Connect with us

Science & Technology

အဏ္ဏဝါရေနက်ပိုင်းသုံး လူတင်ရေငုပ်ယာဉ် Fendouzhe (Striver)ကို ပုံမှန် သိပ္ပံသုတေသန စူးစမ်းလေ့လာမှုတွင် တရားဝင် အသုံးပြု

ထန့်စော၁၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကိုယ်တိုင်တီထွင်ထုတ်လုပ်ထားသည့် အဏ္ဏဝါရေနက်ပိုင်းသုံး လူတင်ရေငုပ်ယာဉ် Fendouzhe (Striver)ကို ယခုရက်ပိုင်း Mariana သမုဒ္ဒရာချောက်၌ပုံမှန် သိပ္ပံသုတေသန စူးစမ်းလေ့လာမှုများတွင် တရားဝင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။TS21ခရီးစဉ် ပင်လယ်ရေနက် သိပ္ပံသုတေသန တာဝန်ကို ဆောင်ရွက်ရန်အတွက် Fendouzhe (Striver)ကို Tansuo-1 သိပ္ပံသုတေသနဆိုင်ရာ သင်္ဘောပေါ်တွင် တင်ဆောင်၍ ယခုနှစ် ဩဂုတ် ၁၁ ရက်က တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမှ စတင်ထွက်ခွာခဲ့ရာ လက်ရှိတွင် တာဝန်များပြီးဆုံး၍ အပြန်လမ်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဏ္ဏဝါရေနက်ပိုင်းရောက် လူတင်ရေငုပ်ယာဉ် Fendouzhe (Striver)အား တွေ့ရစဉ်(ဆင်ဟွာ)

Mariana သမုဒ္ဒရာချောက်၏ အနက်ဆုံးနေရာ”Challenger Deep”သို့ ရေငုပ် လေ့ကျင့်ခန်းလုပ်ရာတွင် Fendouzhe (Striver)သည် ပစ်မှတ်များကို ရှာဖွေခြင်းနှင့် မြေပြင်ထောက်လှမ်းခြင်း၊ ပင်လယ်ကြမ်းပြင်ရှိ အနည်များ၊ ကျောက်များနှင့် ဇီဝနမူနာများကို စုဆောင်းခြင်း၊ နမူနာထည့်ထားသည့်နေရာတွင် ပင်လယ်တွင်း စမ်းသပ်ခြင်း စသည့် လေ့ကျင့်ခန်းများကို လုပ်ဆောင်နိုင်ခဲ့ကြောင်း တရုတ်သိပ္ပံအကယ်ဒမီ ရေနက်သိပ္ပံနှင့်အင်ဂျင်နီယာအင်စတီကျု သုတေသနဌာန ပညာရှင်၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။

အဏ္ဏဝါရေနက်ပိုင်းရောက် လူတင်ရေငုပ်ယာဉ် Fendouzhe (Striver)အား တွေ့ရစဉ်(ဆင်ဟွာ)

Fendouzhe (Striver)ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက ”Challenger Deep”တွင် လူတင်ဆောင် ရေငုပ်စမ်းသပ်မှုပြုလုပ်ခဲ့ရာ သမုဒ္ဒရာအနက် ၁၀,၉၀၉ မီတာတွင် အောင်မြင်စွာသွားလာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါရေယာဉ်၏အလေးချိန်သည် ၃၆ တန်ခန့် ရှိပြီး သတ်မှတ်ချက်အရ လူ ၃ ဦး တင်ဆောင်နိုင်ကြောင်းသိရသည်။ ယင်းရေယာဉ်မှာ လေ့လာစောင့်ကြည့်ခန်း ၃ ခန်း၊ စက်ရုပ်လက်တံ ၂ ခု၊ ကင်မရာ ၇ လုံးနှင့် ဆိုနာ စက်ကိရိယာ ၇လုံးပါရှိ တိုင်လုံးသဏ္ဍန်ရှိ အနည်ထိုင်နမူနာများကို ရယူနိုင်သည့် ကိရိယာ၊ မက်ခရိုဇီဝနမူနာစုပ်ယူကိရိယာ၊အပူထိန်း ဇီဝသေတ္တာ၊ ဟိုက်ဒရောလစ်တူးဖော်ဖြတ်တောက်စက် စသည့် စက်ကိရိယာများပါဝင်ရာ မီတာ ၁ သောင်းရှိ ပင်လယ်သမုဒ္ဒရာကြမ်းပြင်တွင် ၆ နာရီထက်မနည်း လေ့ကျင့်ခန်းလုပ်ဆောင်နိုင်ကြောင်း သိရသည်။ (Xinhua)

——————————————————
(Chiese Version)

(科技)全海深载人潜水器“奋斗者”号正式投入常规科考应用

新华社“探索一号”10月6日电(记者陈凯姿)我国自主研发的全海深载人潜水器“奋斗者”号,近日已在马里亚纳海沟正式投入常规科考应用。
“奋斗者”号由“探索一号”科考船搭载,今年8月11日从海南三亚出发,参与执行TS21航次深海科考任务,目前已在返航途中。
据中国科学院深海科学与工程研究所专家介绍,在马里亚纳海沟“挑战者深渊”下潜作业期间,“奋斗者”号开展了利用测深侧扫设备进行目标搜寻及地形探测、采集深渊海底沉积物、岩石和生物样本、搭载沉积物保压取样装置海试等作业任务。
“奋斗者”号曾于2020年11月在“挑战者深渊”开展载人下潜海试,并成功坐底10909米。该潜水器重约36吨,额定载员3人,设置3个观察舱和两个机械臂,装配7台摄像机和7部声呐设备,还配备柱状沉积物取样器、宏生物吸取装置、保温生物箱、液压钻切一体机等作业工具,可在万米海底连续作业时间不低于6小时。(完)
图说1:这是“奋斗者”号(资料照片)。 新华社发(中国船舶集团供图)