Connect with us

Asia

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားအလယ်ပိုင်းတွင် လူ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိ

အောက်တိုဘာ ၁၈ ရက်က ဂိုလန်ကုန်းမြင့်၌ အစ္စရေးစစ်သားများ စစ်ရေးလေ့ကျင့်နေစဉ်(ဆင်ဟွာ)

ဒမတ်စကတ်၊နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံ အလယ်ပိုင်းတွင် လူ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား သတင်းအေဂျင်စီက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အစ္စရေးသည် ထိုနေ့နံနက်အစောပိုင်းတွင် ဆီးရီးယားအလယ်ပိုင်းရှိ အချို့နယ်မြေများကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီး ဆီးရီးယားလေကြောင်းကာကွယ်ရေးစနစ်က ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ဆီးရီးယားစစ်တပ်၏ ပြောကြားချက်ကို ကိုးကား၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။အဆိုပါ အစီရင်ခံစာအရ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ အရပ်သားများဖြစ်ပြီး ဒဏ်ရာရရှိသူများတွင် အရပ်သား ၁ ဦးနှင့် စစ်သား ၆ ဦးပါဝင်ပြီး အဆောက်အဦအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

မကြာမီကာလက အစ္စရေးသည် ဆီးရီးယားနယ်မြေအတွင်းရှိ ပစ်မှတ်များကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားပြီးနောက် အစ္စရေးစစ်တပ်သည် အီရန်စစ်တပ်၏ စခန်းများကို တိုက်ခိုက်ခြင်းဟူသော အကြောင်းပြချက်ဖြင့် ဆီးရီးယားရှိ ပစ်မှတ်များကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ဆီးရီးယားတွင် အီရန်တပ်များ တပ်စွဲထားသည့်ပြောကြားချက်အပေါ် ဆီးရီးယားနှင့် အီရန်အစိုးရနှစ်ဖက်စလုံးက ငြင်းဆိုထားကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(国际)以色列空袭叙利亚中部致2死7伤

新华社大马士革11月24日电据叙利亚通讯社24日报道,以色列当天空袭叙中部地区,造成2人死亡,7人受伤。
据叙通社援引叙军方消息报道,当天凌晨以色列向叙中部地区“部分地点”发动导弹袭击,叙防空系统进行拦截并击落大部分导弹。 报道说,死者均为平民,伤者中包括1名平民、6名士兵,另有部分设施受损。
近一段时期,以色列多次空袭叙利亚境内目标。 叙利亚内战爆发后,以军曾多次以打击伊朗军事设施为由空袭叙利亚境内目标。 叙利亚和伊朗政府均否认伊朗在叙有驻军。 (完)