Connect with us

Africa & Middle East

အင်အားပြင်း ဟာရီကိန်းမုန်တိုင်း”Ida” အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်

အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်Morganမြို့တွင် ဟာရီကိန်းမုန်တိုင်းကြောင့် ပြိုလဲသွားသည့် သစ်ပင်ကြီးတစ်ပင်အား ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူစတန်၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ)

ပြင်းအား အဆင့်(၄)ရှိ ဟာရီကိန်းမုန်တိုင်း”Ida”သည် ဩဂုတ် ၂၉ ရက်က အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီစီယားနားပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။ အမြင့်ဆုံး တစ်နာရီလျှင် (၂၄၀)ကီလိုမီတာခန့် လေတိုက်နှုန်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အသက်အန္တရာယ်၊ ရေဘေးဖြစ်ပွားနိုင်သည့်လေမုန်တိုင်းဖြစ်နိုင်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်Morganမြို့တွင် ဟာရီကိန်းမုန်တိုင်းတိုက်ခတ်နေမှုအား ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်Morganမြို့တွင် ဟာရီကိန်းမုန်တိုင်းတိုက်ခတ်မှုအတွင်း ပျက်စီးသွားသည့် ကြော်ငြာဆိုင်းဘုတ်အား ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာရီကိန်းမုန်တိုင်း”Ida”သည် ဒေသစံတော်ချိန် ဩဂုတ် ၂၉ ရက် နေ့လည်ပိုင်းက လူဝီစီယားနားပြည်နယ် Fourchon ဆိပ်ကမ်းအနီးသို့ ဝင်ရောက်လာရာ ဆိပ်ကမ်းအနီး အဆောက်အအုံအမိုးများ လန်ထွက်ပျက်စီးသွားကြောင်း အမေရိကန် မိုးဇလဌာနနှင့် မီဒီယာများ၏ သတင်းများအရ သိရသည်။”Ida”ကြောင့် လူဝီစီယားနားပြည်နယ်ရှိ နေအိမ်နှင့်အလုပ်ရုံ(၄၅၀,၀၀၀)ခန့် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း poweroutage.us.ဝဘ်ဆိုက်၏ အချိန်နှင့်တစ်ပြေးညီ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

မြောက်မှတောင်သို့ စီးဆင်းနေသည့် မက္ကဆီကို ပင်လယ်ကွေ့ရှိ မစ္စစ္စပီမြစ်ကြောင်းသည် ”Ida”မုန်တိုင်းကြောင့် လူဝီစီယားနားပြည်နယ် နယူးအော်လင်းစ်မြို့အနီးတွင် ရေကြောင်းပြောင်းပြန်စီးဆင်းမှုဖြစ်ပေါ်စေခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေး အေဂျင်စီက ဆိုသည်။

”Ida”သည် အမေရိကန်ကုန်မြေကို တိုက်ခတ်ခဲ့သည့် သမိုင်းတွင် ပဥ္စမမြောက် ဟာရီကိန်းမုန်တိုင်းဖြစ်ကြောင်း ၊ ဩဂုတ် ၂၈ ရက် ညနက်ပိုင်းမှ ဩဂုတ် ၂၉ ရက် နံနက်ပိုင်းအထိ (၅)နာရီကြာအချိန်တွင် လေတိုက်နှုန်း (၇၂)ကီလိုမီတာ တိုးမြင့်လာကြောင်း သတင်းများအရ သိရသည်။

”Ida”သည် လူဝီစီယားနားပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားအပြင်းဆုံးမုန်တိုင်းများအနက် တစ်ခုဖြစ်ကြောင်း ကုန်းတွင်းပိုင်းသို့ မဝင်ရောက်မီ ၎င်း၏တိုက်ခတ်နှုန်းမှာ ယခင်က မကြုံစဖူးဖြစ်ကြောင်း ယင်းအုပ်ချုပ်ရေးမှူး John Bel Edwardsက ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ဟာရီကိန်းမုန်တိုင်း ”Ida” ကုန်းတွင်ပိုင်းသို့ မဝင်ရောက်မီ လူဝီစီယားနားပြည်နယ်နှင့် မစ္စစ္စပီပြည်နယ်ကို အရေးပေါ်အခြေအနေအဖြစ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ခွင့်ပြုခဲ့သည်။

လူဝီစီယားနားပြည်နယ်အပြင် တောင်ပိုင်းရှိအလာဘားမားပြည်နယ်၊ ဖလော်ရီဒါပြည်နယ်နှင့်မစ္စစ္စပီပြည်နယ်ရှိ အချို့ဒေသများတွင် ”Ida”၏ရိုက်ခတ်မှုကို ခံရမည်ဖြစ်ပြီး ရေကြီးရေလျှံခြင်း၊လေဆင်နှာမောင်း၊ မုန်တိုင်းဒီရေလှိုင်းစသည့် ဘေးဒုက္ခများနှင့် ကြုံတွေ့ရနိုင်ကြောင်း အမေရိကန် မိုးဇလ ဌာနက သတိပေးပြောကြားခဲ့သည်။ မစ္စစ္စပီပြည်နယ်တွင် ဩဂုတ် ၂၉ ရက်က ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများအရ သိရသည်။

”Ida”ကုန်းတွင်းပိုင်းသို့ မဝင်ရောက်မီ မက္ကဆီကို ပင်လယ်ကွေ့ရှိ အမေရိကန်နိုင်ငံ၏ ရေနံထုတ်လုပ်မှု (၉၅)ရာခိုင်နှုန်းကျော်ကို ရပ်နားထားပြီး ရေနံထုတ်လုပ်ရေးပလက်ဖောင်းရှိ အလုပ်သမားဝန်ထမ်း (၂၈၈)ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း အမေရိကန်လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဗျူရို(BSEE)၏ သတင်းများအရ သိရသည်။ စွမ်းအင်ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ ဟာရီကိန်းမုန်တိုင်းကြောင့် ရေနံပံ့ပိုးမှုလျော့နည်းနိုင်သည့်အတွက် ဆီဈေးမြင့်တက်နိုင်ကြောင်း သိရသည်။

၂၀၀၅ ခုနှစ် ဩဂုတ် ၂၉ ရက်က ဟာရီကိန်းမုန်တိုင်း “Katrina” လူဝီစီယားနားပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ နယူးအော်လင်းစ်မြို့၏ ကမ်းရိုးတန်းရေထိန်းရေကာတာ ပြိုကျသွားပြီး အမေရိကန်နိုင်ငံ တောင်ပိုင်း ကပ်ဘေးဒဏ်သင့်ဒေသများ၌ လူပေါင်း (၁,၈၀၀)ကျော် သေဆုံးခဲ့ကြောင်း ၊ အမေရိကန် ဒေါ်လာဘီလီယံနှင့်ချီ ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့နောက် နယူးအော်လင်းစ်မြို့၏ရေဘေးကာကွယ်ရေးစနစ်ကို ကန်ဒေါ်လာ (၁၄)ဘီလီယံအကုန်အကျခံ အဆင့်မြှင့်တင်ခဲ့ရာ ယခု ”Ida”တိုက်ခတ်မှုက ယင်းစနစ်အတွက် ပြင်းထန်သည့် စမ်းသပ်မှုဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————–
(Chinese Version)
(国际)四级飓风“艾达”登陆美国路易斯安那州
2021-08-30 07:01:28
新华社休斯敦8月29日电(记者徐剑梅)四级飓风“艾达”29日登陆美国南部路易斯安那州,最大持续风速达每小时约240公里,带来危及生命并可能引发洪水的狂风暴雨和风暴潮。
综合美国气象部门和媒体报道,“艾达”于当地时间29日中午在路易斯安那州富尔雄港附近登陆,港口一些建筑屋顶被掀掉。电力监测网站实时数据显示,“艾达”已导致路易斯安那州45万户家庭和企业断电。美国地质调查局说,“艾达”使自北向南流入墨西哥湾的密西西比河在该州新奥尔良市附近“极其罕见地”出现倒流。
据报道,“艾达”是历史上袭击美国大陆的第五大飓风,28日深夜至29日凌晨其最大持续风速在5小时内增加了72公里。路易斯安那州州长约翰•爱德华兹29日表示,“艾达”是在该州登陆的“最强风暴之一”,登陆前增强速度“前所未有”。
“艾达”登陆前,美国总统拜登已批准路易斯安那州和密西西比州进入紧急状态。
美国气象部门警告说,除路易斯安那州外,南部的亚拉巴马州、佛罗里达州和密西西比州部分地区也将遭到“艾达”冲击,面临洪水、龙卷风、风暴潮等灾害。据报道,密西西比州部分地区29日已经发生洪水。
另据美国安全与环境执法局消息,“艾达”登陆前,美国在墨西哥湾95%以上的石油生产已经关停,288个油气生产平台的工作人员被疏散。据能源专家预测,飓风导致石油供应减少,可能会推高油价。
2005年8月29日,飓风“卡特里娜”登陆路易斯安那州,冲垮新奥尔良市的防波堤,导致美国南部受灾地区逾1800人死亡,造成上千亿美元损失。新奥尔良防洪系统此后斥资140亿美元升级,这次“艾达”来袭对其构成严峻考验。(完)
图说1:8月29日,在美国路易斯安那州摩根城,一棵大树被飓风吹倒。新华社发(尼克•瓦格纳摄)
图说2:8月29日,在美国路易斯安那州摩根城,一棵棕榈树在大风中摇摆。新华社发(尼克•瓦格纳摄)
图说3:8月29日,在美国路易斯安那州摩根城,大风吹动残破的广告牌。新华社发(尼克•瓦格纳摄)