Connect with us

Africa & Middle East

အစ္စရေးက တိုက်လေယာဉ်များဖြင့် ဂါဇာဒေသရှိ ဟားမက်စ် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်

ပါလက်စတိုင်းတို့က မေ ၂၃ ရက်၌ ဂါဇာမြို့တွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြိုကျသွားသည့် အဆောက်အဦအား ကြည့်ရှုနေစဉ်(ဆင်ဟွာ)

ဂျေရုဆလင် ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ တိုက်လေယာဉ်များသည် ဇူလိုင် ၃ ရက်တွင် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ၏ ဂါဇာဒေသရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် သေဆုံးဒဏ်ရာရရှိမှုစာရင်း မထွက်ပေါ်လာသေးကြောင်း သိရှိရသည်။အစ္စရေးနိုင်ငံ စစ်ဘက်ဆိုင်ရာ က ဇူလိုင် ၃ ရက်၌ ထုတ်ပြန်သည့် ကြေညာချက်တွင် အစ္စရေးနိုင်ငံ တိုက်လေယာဉ်များက ယင်းနေ့တွင် ဟားမက်စ်၏ စစ်လက်နက်စက်ရုံ တစ်ရုံ နှင့် ဒုံးကျည်ပစ်လွှတ်သည့် စခန်းတစ်ခုအား ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်ခဲ့ကြောင်း ၊ထိုသို့ဗုံးကြဲရခြင်းမှာ ဂါဇာဒေသ မှ အစ္စရေးနိုင်ငံဘက်သို့ မီးလောင်ကျွမ်းနိုင်သော ကိရိယာများတပ်ဆင်ထားသည့် မိုးပျံပူဖောင်းများ အဆက်မပြတ် လွှတ်တင်ခဲ့သောကြောင့် ဖြစ်ကြောင်း ဆိုသည်။

အစ္စရေးနိုင်ငံ သတင်းမီဒီယာ၏ ဖော်ပြချက်အရ ဂါဇာဒေသ မှ လွှတ်တင်လိုက်သည့် မီးလောင်စေသည့် မိုးပျံပူးဖောင်းများကြောင့် ဇူလိုင် ၃ ရက်တွင် အစ္စရေးနိုင်ငံ တောင်ပိုင်းဒေသ၌ မီးလောင်ကျွမ်းမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်းသတင်းမီဒီယာ၏ ဖော်ပြချက်အရ အစ္စရေးစစ်ဘက်ဆိုင်ရာက ဇူလိုင် ၃ ရက်၌ ဂါဇာမြို့အနီးရှိ နေရာနှစ်ခုအား ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု စာရင်းမထွက်ရှိသေးကြောင်း ဆိုသည်။

သတင်းဖော်ပြချက်များအရ ယခုအကြိမ် အစ္စရေးနိုင်ငံမှ လေကြောင်းတိုက်ခိုက်မှုဆောင်ရွက်ခြင်းသည် မေ ၂၁ ရက်၌ ဟားမတ်စ် နှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် စတုတ္ထအကြိမ်မြောက် လေကြောင်း တိုက်ခိုက်မှုဖြစ်ကြောင်း ၊ ယခုနှစ် မေ ၁၀ ရက်မှ စတင်၍ အစ္စရေးနိုင်ငံ နှင့် ဂါဇာဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်း များအကြား ဆိုးရွားသည့် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ၁၁ ရက်အကြာ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသော အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ရပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ အလွန်အလေးထားစောင့်ကြည့်မှုကို ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)

(国际)以色列战机空袭加沙地带哈马斯军事目标

新华社耶路撒冷7月3日电(记者吕迎旭 尚昊)以色列战机3日对巴勒斯坦伊斯兰抵抗运动(哈马斯)位于加沙地带的军事目标进行了轰炸,目前尚无人员伤亡的报告。

以色列军方3日在一份声明中说,以军战机当天空袭了哈马斯一家兵工厂和一处火箭弹发射基地,以报复加沙地带持续向以色列放飞带有燃烧装置的气球。

据以色列媒体报道,从加沙地带放飞的带有燃烧装置的气球当天在以南部引发火灾。
另据巴勒斯坦“瓦法”通讯社报道,以军当天空袭了位于加沙城附近的两处目标。目前尚无人员伤亡的报告。

据报道,这是5月21日以色列与哈马斯达成停火协议以来,以军对加沙地带发动的第四次空袭。今年5月10日起,以色列与加沙地带武装组织爆发严重冲突,持续11天的冲突导致数千名平民伤亡,引发国际社会严重关切。(完)

Photo
5月23日,巴勒斯坦人在加沙城望着遭以军空袭损毁的贾拉塔。新华社发(里泽克•阿卜杜勒•贾瓦德摄)