇省卢马姜拍摄的被火山喷发物覆盖的区域(航拍照片)。
图说3- 这是12月5日在印度尼西亚东爪哇省卢马姜拍摄的被火山喷发物掩埋的卡车。
图说4. 12月5日,在印度尼西亚东爪哇省卢马姜,救援人员搬运遇难者遗体。